ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ် .. ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များအားလုံး ချက်ချင်းလွှတ်..နအဖ အခြေခံဥပဒေနှင့် ပြည်သူ့ဆန္ဒခံယူပွဲ အလိုမရှိ..
News Article Photo Poem Video Cartoon Music
သစ္စာအဓိဌာန်
VOW
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သစ္စာအဓိဌာန်
The Oath Of The National League For Democracy
၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီအရေးတော်ပုံ ခေတ်အဆက်ဆက်တွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲ ၀င်သွားရန် သစ္စာအဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.
ဂျပန်ဘာသာဖြင့် ကြည့်ရှု့ရန်
See Japanese
  • ဂျပန်ဘာသာဖြင့်
    See Japanese
  • အင်္ဂလိပ်ဘာသာဖြင့် ကြည့်ရှု့ရန်
    See English
  • အင်္ဂလိပ်ဘာသာဖြင့်
    See English
  • ရွှေခမောက်သတင်းစဉ် ကြည့်ရှု့ရန်
    See Shwe Khamauk News
  • အမှတ်(၈၇)
  • အမှတ်(၈၆)
  • Activity Video
    About Us
    ဆက်သွယ်ရန်
    Soe Moe Naing
    Editor & Webmaster
    soemoenaing_jp@yahoo.com
    Zayar Min Tun
    Deputy Editor
    zayarmintun@yahoo.com
    Htun(Ko Pwar)
    Photo Editor
    Kay Thi Thein
    Japanese Website Editor
    U Min Gaung Kyaw
    Video Editor
    Zayar Win
    News Editor & Office Staff
    သူ့ စကား မုသားကကြွယ်
    Monday 28 July 2008
    သူ့ စကား မုသားကကြွယ်
    မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျပန်သံအမတ်ဟောင်း မစ္စတာ ယာမဂုချိ ယိုအိချိသည် ၂၀၀၇ အောက်တိုဘာ ၁၁ရက်နေ့ထုတ်ဂျပန်အပတ်စဉ်ထုတ် မဂ္ဂဇင်း(Shukan Shinchuo)တွင် “ဒေါ်စုကြည်သည်“မျှော်လင့်ချက် ကြယ်ပွင့်” ဖြစ်သည်ဆိုသည့် မြန်မာနိုင်ငံသတင်းများမှာ မှားယွင်းနေပါကြောင်း” ဆောင်းပါးကိုရေးသားဖော်ပြ ထားသည်။ မစ္စတာယာမဂုချိ၏ ဆောင်းပါးသည် အမှန်တရားအားနည်းသည်ကိုတွေ့ ရပါသည်။ အမှန်တကယ်ဖြစ်ရပ် များမှသွေဖယ်နေသည်ကို သုံးသပ်ရှုမြင်ရပါသည်။ စစ်အစိုးရ၏အာဘော်များကိုထင်ဟပ်ထောက်ခံရေးသားခြင်း ၊ မြန်မာပြည်သူများဖတ်ရှုခြင်းမရှိသောစစ်အစိုးရ ထုတ်မိုးလုံးပြည့် မုသားများသာ ဖော်ပြသည့် အစိုးရပိုင်သတင်းမီဒီယာများ၏ရေးသားချက်များနှင့် ထပ်တူဖြစ် နေခြင်း ၊ မမှန်ကန်သောသတင်းအချက်အလက်များကိုအရှက်မရှိတင်ပြသည့်စစ်အစိုးရ၏သတင်းစာရှင်းလင်း ချက်များကို ကိုးကားခြင်းတို့ကြောင့် မစ္စတာ ယာမဂုချိသည် နအဖစစ်အစိုးရ၏အလိုရိအလား စစ်အစိုးရ၏ လာဘ်လာဘများကိုလက်ခံကာ အသုံးချခံအဖြစ်ရပ်တည်နေသည်ဟု သံသယပွါးစရာအချက်မှတပါး အခြားမ ရှိကြောင်း အလွန်ပင်ဝမ်းနည်းစွာ ဆန်းစစ်မိရပါသည်။ ၂၀၀၇ခုနှစ် သြဂုတ်လအတွင်းမှစတင်ခဲ့သော ငြိမ်းချမ်းစွာ မေတ္ကာဘက်ကာ လမ်းလျှောက်ဆန္ဒပြခဲ့မှုများသည် စစ်အစိုးရ အဆက်ဆက်၏ ၄၅နှစ်တာအတွင်း အာဏာရှင်ဆန်သည့်အုပ်ချုပ်ရေး ၊ ညံ့ဖျင်းသောစီမံကွပ်ကဲရေး ၊ ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ ဥပဒေမဲ့တရားစီရင်ရေး ၊ အုပ်ချုပ်သူတို့၏ အကျင့်ပျက်လာဘ် စားမှုများ စသည့်တို့ကြောင့် မြန်မာနိုင်ငံသားများစွာ နှစ်ရှည်ခံစားနေကြရသည့် လူမှုစီးပွါးရေးဆိုးရွားမှုများ ကိုအခြေပြု ၍ ပေါက်ဖွါးလာခြင်းဖြစ်ပါသည်။ မစ္စတာယာမဂုချိရေးသလို “မြန်မာနိုင်ငံ သံဃာများကို ဗဟိုထား ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများ” မဟုတ်ပါ ။ နိုင်ငံတကာမီဒီယာများဖော်ပြကြသည့်အတိုင်း စစ်အစိုးရ၏ဖိနှိပ် အုပ်ချုပ်မှုကြောင့် ပေါ်ပေါက်လာခဲ့သည့်ဆန္ဒပြပွဲများဖြစ် နိုင်ငံတကာမီဒီယာများက စစ်အစိုးရကို ဖိနှိပ်အုပ်ချုပ် မှု၏ သင်္ကေတအဖြစ် ဖော်ညွှန်းမီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။ ခေတ်မှီတိုးတက်လာသော သတင်းဆက်သွယ်ရေးနည်းပညာအရ မြန်မာနိုင်ငံတွင်းဖြစ်ပွါးခဲ့သော ဆန္ဒပြပွဲဖြစ် ရပ်မှန်များကိုသတင်းစာသားများသာမက ဖြစ်ရပ်မြင်ကွင်းများမှ ကိုယ်တွေ့ ပြောပြချက်များ ၊ ရုပ်သံမှတ်တမ်း များကိုပါ ကမ္ဘာ့ အင်တာနက် စာမျက်နှာ၊ဘလော့များတွင် မိနစ်ပိုင်းအတွင်း မျက်ဝါးထင်ထင် ကမ္ဘာ့အသိုင်း အ၀န်းက ရှုမြင်ခဲ့ကြရပါသည်။ ယင်းတင်ပြချက်များကို မြန်မာနိုင်ငံတွင်းမှ ကြေးစားသတင်းထောက်များသာ မက အမှန်တရားကိုချစ်မြတ်နိုးသော တာဝန်သိအပျော်တမ်းမြန်မာသတင်း ထောက်များကတင်ပြပေးပို့ကြခြင်းဖြစ်ပါသည်။ ဂျပန်ဗွီဒီယိုသတင်းထောက် နာဂအိ ခဲန်ဂျိ သေဆုံးရသည်နှင့်ပက်သက်၍ မြန်မာစစ်အစိုးရကို အမှုမှန်အမြန်ဖော်ထုတ်စစ်ဆေးအရေးယူပေးရန်တောင်းဆိုခဲ့ပါသည်။ စစ်အစိုးရက ယင်းသေဆုံးမှုမှာ မတော်တဆကျည်သင့် သေဆုံးခြင်းဖြစ်သည်ဟုသာတုန့်ပြန်ခဲ့ပါသည်။ ဂျပန်အစိုးရက လက်ထောက်နိုင်ငံခြားဝန်ကြီးကို ကိုယ်တိုင်သွားရောက်စုံစမ်းရန်စေလွှတ်ခဲ့ပါသည်။ ဂျပန်သံရုံးဝန်ထမ်းများအပါအ၀င်မျက်မြင်သက်သေများ၏ထွက်ဆိုချက်များ ၊ အခင်းဖြစ်ပွါးစဉ်က ဗွီဒီယို မှတ်တမ်းများ ၊ ဆေးစစ်တမ်းများအရ မစ္စတာနာဂအိသည် လက်တကမ်းမှချိန်ရွယ်၍ အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှသိရှိသွားခဲ့ကြပါသည်။ ထို့ကြောင့် ဂျပန်အစိုးရသည် မြန်မာနိုင်ငံကိုပေးရန်ရှိသော ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၇သန်းကိုရပ်ပစ်လိုက်ပါသည်။ အခြားထောက်ပံ့ငွေများဆက်လက်ပေးမှုကို ရပ်ဆိုင်းရန်လည်း ဂျပန်အစိုးရက စဉ်းစားနေဆဲဖြစ်ပါသည်။
    ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲရာတွင် စစ်အစိုးရက သူ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုအသုံးပြုလျက်ရှိပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များအဓိကလိုက်နာရမည့် စည်းကမ်းချက်မှာ “ အမိန့်နာခံမှု” ဖြစ်သည်ကို မစ္စတာယာမဂုချိ သတိထားမိမည်ဆိုလျှင် လက်နက်ကိုင်စစ်သားများသည် မိမိအလိုဆန္ဒအရ ပစ်ခတ်ပိုင်ခွင့်မရှိပဲ အထက်အမိန့်အရသာ ပစ်ခတ်ဖြိုခွင်းရခြင်းဖြစ် မစ္စတာယာမဂုချိ ရေးသားသည့် “အစိုးရမှပစ်မိန့်ပေးခဲ့သည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရာမရှိပါ” အပိုဒ်မှာ လုံးဝအဓိပယ်မဲ့နေပါပြီ။ မန္တလေးတွင် တပ်မ(၃၃)က ပစ်မိန့်ကိုဖီဆန်မှုကြောင့်ဗိုလ်ချုပ် ၅ဦးနှင့် စစ်သည် ၁၄၀ကို ရာထူးချဖမ်းဆီးအရေးယူခံရသည့်သတင်းကို မစ္စတာယာမဂုချိ သိရပါက သူ၏ရေးသားချက်ကို အမြန်ရုတ်သိမ်းကာ တောင်းပန်မည်ထင်ပါသည်။ဆန္ဒပြသတင်းဓါတ်ပုံများ ကမ္ဘာ့အင်တာနက်တွင်တင်မပြနိုင်ရန် ဆန္ဒပြသူများအတွင်းမှ ကင်မရာနှင့်ဗွီဒီယိုကိုင်ဆောင်ထားသူများကိုအဓိကပစ်မိန့် ပေးထားသဖြင့် မစ္စတာနာဂါအိ ကံဆိုးစွာ အနီးကပ်ပစ်သတ်ခံရခြင်းဖြစ်ပါသည်။ စစ်အစိုးရသတင်းစာတွင် မစ္စတာနာဂါအိသည် သတင်းထောက်အဖြစ်ကြေငြာပြီး မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်းမဟုတ် ၊ သက်ဆိုင်ရာသို့လည်း မိမိသတင်းထောက်ဖြစ်သည်ဟု အကြောင်းကြားခြင်းမရှိပဲ မိမိသဘောအလျောက် ဆန္ဒပြခြင်းတွင်ပါဝင်ခြင်းမှာ မိမိအန္တရာယ်ကို မိမိဘာသာဖိတ်ခေါ်ခြင်းသာဖြစ်ကြောင်း မစ္စတာနာဂါအိကို အပြစ်ဖို့ကာမညှာမတာအကြင်နာမဲ့စွာ ရေးသားဖော်ပြထားပါသည်။ မစ္စတာယာမဂုချိသည် “မြန်မာစစ်အစိုးရသည် ကမ္ဘေားဒီးယားနိုင်ငံ၏ပိုပေါ့အစိုးရ ၊ ဖိလစ်ပိုင်နိုင်ငံ၏ မာကို့စ်အစိုးရတို့နှင့် လုံးဝကွာခြားပါသည်” ဟုဆိုပါသည်။ မည်သို့ကွာခြားသည်ကိုတော့ ဆက်လက်ဖော်ပြမထားပါ။ “မြန်မာစစ်အစိုးရသည်ထိုအစိုးရများနှင့်ကွာခြးသည်မှာ မြန်မာ့စစ်အစိုးရသည် ဘာသာသာသနာနှင့်တိုင်းသူပြည်သားများကို အစော်ကားဆုံးအစိုးရ ၊ လူ့အခွင့်အရေးအများဆုံးချိုးဖောက်သောအစိုးရဖြစ်သည်” ဟုဆက်ရေးလျှင် စစ်အစိုးရ၏ငြုငြင်မှုကိုခံရကာ လာဘ်ပိတ်မည်ကိုစိုးရိမ်၍ မင်ဖြူဖြင့်ရေးသားထားပုံရပါသည်။ News without fear and favor ဆောင်ပုဒ်ကိုကိုင်စွဲထားသော ဂျပန်သတင်းမီဒီယာများအပါအ၀င် အပြည်ပြည်ဆိုင်ရာသတင်းလောကသည် အမှန်တရားဘက်ကရပ်တည်နေသည်၊ ဘက်လိုက်မှုမရှိဖော်ပြနေသည်ကို အဆင့်မြင့်နိုင်ငံဝန်ထမ်းဟောင်းတစ်ဦးအနေနှင့်မစ္စတာယာမဂုချိ အထူးသတိချပ်သင့်ပါသည်။ ဘက်လိုက်မှုရှိနေသည်မှာ ဆောင်းပါးရှင် မစ္စတာယာမဂုချိ ကိုယ်တိုင်ဖြစ် နေပါသည်။ သတင်းလွတ် လပ်ခွင့်သာ အပြည့်အ၀ရှိပါက မြန်မာနိုင်ငံတွင်လတ်တလောဖြစ်ပွါးခဲ့သော ငြိမ်းချမ်းစွာမေတ္တာဖက်ဆန္ဒပြသူဦးရေမှာ မစ္စတာယာမဂုချိပြောသော ချဲ့ကားရေးသားသည်ဆိုသည်ထက် အဆပေါင်းများစွာ ပိုနေသည်ကို အံ့ဩစွာတွေ့ရှိရပါလိမ့်မည်။ မစ္စတာယာမဂုချိ ကြည့်မြင်ရသော တီဗွီ မှန်သားပေါ်ကမြင်ကွင်းမှာ အန္တရာယ်ကြားမှ လျှို့ဝှက်စွာရိုက်ယူတင်ပြရသည့် သောင်းပိုင်းတစ်ပိုင်းမျှသောတင်ပြမှုသာဖြစ်ပါသည်။ မစ္စတာယာမဂုချိ၏ ရေးသားချက်များသည် သတင်းလွတ်လပ်ခွင့်ကိုမြတ်နိုးလေးစားလိုက်နာကာ အမှန်တရားဘက်ကအစဉ်ရပ်တည်လျက် ဘက်လိုက်မှုမရှိ အကြောက်တရားကင်းစွာတင်ပြနေသည့်သတင်းမီဒီယာသမားများကို နင့်သီးစွာ စော်ကားလိုက်ဖြင်းသာဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တရားကို ရိုကျိုးကိုးကွယ်သော အာဇာနည်မျိုးဆက် “သစ္စာဝါဒီ” ဖြစ်ပါသည်။ မြန်မာစစ်အစိုးရသည် အမှန်တရားကို အစဉ်ဖုံးကွယ်ကာ မိမိဖြစ်ချင်တာကိုအတင်းလုပ်တတ်သော “အဓမ္မ၀ါဒီ” များဖြစ်ပါသည်။ အမှန်တရားကို မြတ်နိုးကိုးကွယ်သော သတင်းမီဒီယာသမားများသည် သတင်းမှန်များကိုရေးသားတင်ပြမှုမှာ သဘာဝဖြစ်သည်ကို မစ္စတာယာမဂုချိ အနေနှင့် ငြင်းဆိုဦးမှာပါလား။ ယခုဖြစ်ပွါးခဲ့သော ငြိမ်းချမ်းစွာမေတ္တာဖက်လမ်းလျှောက်ဆန္ဒပြခြင်းအား မတရားဖြိုခွင်းနှိပ်ကွပ်ရန် စစ်အစိုးရသည် “ပြည်သူကိုပြည်သူဖြင့် ၊ ကျောင်းသားကိုကျောင်းသားဖြင့် ၊ သံဃာကိုသံဃာဖြင့် အိမ်ကြက်ချင်းအိုးမဲသုတ် ခွပ်ခိုင်းသည့်လမ်းစဉ်” ကိုချမှတ်ကျင့်သုံးခဲ့ပါသည်။ ထို့အတွက် စစ်အစိုးရအာဏာပိုင်များသည် သူတို့၏လက်ကိုင်တုတ် ကြံ့ဖွံနှင့် လက်ပါးစေစွမ်းအားရှင်များ ၊ လူရမ်းကားကလေကချေများ ၊ ထောင်ထွက်များ ၊နှစ်ကြီးကျထောင်သားများကို နေ့တွက်အခကြေးငွေများ ၊ အခွင့်အရေးမက်လုံးများပေး၍ အသုံးချစေခိုင်းခဲ့ပါသည်။ ဆန္ဒပြသူများကိုလည်း