သစ္စာအဓိဌာန် VOW
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သစ္စာအဓိဌာန် The Oath Of The National League For Democracy
၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။ 1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီအရေးတော်ပုံ ခေတ်အဆက်ဆက်တွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။ 2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ 3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲ ၀င်သွားရန် သစ္စာအဓိဌာန်ပြုပါသည်။ 4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.
ဂျပန်ဘာသာဖြင့် ကြည့်ရှု့ရန် See Japanese
ဂျပန်ဘာသာဖြင့် See Japanese
အင်္ဂလိပ်ဘာသာဖြင့် ကြည့်ရှု့ရန် See English
အင်္ဂလိပ်ဘာသာဖြင့် See English
ရွှေခမောက်သတင်းစဉ် ကြည့်ရှု့ရန် See Shwe Khamauk News
အမှတ်(၈၇)
အမှတ်(၈၆)
Activity Video
About Us ဆက်သွယ်ရန်
Soe Moe Naing
Editor & Webmaster soemoenaing_jp@yahoo.com
Zayar Min Tun
Deputy Editor zayarmintun@yahoo.com
Htun(Ko Pwar)
Photo Editor
Kay Thi Thein
Japanese Website Editor
U Min Gaung Kyaw
Video Editor
Zayar Win
News Editor & Office Staff
တတိယလူ .... ?
Sunday, 30 August 2009
ယက်ထော တယောက် သူရဲ့ ရည်မှန်းချက် ပြည့်မြှောက် သွားခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လည်း သူ အလိုရှိရာ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက် ထိန်းသိမ်းထားနိုင် ခဲ့တဲ့ အတွက် အခွင့်အရေး တခုကို အောင်မြင်သော် ခြေတလှမ်း အဖြစ် ချနင်းခွင့်ကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်အဖြစ် ဆက်လက်ထားရှိ နိုင်ခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး က ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးကို အရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေး နှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ တဦးအပေါ် တဦး အာဃတများ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် ရည်စူး၍ မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည် အပေါ် စာနာထောက်ထား ညှာတာမှု ပြုခဲ့သည်ဟု ဆိုကာ သူ၏ အမိန့်အား စကားလုံး လှလှလေးများ သုံးပြီး ကြိုတင်လက်ဦးမှု ရယူကာ ကြေညာခဲ့ပြီး၊ တရားရုံးတော်မှ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ် အမိန့်ချမှတ် လိုက်သည်ကို ပြည်သူများ စိတ်ဆိုး ဒေါသ မထွက်ကြစေရန်၊ နိုင်ငံတကာ၏ ဖိအားများအား လျော့ကျသွားစေရန် စစ်အစိုးရ လက်ထက် လုပ်ရိုးလုပ်စဉ် မဟုတ်သည့် အလုပ်တခုကို ကြိုတင်လက်ဦးမှု ရယူ ကြေညာနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ စကားလုံးလှလှ အမိန့်ကြောင့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အတွင်းတွင် မျှော်လင့်ချက် ရောင်ခြည် ရှိနေသေးသည်၊ ပြည်တွင်း