ဆေးဖြင့်ရောဂါတို့ကိုဆေးကြောအံ့ (သို့) သုခ ကုသိုလ်ဖြစ်ဆေးခန်း
နာရေး ကူညီမှုအသင်းအနေဖြင့် ကျန်ရစ်သူမိသားစုတို့၏ သောက ပရိဒေဝမီးများကို တဖက်တလမ်းမှ ဖြေသိမ့် ကူညီပေးခဲ့သည်မှာ နှစ်ရှည်ကာလတစ်ခုသို့ ရောက်ခဲ့ပြီး ဖြစ်ပါသည်။
သေရေး ကိစ္စကို အကူအညီပေး အကူအညီပေးခဲ့ကြသကဲ့သို့ ရှင်သူအတွက်လည်း တတ်စွမ်းသမျှဝိုင်းဝန်း ကူညီလိုကြပါသဖြင့် (ပထမ) နှစ်ပတ်လည် အခမ်းအနားတွင် ဆေးကူညီမှု ကော်မတီကိုတိုးချဲ့ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ်၊ ဧပြီလ (၇)ရက် ကမ္ဘာ့ကျန်းမာရေးနေ့မှစ၍ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ မိခင် နှင့် ကလေးဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ စံပြဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဓီ)ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင့်တိုင်) ဆေးရုံကြီး စသည်ပြည်သူ့ဆေးရုံကြီး(၆)ရုံတွင်.......
၁။ ချို့တဲ့နွမ်းပါး၍ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သောကိုယ်ဝန်ဆောင်မိခင်များကို ခွဲစိတ်ကုသ ပေးခြင်းဖြင့် တစ်ကြိမ်တည်းတွင် နှစ်သက် ကယ်တင်ရသော ကုသိုလ်၊
၂။ မည်သည့်ရောဂါမဆို ကျား/မ မရွေးရုတ်တရက် ခွဲစိတ် ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါးလူနာများအား ခွဲခန်းစရိတ် လှူဒါန်းရသော ကုသိုလ်၊
၃။ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်ကုသပေးခြင်း နှင့် အထွေထွေရောဂါကုဆရာဝန် များအပြင်၊ အရိုးအကြော၊ အရေပြား၊ ကင်ဆာ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ သမားတော်ကြီးများနှင့် သွားရောဂါဆရာဝန်များက အလှည့်ကျကြည့်ရှုကုသပေးလျှက်ရှိခြင်း၊
၎။ အပ်စိုက်ကုသလိုသော လူနာများအား အပ်စိုက်ဆရာများမှ အပ်စိုက်ကုသပေးခြင်း အပြင် ECG, USG ဓါတ်မှန် ရိုက်သင့်သူ လူနာများအား စီစဉ်ဆောင်ရွက်ပေးခြင်း၊
၅။ ကုသပေးသော ဆရာဝန်များ၏ ညွန်ကြားချက်ဖြင့် ဓါတ်ခွဲခန်းမှ ရောဂါရှာဖွေ ဓါတ်ခွဲစမ်းသပ်ပေးခြင်း၊
၆။ သွေးလိုအပ်သော လူနာများအား သွေးလှူရှင်နှင့် ချိတ်ဆက်လှူဒါန်းခြင်း၊
၇။ အရေးပေါ်အောက်ဆီဂျင်လိုအပ်သော လူနာများအား အောက်ဆီဂျင်ဘူး ငှါးရမ်းခြင်း၊
၂၀၀၇ ခုနှစ်၊ မတ်လ(၂)ရက်နေ့ သုခကုသိုလ်ဖြစ်ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အထိ စေတနာရှင်ဆရာဝန်ကြီးများ၏ ကူညီပံ့ပိုးမှုများကြောင့် စမ်းသပ်ခနှင့်ဆေးဘိုးငွေ ပေးသွင်းရန်မလိုပဲ
အခမဲ့ ကုသပေးလျှက်ရှိပါသည်။
သုခ ကုသိုလ်ဖြစ်ဆေးခန်း
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