ညအခါဝရမ်းမပါ ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်း ၊ဆန္ဒပြနေစဉ်အချိန်အတွင်း အဓမ္မရိုက်နှိပ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ပါသည်။ ဥပဒေမဲ့ဖမ်းဆီးနှိပ်ကွပ်ခြင်းပြုလုပ်သူများကို စစ်အစိုးရအာဏာပိုင်များသည် ဥပဒေကိုချိုးဖောက်သည်ဟူ၍ ထိုသို့ပြုလုပ်သူများကိုအရေးယူတားဆီးခြင်းမရှိပဲ အားပေးမြှောက်ပင့်ပြုနေပါသေးသည်။ စစ်အစိုးရ၏လုပ်ရပ်ကို တန်ပြန်ကာကွယ်သည့်အနေနှင့် သူတို့ပိုင် အသံလွှင့်ဌာနက ဆန္ဒပြသူများကိုအဲန်အယ်လ်ဒီမှ အခကြေးငွေပေး၍စေခိုင်းခဲ့ပါသည်ဟု သူခိုးလူဟစ်ကြေညာခဲ့ပါသည်။ ငြိမ်းချမ်းစွာမေတ္တာဖက်လမ်းလျှောက်ဆန္ဒပြသူများကို လက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ် နှိပ်ကွပ်ဖြိုခွင်းသောအခါ လက်နက်မဲ့ဆန္ဒပြသူများစွာ သေကြေဒဏ်ရာရခဲ့ကြရပါသည်။ မခံမရပ်နိုင်သော လူတချို့ကနီးရာအုတ်ခဲများဖြင့် သေနတ်ကိုင်ဖြိုခွင်းသူများအား ပြန်လှန်ပေါက်ခဲ့ပါသည်။ ထိုဖြစ်ရပ်များကို ကမ္ဘာ့အသံလွှင့်ဌာနများ၏ ရုပ်မြင်သံကြားသတင်းများနှင့် အင်တာနက်စာမျက်နှာများတွင် ကွက်ကွက်ကွင်းကွင်းဖော်ပြထားသည်ကို မစ္စတာယာမဂုချိ သတိချပ်စေချင်ပါသည်။ အမှန်တရားကို မုန်လာဥလုပ်တတ်သော စစ်အစိုးရ၏ ညှပ်ကြောင်းကို ချိုးမိသော မစ္စတာယာမဂုချိတယောက်မှာ အတော်သနားစရာကောင်းလှပေသည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သော ငြိမ်းချမ်းစွာမေတ္တာဖက်ဆန္ဒပြသူများကို ကမ္ဘာတွင်အရဲရင့်ဆုံး သတ္တိအရှိဆုံးအမှန်တရားနှင့် လူ့အခွင့်အရေးကိုအလိုချင်ဆုံးဟု ကမ္ဘာ့ခေါင်းဆောင်အသီးသီးနှင့် နိုင်ငံတကာအသိုင်းဝန်းမှ ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်လျက် ရွှေဝါရောင်တော်လှန်ရေး(Saffaron Revolution) ဟုဝိသေသပြုချီးမွမ်းလျက်ရှိနေကြပါသည်။ ဆန္ဒပြသူများတွင် ကမ္ဘာကလေးစားသော အပြည်ပြည်ဆိုင်ရာဆုရှင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊မစုစုနွေး အမှုးပြုသော ၈၈ ကျောင်းသားမျိုးဆက်များ၊ ဘုရားသားရဟန်းသံဃာများ၊သီလရှင်များ၊ ပြည်သူ့အနုပညာရှင်များ၊ အစဉ်အလာရှိနိုင်ငံရေးသမားများ၊ မတရားမှုကိုမလိုလားသော ကျောင်းသားလူငယ်နှင့် သာမန်ပြည်သူများ စသည့် ဂုဏ်သရေသိက္ခာရှိ အကျင့်သီလပြည့်စုံသူများဖြစ်ကြပါသည်။ မိမိဆန္ဒအရ မြန်မာနိုင်ငံ၏ဆိုးဝါးနိမ့်ကျနေသော လူမှုစီးပွားရေးနှင့် ဆင်းရဲခြင်းပေါင်းစုံမှ လွတ်မြေက်စေရန်ငြိမ်းချမ်းစွာ မေတ္တာဖက်ဆန္ဒပြတောင်းဆိုခြင်းသာဖြစ်ကြပါသည်။ ရုတ်တရက် မကြေညာပဲ လောင်စာဆီဈေးမြှင့်တင်လိုက်သော စစ်အစိုးရဖန်တီးသည့်ပယောဂမှလွဲ၍ မည့်သည့်ပယောဂမှပါဝင်သည်ကိုမတွေ့မြင်ရပါ။ သို့ရာတွင် ‘ဆန္ဒပြမှုတွင်ပါဝင်နေသူများမှာ တကယ်ပြောရလျှင် အသုံးအနှုန်းရိုင်းမည်ဖြစ်သော်လည်း သာမန်ပြည်သူများမဟုတ်ပဲ ကလေကချေများ ၊ လူမိုက်များနှင့်အလုပ်လက်မဲ့များသာဖြစ်ပါသည်။” ဟု မစ္စတာယာမဂုချိက ရေးသားဖော်ပြထားပါသည်။ ဖတ်ရသူတိုင်းအလွန်အမင်းဒေါသအမျက် ချောင်းချောင်းထွက်လျက်ရပါသည်။ မစ္စတာယာမဂုချိသည် အသုံးအနှုန်းရိုင်းသည်သာမက အလွန်အမင်း စော်ကားခြင်းလည်းပြုလိုက်ပါသည်။ စစ်အစိုးရသည် ဘာသာသာသနာနှင့် ရဟန်းအရှင်မြတ်များကို မတရားရိုက်နှက် ပစ်ခတ် သတ်ဖြတ်စော်ကားသဖြင့် “ဓမ္မ အန္တရာယ်ထိပ်ခေါင် မိစ္ဆာကောင်” ဟူသော ဘွဲ့ကိုရနေပါသည်။ ယခုလည်း