ဒီမိုကရေစီ အင်အားစုများက စောင့်ကြည့် ရအုံးမည်ဟု ဆိုလာ ချေသည်။ ထို့အတူ လုံခြုံရေး ကောင်စီဝင် တရုတ်၊ ရှရှား၊ ဗီယက်နမ် တို့ကလည်း မြန်မာ နိုင်ငံ၏ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုရန်၊ မြန်မာနိုင်ငံ၏ တရားဥပဒေကို လေးစားရန်၊ ဆိုသည့် စကားလုံးများဖြင့် မြန်မာ စစ်အစိုးရလုပ်ရပ်များ အပေါ် ကာကွယ်ရန် ပေးသွား ပြန်ပြီ ဖြစ်သည်။ ထို့ကဲ့သိုသော အခြေအနေတွင် ပြည်တွင်း ပြည်ပ အတိုက်အခံ အင်အားစုများ ဘာဆက်လုပ် ကြမည်နည်း၊ မြန်မာစစ်အစိုးရ၏ စကားလုံးလှလှ ပရိယာယ်ဆင်ထားသော လမ်းစဉ်ကြောင့် အနှစ် ၂၀ ကျော်ခဲ့ပြီ၊ ပြည်သူများလဲ ဆင်းရဲမှုဒဏ်၊ ငတ်မွတ်မှုဒဏ်၊ တိုင်းတပါးတွင် ကျွန်သဘောက် ဘဝ သို့ မျှော်လင့်ချက် ရောင်ခြည် စောင့်စားယင်း ကယ်တင်သူမဲ့ ဘဝကို ရောက်နှင့် နေကြပြီ ဖြစ်တော့သည်။ အဆိုးဆုံး အခြေအနေမှာ နိုင်ငံတနိုင်ငံ ၏ ရာဇဝတ် ပြစ်မှုတခုကို ကျူးလွန်သူအား အပြစ်တို့မှ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိစေခဲ့ပြီး၊ လူသားချင်း စာနာထောက်ထားသည် မြန်မာလူမျိုးတို့၏ ဧည့်သည်အပေါ် သနားသက်ညှာသည် ဟု ခုတုံးများလုပ်ကာ ပြစ်ဒဏ်ချမှတ် ခံခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော် အခြေအနေတွင် ကုလသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာ အစိုးရများ ဝမ်းနည်းလှပါသည်၊ မြန်မာ စစ်အစိုးရ၏ လုပ်ရပ်အတွက် ဒေါသ ထွက်ရပါသည်၊ နိုင်ငံတကာမှ ပြစ်ဒဏ်ခတ်သော အမှုမျိုးစုံကို တိုးမြှင့် လိုက်ပါသည် ဟူသော သင်္ကြန်အမြောက်ကဲ့သို့ အဆံ မပါသော ကြေညာချက်များ၊ အရေးယူမှုများ ဖြင့်သာ သူတို့၏ အမျိုးသား ကိုယ်ကျိုးစီးပွားကို အခြေခံကာ လုပ်ဆောင် နေကြဆဲပင် ဖြစ်တော့သည်။ ထိုနည်းတူ ပြည်ပရောက် မြန်မာ အတိုက်အခံများ ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသော စကားလုံးများ တွင်တွင်ပြော၊ ငြိမ်းချမ်းရေး လမ်းစဉ်၊ စသည့် စသည့် အပ်ကြောင်းထပ် စကားလုံးများကို သုံးစွဲကာ အလှူရှင်တွေ ရဲ့ ဆန္ဒအတိုင်း၊ ညီလာခံတွေလုပ်၊ အစည်းဝေးတွေ လုပ်ပြီး တကယ်တမ်း လုပ်ဆောင်နိုင်သည့် တိကျမှန်ကန် သည့် လုပ်ဆောင်မှု မပါဘဲ အလှူရှင် အလိုကျ လုပ်ဆောင်ပြီး၊ အဖွဲ့အစည်း အသီးသီးမှာ ရယူထားရှိတဲ့ ရာထူးရာခံကို ဘန်းပြပြီး၊ ပြည်တွင်းမှ စစ်အစိုးရ ဆန်ကျင့် တိုက်ပွဲ ဝင်နေသူတွေကို အားမလို အားမရ မစားရဝခမန်း ပြောဆို ဝေဖန်၊ သမုတ်ပြီး၊ မိမိ အပေါ်ဝေဖန် ပြောဆိုလာမှုတွေကို မူဝါဒတွေ၊ စည်းမျည်းတွေဖြင့် ထောက်ပြ ထိန်းချုပ်ကာ အမှန်တကယ် လုပ်ဆောင်နိုင်မည့် အင်အားစုများကို တာဆီး ဆန့်ကျင် ပိတ်ဆို့ အပြစ်တင်ခြင်းများ လုပ်ဆောင်နေခြင်း၊ စစ်အစိုးရ လုပ်ဆောင်သည့် လုပ်ငန်းစဉ်များ နှင့် အပြိုင် နောက်မှလိုက်၍ ဆောင်ရွက်နေခြင်း ( ဆိုလိုသည်မှာ ပြည်ပရောက် အတိုက်အခံ အင်အားစုသည် ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန် မရှိဘဲ စစ်အစိုးရက အမျိုးသားညီလာခံ လုပ်လျှင် စင်ပြိုင်ညီလာခံ၊ အခြေခံဥပဒေ ဆိုလျှင် စင်ပြိုင်ညီလာခံ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုရင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုအတိုင်း နောက်မှ လိုက်၍ လုပ်ဆောင်နေခြင်း၊ စစ်အစိုးရအား ရှေ့မှဦးဆောင်ကာ ဖိအားပေးနိုင်မည့် အစီအစဉ် မရှိခြင်း ) သည် နောက်ထပ် နှစ်ပေါင်း ၂၀ကျော် မြန်မာ စစ်အစိုးရအား သက်ဆိုးရှည်အောင်၊ အစီအစဉ်တကျ လုပ်ဆောင် နိုင်အောင် စစ်အစိုးရ အခွင့်အရေး ပေးနေခြင်းသာ ဖြစ်လေသည်။ ဂျွန်ဝီလျံယက်တော အား အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ပြန်လည် ခေါ်ယူ သွားခဲ့ပြီဖြစ်သည်။ မစ္စတာ ဂျင်မ်ဝက်ဘ် မည်သည့် အတွက်ကြောင့် မြန်မာနိုင်ငံအား လာရောက် ခဲ့ပါသနည်း၊ မစ္စတာ ဂျင်မ်ဝက်ဘ် နှင့် ဂျွန်ဝီလျံယက်တော မည်ကဲ့သို့ ယခင်က အဆက်အစပ် ရှိခဲ့ပါသလား၊ မစ္စတာ ဂျင်မ် ဝက်ဘ် အား မြန်မာစစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည် အမှုပြီးမည့် အချိန်နှင့် ကိုက်၍ တမင်ဖိတ်ကြား ခဲ့ပါသလား၊ သို့မဟုတ် တစုံတယောက် က အချိန်ကိုက်၍ စီမံထားခဲ့ကာ စေလွှတ်ခဲ့ပါသလား၊ မစ္စတာ ဂျင်မ် ဝက်ဘ် ဟာ ၂၀၀၁ ခုနှစ် ဝန်းကျင်က မြန်မာနိုင်ငံ ကို စီးပွားရေးကိစ္စများ အတွက်ဆိုကာ သွားရောက်ပြီး ဆွေးနွေးခဲ့ဘူးရာ၊ ထိုကိစ္စ နောက်ကွယ်တွင် မြန်မာစစ်အစိုးရ နှင့် ရင်းနှီးမှု အတိုင်းအတာ မည်မျှထိ ရှိခဲ့ပါသလဲ၊ မစ္စတာ ဂျင်မ်ဝက်ဘ် သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် နီးစပ်သည်ဟု နာမည်ကြီးနေသည့် ဦးတေဇ နှင့် အမှန်တကယ် ရင်နှီးသည် ဆိုမှာ မည်မျှ အတိုင်းအတာ အထိ ရှိခဲ့ပါသလဲ။ စသည် စသည် တို့ဖြင့် ... တတိယလူ ၏ ပုံရိပ်ကို ဖေါ်နေမိသည်။ မစ္စတာ ဂျင်မ်ဝက်ဘ် သည့် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လို မြောက်ကိုရီးယားတွင် အဖမ်းခံရသည့် ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသား သတင်းထောက်များ လွတ်မြောက်ရေး အတွက် ကြိုးပမ်း အောင်မြင်မှုကို အားကျခဲ့၍ ကြိုးစား ခဲ့ပါသလား၊ မစ္စတာ ဂျင်မ်ဝက်ဘ် သည် စီးပွားရေး သမားပီပီ မြန်မာနိုင်ငံ နှင့် စီးပွားရေး ဆက်ဆံမှုများ ပြန်လည် ပြုလုပ်ရန် လာရောက်ခဲ့ပါ သလား၊ ထို့အပြင် အမေရိကန် နိုင်ငံသည် တိုင်းတပါးတွင် ရာဇာဝတ်မှု ကျူးလွန်သူ မိမိနိုင်ငံသားများ အား အကာအကွယ် ပေးကာ လွတ်ငြိမ်း ချမ်းသာခွင့် ရရန် အကူညီပေး ပါသလား၊ စသည့် မေးခွန်းများ အပြင် မစ္စတာ ဂျင်မ်ဝက်ဘ် ၏ ဂျွန်ဝီလျံ ယက်တော အား ခေါ်ဆောင် သွားခဲ့ခြင်းသည် မြန်မာပြည်သူများ နှင့် မြန်မာပြည်သူတို့ ၏ ဆန္ဒနှင့် ရည်မှန်းချက်များ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေသူများအား စော်ကားသည့် လုပ်ရပ်တခုအဖြစ် သတ်မှတ်မည် ဆိုပါက မှန်ကန်မည်ဟု ဆိုနိုင်ပါ သလား၊ ထို့အတူ မစ္စတာ ဂျင်မ်ဝက်ဘ် သည် မိမိ၏ သံရေး သံတမန်ရေး အခွင့်အလမ်း ကို အချက်ကျကျ ပိုင်ပိုင်နိုင်နိုင် ရယူခဲ့သည် ဆိုပါက မည်သည့်အတွက် မိမိ၏ နိုင်ငံသားကြောင့် ဒုက္ခရောက်သွားရသူ အတွက် ဦးစားပေး မတောင်းဆိုဘဲ၊ မိမိနိုင်ငံသား လွတ်မြောက်ရေး အတွက် ကျိုးပမ်းခဲ့မှုသည် မှန်ကန်သည့် လုပ်ရပ်ဟု ဆိုနိုင်ပါမည်လား ဆိုသည့် မေးခွန်းများပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်း အတွင်း ရေကူး၍ ကျူးကျော် ၀င်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော ကိစ္စကို နိုင်ငံတကာ နှင့် ပြည်သူများက မြန်မာစစ်အစိုးရ တမင် အကွက်ဆင် ကြံစည်ခဲ့သည် ဟု ယုံကြည်ထားပြီး ဖြစ်သည် နှင့် အညီ၊ ဒေါ်အောင်းဆန်းစုကြည် နှင့် အတူ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမ တို့ကိုလည်း အင်းစိန် အထူးတရားရုံးက ပြစ်မှုကျူးလွန်သည့် အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့သည်။ ပြစ်မှုကျူးလွန်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် အနာဂတ် မြန်မာ့ နိုင်ငံအရေးတွင် ပါဝင်ရန် အဟန့်အတား တခု ဖြစ်ခဲ့ရလေပြီ ဖြစ်သည်။ မြန်မာ စစ်အစိုးရ အား အတိုက်အခံ ပြုနေသူများသည် ယခုကဲ့သို့ စစ်အစိုးရ ၏ ဒေါ်အောင်းဆန်းစုကြည် အပေါ် အောင်မြင်စွာ စီမံကိန်းချ လုပ်ဆောင် ခဲ့ခြင်း အပေါ် ထိရောက်စွာ တုံ့ပြန့် နိုင်စွမ်း မရှိခြင်းတို့ ကြောင့်၊ မြန်မာ စစ်အစိုးရ သည် ၎င်း တို့ အလိုရှိရာ ကိစ္စရပ်တိုင်း လုပ်ဆောင်ရန် အခွင့်အရေး ရပြီ ဟု ဆိုကောင်း ဆိုနိုင်သော်လည်း၊ ယခုကဲ့သို့ ရာဇဝတ်မှု ကျူးလွန်သူအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးနိုင်သည့် မြန်မာ စစ်အစိုးရသည်၊ သူတို့ ပြောခဲ့သည့် လွတ်လပ်ရေးကို အရ ယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေး နှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ တဦးအပေါ် တဦး အာဃတများ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် ဆိုသည့် ဝေါဟာရ စကားလုံးများ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိစ္စအား မည်သို့ မည်ပုံ ဆက်လက် လုပ်ဆောင် သွားမည်၊ မြန်မာပြည်သူများ ၏ စိတ်ဆိုး ဒေါသများ မှ ပေါက်ကွဲ လာနိုင်မည့် အခြေအနေများ နှင့် နိုင်ငံတကာမှ တိုးမြှင့်လာနေသည့် ဖိအားများ မည်သို့ မည်ပုံ ဖြေရှင်းသွားမည် ဆိုမှာ စိတ်ဝင်စားတခုပင် ဖြစ်ပေသည်။ ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှား သူများ၏ မဲပြာပုဆိုး လမ်းစဉ်အတိုင်း ဆက်သွားမည် ဆိုပါက စစ်အစိုးကျ အလိုကျ စီမံနေသည့် လုပ်ငန်းစဉ်များအား ပြီးပြည့်စုံအောင်၊ ဆက်လက် လုပ်ဆောင်နိုင်အောင် ပံပိုး ကူညီပေးသကဲ့သို့ ဖြစ်နေမည်သာ ဖြစ်ချေသည်။ ထိုအတွက် ထိရောက်ပြီး လက်တွေ့ဆောင်သည် လုပ်ငန်းစဉ်များ အတွက် ဂျွန်ဝီလျံယက်ထော အမှုတွင် စစ်အစိုးရ၏ နောက်ကွယ်များမှ ညင်သာစွာ ကြိုးကိုင်နေသော တတိယလူ ဘယ်သူလည်း ဆိုသည့် ကြိုမြင်သော ပစ်မှတ်အသစ် ရှာဖွေရင်းနဲ့ပဲ ……. ။ ဆောင်းပါး။ ။ လူထုအသံ အွန်လိုင်းဂျာနယ်မှ
posted by Anonymous @ 06:14
Aung San
Name: အာလူးလေး
Home:
About Me:
See my complete profile
Previous Post
Archives
Links
Blog Links
Burma Cyclone
Powered by