မစ္စတာယာမဂုချိသည်လည်း ရဟန်းသံဃာများကို စော်ကားခြင်းဖြင့် ထိုဘွဲ့ကိုခံယူနေချင်ပုံရပါသည်။ မစ္စတာယာမဂုချိ၏ ဤသို့စော်ကားသည့်အတွက် သက်ဆိုင်သူများကျေနပ်သည်အထိ ၀န်ချတောင်းပန်ရန် တာဝန်ရှိပေလိမ့်မည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ငြိမ်းချမ်းစွာမေတ္တာပို့ဆန္ဒပြသံဃာတော်များကို လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းသဖြင့် ရဟန်းသံဃာအချို့ကို ဓါတ်တိုင်တွင်ကြိုးတုတ်ချည်နှောင်ရိုက်နှက်နှိပ်စက်ခြင်း ၊ ဖမ်းဆီးခြင်း ၊ အဓမ္မလူဝတ်လဲခိုင်းခြင်းများပြုလုပ်စ်ေကားခဲ့ပါသည်။ ယင်းဖြစ်ရပ်ကိုမကျေနပ်၍ ရဟန်းသံဃာများက သက်ဆိုင်ရာအာဏာပိုင်များမှဝန်ချတောင်းပန်မှုပြုရန် အချိန်တရပ်သတ်မှတ်၍ တောင်းဆိုခဲ့ပါသည်။ သို့သော် အာဏာပိုင်များက မတောင်းပန်သည့်အပြင် ဆန္ဒပြမှုများဆက်မလုပ်ရန် ကျောင်းထိုင်ဆရာတော်များကို လာရောက်ခြိမ်းခြောက် ညွှန်ကြားသဖြင့်ကျောင်းနေသံဃာများမကျေနပ်ဖြစ်ကာ သက်ဆိုင်ရာများကိုကျောင်းပြင်ပထွက်ခွင့်မပေးပဲ ထိန်းချုပ်ထားလိုက်ပါသည်။ အာဏာပိုင်များစီးနင်းလာသောကားများကို ကျောင်းပြင်ပထုတ်ပစ်လိုက်ကြပါသည်။ ပြင်ပရှိလူအုပ်က ဖျက်ဆီးမည်ဆိုသည်ကိုပင် ရဟန်းများကမလုပ်ဆောင်ရန်တားခဲ့ပါသည်။ မီးရှို့ဖျက်ဆီးခြင်းမှာ မည်သူ၏လက်ချက်ဖြစ်သည်ကို လွတ်လပ်မျှတသော ကော်မရှင်တရပ်ဖွဲ့စည်း၍စုံစမ်းစစ်ဆေးလျှင် အမှန်တရားဖော်ထုတ်နိုင်ကာ ငြိမ်းချမ်းစွာမေတ္တာပို့ ဆန္ဒပြခြင်းကို မည်သူကအရောင်ဆိုး အကျည်းတန်အောင်ဖန်တီးသည်ကို သိသာလာမည်ဖြစ်ကြောင်းပါ။ နိုင်ငံရေးလှုတ်ရှားသူများကို မြန်မာစစ်အစိုးရက အရေးယူဖမ်းဆီးနှိပ်ကွပ်လျက်ရှိနေပါသည်။ အထူးသဖြင့် စစ်အစိုးရ၏ စစ်အာဏာရှင်စနစ်ဆက်လက်တည်မြဲရေးကို အနှေက်အယှက်ပေးမည့် မှန်ကန်သောဒီမိုကရေစီဘက်တော်သားများ၊ အဲန်အယ်လ်ဒီအဖွဲ့ဝင်များ၊လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်ဆီးအရေးယူပြီး တွေ့ရာ ရာဇ၀တ်ပုဒ်မများတပ်ကာ အကျဉ်းရုံးစီရင်ချက် ပြစ်ဒဏ်ချမှတ်ကာ ထောင်သွင်းအကျဉ်းချလျက်ရှိပါသည်။ ထောင်ကျခံရသောနိုင်ငံရေးသမားများသည် နိုင်ငံရေးအကျဉ်းသားများမ ဟုတ်စေတော့ပဲ ရာဇ၀တတ်အကျဉ်းသားများအဖြစ် အလိုအလျောက် ရောက်စေကာ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများမရှိဟု ကမ္ဘာကို စစ်အစိုးရကလိမ်ပါတော့သည်။ မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းတွင်နိုင်ငံရေးသမားများကိုဖမ်းဆီးလျှင် ပုဒ်မ(၅)တပ်၍ ထောင်ချပါသည်။ ပုဒ်မ(၅)ဆိုလျှင် နိုင်ငံရေးအကျဉ်းသမား ပုဒ်မဟု လူအများကလက်ခံနားလည်ကြပါသည်။ ပုဒ်မ(၅)ည ဆိုလျှင်လည်း ထိုသို့ပင် နားလည်သဘောပေါက်ကြပါသည်။ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လူ၅ဦးထက်ပိုမိုစုဝေးကာ ဆန္ဒပြပြည်သူ့ဘက်တော်သားများကိုတော့ ဥပဒေကျူးလွန်သည်ဟုဆိုပြီး ဖမ်းဆီးအရေးယူသည်။ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လူ၅ဦးထက်ပိုမိုစုဝေးကာ ရန်ကုန်ရှိအမေရိကန်နှင့်ဗြိတိန်သံရုံးများရှေ့ ဆန္ဒပြသူစစ်အစိုးရဘက်တော်သားများကိုတော့ ဥပဒေကျူးလွန်သည်ဟုဆိုပြီး ဖမ်းဆီးအရေးယူခြင်းမရှိပါ။ ဤအသည်လိုတမျိုးမလိုတမျိုး စစ်အစိုးရ၏ ဥပဒေမဲ့သဘောထားဖြစ်သည်ကိုလည်း မစ္စတာယာမဂုချိ သဘောပေါက်သင့်ပါသည်။ မတရားဖမ်းဆီးခြင်း ၊ ၀ရမ်းမဲ့ရှာဖွေသိမ်းဆည်းဖမ်းဆီးခြင်း ၊ အကျဉ်းရုံးတရားစီရင်ခြင်း ၊ အမှုဆင်ဖမ်းဆီးခြင်း ၊ မသက်ဆိုင်သောပုဒ်မများတပ်ကာထောင်ချချုပ်နှောင်ခြင်းစသည်တို့သည် ဥပဒေမဲ့လုပ်ရပ်များဖြစ်ပါသည်။ ဥပဒေမဲ့အုပ်ချုပ်နေသောနိုင်ငံအဖြစ်ရောက်နေကြောင်းကိုလည်း နားလည်သင့်ပါသည်။ “ဥပဒေဖြင့်အုပ်ချုပ်သည့်နိုင်ငံအနေနှင့် လုပ်သင့်သည်ကိုလုပ်နေခြင်းသာဖြစ်သည်”ဟု မစ္စတာယာမဂုချိရဲ့ တင်ပြချက်သည် မှားယွင်းလျက်ရှိနေသည်ကို အထူးထောက်ပြစရာမလိုပါချေ။ “ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး”သည် ၁၉၈၈ ခု သြဂုတ်လ ၈ ရက်နေမှ စတင်ပေါ်ပေါက်ခဲ့၍ ၁၉၈၉ ခု စက်တင်ဘာ ၁၈ ရက်နေ့ထိ အရှိန်တက်ခဲ့ပါသည်။ ထိုရက်များအတွင်း သားသုံးသားဖြစ်ကြသော ဘုရားသား(ရဟန်းသံဃာများ)၊ ကျောင်းသားများ ၊ တပ်မတော်သားများအပါအ၀င် အိမ်ရှင်မများပါမကျန် ပြည်သူလူထု သန်းပေါင်းများစွာသည် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြပါသည်။ မစ္စတာယာမဂုချိရေးထားသလို လူတစ်သိန်းပမာဏထက် အဆ ၁၀ ထက်မနည်း လမ်းပေါ်ထွက်ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ အမှန်တကယ်ဆန္ဒပြကြသူများမှာ မစ္စတာယာမဂုချိဖော်ပြသည့်အရေအတွက်နှင့် လုံးလုံးလျားလျား ကွဲပြားနေပြန်ပါပြီ။ သူဖော်ပြသည့်အချက်အလက်များမှာ အလွဲလွဲအမှားမှားပါတကား။ ထိုကာလအတွင်းသက်ဆိုင်ရာအာဏာပိုင်တို့သည် ပဏာမအလွန်ကြီးမားသော ပေါက်ကွဲသေည့် လူထူကြီး ကိုကိုင်တွယ်ရန်နည်းအမျီုးမျီုးဖြင့် မွန်မြတ်လှသော သမိုင်းဝင်အရေးတော်ပုံကြီးအား ဂုဏ်သိက္ခာညှိုးနွမ်းသေးသိမ်စေရန် ဆင်ကြံကြံနေစဉ် မင်းမဲ့စရုက်(state of anarchy)အသွင် တမင်္ဂလာဖန်တီးခဲ့ပါသည်။ တပ်မတော်သားများအား ဂိုထောင် သိုလှောင်ရုံးများကိုဦးဆောင် ဖောက်ယူစေ၍ စိတ်နုသူပြည်သူများကိုပါ ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနိုင်စေရန်လမ်းကြောင်း ဖွင့်ပေးခဲ့ပါသည်။ ကလေကချေ လူမိုက်လူရမ်းကားများကို မူးယစ်ဆေးများတိုက်ကျွှေး၍ အဖျက်လုပ်ငန်းများပြုလုပ်ခိုင်းပါသည်။ နိုင်ငံအတွင်းမငြိမ်မသက်မှုများဖြစ်ပေါ်စေရန် ဖန်တီးခဲ့ပါသည်။ ထိုအချိန်ကျမှ စစ်တပ်သည် အခြေအနေကိုထိန်းသိမ်းပေးရသည့်ပြည်သူ့ သူရဲကောင်းကြီးသဖွယ် လက်နက်များတကားကားနှင့် အပြစ်မဲ့ပြည်သူ ၃ ထောင်ခန့်ကိုသတ်ဖြတ်ပြီး တိုင်းပြည်အာဏာကိုဆက်လက်သိမ်းပိုက်ခဲ့ပြန်သည်။ ပြည်သူများကိုလည်း ပါတီစုံရွေးကောက်ပွဲကျင်းပပေးမည်၊ နိုင်သည့်ပြည်သူ့ ကိုယ်စားလှယ်များကို အာဏာပြန်လည်ပေးအပ်ပါမည်ဟု ကတိအမျိုးမျိုးပေးခဲ့ပါသည်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကို စစ်အစိုးရကျင်းပပေးခဲ့ပါသည်။ စစ်အစိုးရသည် တပ်မတော်အရာရှိဟောင်းများပါဝင်သည့် ‘မဆလ’ ပါတီတဖြစ်လဲ ‘တစည’ ပါတီသာလျှင် တခဲနက်အနိုင်ရမည်ဟု သေချာပေါက်တွက်ထား၍ ရွေးကောက်ပွဲကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။ လက်တွေ့တွင် အဲန်အယ်လ်ဒီသည် ၈၂ရာခိုင်နှုန်းနှင့် မဲအပြတ်အသတ်အနိုင်ရခဲ့ပါသည်။ ဤနေရာတွင် မစ္စတာ ယာမဂုချိက “ရှုံးနိမ့်ခဲ့သော တပ်မတော်အစိုးရမှ” ဟူ၍ဖော်ပြထားပြန်ပါသည်။ ၁၉၉၀ ရွးကောက်ပွဲတွင် စစ်အစိုးရက ပါဝင်ရွေးချယ်ခံခဲ့ခြင်းမရှိပါ။ မစ္စတာ ယာမဂုချိသည် အဘယ်ကြောင့် အချက်အလက် အမှားများကို ဆက်ကာဆက်ကာ တင်ပြနေပါသနည်း။ သူ၏ဆောင်းပါးတပုဒ်လုံးတွင် မှားယွင်းဖော်ပြမှုများသာ လွှမ်းခြုံနေပါတကား။ “ရှုံးနိမ့်ခဲ့သော တပ်မတော်အစိုးရမှ အခြေခံဥပဒေမရှိသည်ကို အကြောင်းပြ၍ ရွေးကောက်ပွဲရလဒ်ကိုလျစ်လျူ ပြုခဲ့ပါသည်။ အာဏာလွဲပြောင်းပေးရန်ငြင်းဆန်ခဲ့ခြင်းဖြစ်ပါသည်။” ဟုဆိုထားပြန်သည်။ အမှန်တကယ် စစ်အစိုးရ၏စိတ်ရင်းမှာ သူတို့သာ အာဏာဆက်လက်စွဲကိုင်ထားလို၍ အာဏာကို လုံးဝလွဲပြောင်းပေးလိုသောဆန္ဒမရှိ၍ အကြောင်းအမျိုးမျိုးပြခြင်းသာဖြစ်ပါသည်။ တကယ်တမ်း ရိုးသားမှုရှိခဲ့ပါလျှင် စစ်အစိုးရထုတ်ပြန်ခဲ့သော ၁/၉၀ ကြေငြာချက်အရ အခြေခံဖွဲ့စည်းပုံဥပဒေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးသားရမည်ဟု ဆိုသည့်အတိုင်း ယင်းဥပဒေကို လွှတ်တော်ခေါ်ယူပေးကာ ရေးစွဲစေရမှာဖြစ်ပါသည်။ ယင်းမှတဆင့်ဆင့် ပြည်သူ့အစိုးရကိုတရားဝင်ဖွဲ့စေကာ အာဏာကိုလွဲပြောင်းပေးလိုက်လျှင် ယခုလိုအခြေနေဆိုးများ ပေါ်ပေါက်လာစရ အကြောင်းမရှိပါ။ အာဏာကိုလက်လွှတ်အဆုံးအရှုံးမခံနိုင်၍ မခိုင်မာသောအကြောင်းအမျိုးမျိုးပြရင်း စစ်အစိုးရရှောင်တိမ်းနေသည်မှာ ယနေ့အထိပင်။ ဒေါ်အောင်ဆန်းစုကြည်သည် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှပေါက်ဖွားလားသော လူထုခေါင်းဆောင်ဖြစ်ပါသည်။အမျိုးသားကောင်းစားရေးကို ရှေ့ရှုဆောင်ရွက်ရန် ကိုယ်ကျိုးစွန်လွှတ်ကာ အစဉ်တစိုက် အနစ်နာခံကြိုးပမ်းဆောင်ရွက်နေသူဖြစ်ပါသည်။ အာဇာနည်မျိုးဆက်ရဲ့ တိုးတက်သောအမြင်ရှိသည့် ပြည်သူလူထုယုံကြည်အားကိုးခံနေရဆဲ အမျိုးသားခေါင်းဆောင်ကြီးဖြစ်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့သော လွတ်လပ်မျှတမှုရှိခဲ့သည့် ရွေးကောက်ပွဲမျိုးသာထပ်လုပ်ကြည့်ပါက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အဲန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီဘက်တော်သားစစ်စစ်များပင် အနိုင်ရမည်မှာ မုချမလွဲပါ။ “မြန်မာလူမျိုးများ၏ခံစားချက်သည် သူမအပေါ်တွင် ဤကာလအတွင်း ပြောင်းလဲသွားခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ထံမှ ငွေကြေး၊ ပစ္စည်းဥစ္စာ ထောက်ပံ့မှုကိုလက်ခံရရှိနေပြီး နိုင်ငံရေးအရ လမ်းညွှန်မှုကိုပါခံယူနေခြင်းကို ပြည်သူများအကြားတွင်ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားခြင်းကြောင့်ဖြစ်သည်။ -----အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မဲင်ဒလင်း အယ်လဘရိုက်နှင့် နေ့ ညမရွေးအဆက်အသွယ်လုပ်၍--ညွှန်ကြားမှုများကိုနာယူပြီး--” ဟူ၍ မစ္စတာ ယာမဂုချိက ရဲဝံ့စွာတင်ပြထားပါသည်။ မစ္စတာယာမဂုချိအနေနှင့် မိမိထောက်ပြစွပ်စွဲချက်များကို မိမိတာဝန်ယူရမည်ကိုသိရှိ နားလည်ပြီးဖြစ်ပါလိမ့်မည်။ အမေရိကန်အစိုးရအနေနှင့် မစ္စတာယာမဂုချိ၏စွပ်စွဲချက်များအခြေအမြစ်မရှိမှားယွင်းနေပါက မစ္စတာယာမဂုချိကို အသရေဖျက်မှုဖြင့်တရားစွဲဆိုရန်စီစဉ်ပါလိမ့်မည်။ ဒေါ်စုလွတ်မြောက်လာသေအချိန်တွင်လည်း အသရေဖျက်အပုပ်ချမှုဖြင့် မစ္စတာယာမဂုချိကို တရားစွဲဆိုခြင်းပြုကေင်းပြုပါလိမ့်မည်။ “ဒေါ်စုကြည်ကို လူကြိုက်နည်းပါးသည့်အချက်မှာ သူမသည်အစိုးရအပေါ် ဆန့်ကျင်မှုကိုပြုလုပ်နေသော်လည်း မိမိနှုတ်မှ နိုင်ငံရေးအမြင်ကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း တစ်ကြိမ်တစ်ခါမှမရှိပါ” တဲ့။ အံ့ဩစရာကောင်းပါပေ့မစ္စတာယာမဂုချိရယ်။ ဒေါ်အောင်ဆန်းစုကြည် စတင်ပြောခဲ့သည့် ရန်ကုန်ရွှေတိဂုံဘုရား အနောက်မုဒ် ပထမဆုံး လူထုဟောပြောပွဲမှသည် နောက်ဆုံးနေအိမ်အကျယ်ချုပ်မကျခံရမီ ၂၀၀၃ ခု မေလ ၃၀ ရက်“ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု” မတိုင်ခင်လေးတွင်ပြောကြားသွားသော မိန့်ခွန်းအပါအ၀င် နိုင်ငတ၀ှမ်းဟောပြောချက်များတွင် နိုင်ငံရေးအမြင် အသေးစိတ်များပါဝင်နေကြောင်းသမိုင်းသက်သေအခိုင်အမာရှိနေတာကို မစ္စတာယာမဂုချိ မသိရှိ၍ များလား။ တမင်္ဂလာ ဒေါ်အောင်ဆန်းစုကြည်၏ကဏ္ဍကို မှေးမှိန်သေးသိမ်အောင် ဖန်တီးလို၍လား။ မိမိစိတ်ရင်းကိုတော့ မစ္စတာယာမဂုချိကိုယ်တိုင်သာသိပါလိမ့်မည်။ တော်လိုက်လေ မစ္စတာယာမဂုချိရယ်။ လားရှိုးသတင်းစာရှင်းလင်းပွဲက ပြောသွားတဲ့ ဗိုလ်ကျော်ဆန်းရဲ့ ရည်ရွယ်ချက်လေသံနဲ့တထပ်တည်းကိုတူနေပါရော့လား။ “တပ်မတော်အစိုးရ၏ အကြီးမားဆုံးစွမ်းဆောင်ချက်သည် သွေးကိုသွေးဖြင့်ဆေးကြောသည့်ပြည်တွင်းစစ်ပွဲများကို အပြီးသတ်စေခဲ့ခြင်းဖြစ်ပါသည်။” တဲ့။ မှတ်ချက်ချမှုကမပြည့်စုံဘူးထင်ပါသည်။ ပြည်တွင်းစစ်များ အပြီးသတ်သွားလျှင် ငြိမ်းချမ်းရေးအပြည့်အ၀ရှိမည့် နိုင်ငံတော်ဟုစိတ်ချရပါလျှင် တိုင်းတပါးရန်တိုက်ခိုက်ကာကွယ်ဖို့မရှိပါပဲလျက် အဘယ်ကြောင့် စစ်အစိုးရသည် စစ်ဘက်အင်အားကို အကြီးအကျယ် တိုးချဲ့နေပါသနည်း။ ငြိမ်းချမ်နေသည့်နိုင်ငံတော်အတွက် စစ်အသုံးစရိတ်ငွေမှာ ပြည်သူ့ဘဏ္ဍာ၏ ၄၃ရာခိုင်နှုန်းကိုသုံးစွဲ နေပါသနည်း။ စစ်သည်အင်အားလေးသိန်းကျော် ဘာအတွက်လိုအပ်ပါသနည်း။ လက်နက်ကြီးငယ်မြောက်မြားစွာ၊ မြေပြင်ဝေဟင် စစ်ယာဉ်များစွာ အဘယ်ကြောင့် ၀ယ်ယူနေပါသနည်း။ ဒုံးခွင်းမစ်ဆိုင်းများ၊ အနုမြူလက်နက်ပိုင်ဆိုင်မှုများ အတွက်ဘာကြောင့် အပတ်တကုတ်ကြိုးပမ်းနေကြပါသနည်း။ ပြည်တွင်းစစ်များနေရာတွင် စစ်အစိုးရ၏တဘက်သတ်စစ်ဆင် ရေးများဖြင့် တိုင်းရင်းသားလူမျိုးစုများအပေါ် အဓမ္မရွှေ့ပြောင်းစေခြင်း၊ လူမျိုးတုံးသတ်ဖြတ်နေခြင်း၊ တိုင်းရင်းသူများအပေါ် မုဒိန်းလက်နက်ကျင့်သုံးနေခြင်းများဖြင့်အစားထိး ထိုးနှက်နေခြင်းစသည်များကို မချန်ထားသင့်ပါ။ “၁၉၉၉ ခုနှစ်တွင်--- အင်းစိန်ထောင်ကိုလေ့လာကြည့်ရှုခဲ့ဖူးပါသည်” အစချီသောအပိုဒ်အရ မစ္စတာ ယာမဂုချိအနေနှင့် ယင်းတစ်ကြိမ်တည်းသာ လေ့လာမှုရှိခဲ့ရပြီး၊ နောင်အကြိမ်မည်မျှသွားရောက်လေ့လာခွင့်ရခဲ့ပါသလဲ။ ထိုတစ်ကြိမ်တည်းသာဖြစ်ပါလိမ့်မည်။ မစ္စတာယာမဂုချိ ပြောသည့်အတိုင်း “အစိုးရမှ နိုင်ငံခြားသားများကို ကောင်းကွက်များကိုသာ ရွေးချယ်ပြသသည်ဟုပြောသည့်တိုင်အောင်” ဆိုသည်ထက် တခါမှမရှိခဲ့သောအခြေအနေကို တမင်သက်သက် ပြကွက်ဖန်တီးပြတာပဲဖြစ်ပါလိမ့်မည်။ စစ်အစိုးရအနေနှင့်(show jobs) အပြကောင်းအောင်စီစဉ်ပြီး ၀ါဒဖြန့်ရေးအတွက်သာလုပ်လေ့လုပ်ထရှိတဲ့အကျင့်ဟာ ဘယ်အခါမှမပျောက်ပါ။ “---တပ်မတော်အစိုးရပေါ်ပေါက်ခဲ့သည့် နောက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့သည်မှာ မရှိသေးပါ” တဲ့။ မစ္စတာ ယာမဂုချိရယ် ဦးနေ၀င်းမိသားစုဝင်တွေကို သေဒဏ်ချမှတ်ခဲ့တာ ယခုစစ်အစိုးရမဟုတ်တော့ဘူးလား လို့သာမေးလိုက်ပါရစေတော့။ ဥပဒေအရ တိုက်ရိုက်သေဒဏ်မစီရင်တာတော့မသိပါဘူး။ စစ်ကြောရေးစခန်းတွေမှာ လက်လွန်ပြီး ဥပဒေမဲ့သတ်ပစ်လိုက်တွေတော့ရှိနေပါရဲ့။ သေဒဏ်ချမှတ်တာထက်ဆိုးတဲ့ မသေမချင်းထောင်ထဲမှာ စိတ်ဖိစီးခံ ကျန်းမာရေးအချို့တဲ့ခံရမဲ့နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းတွေလဲရှိနေပါသည်။ “အစိုးရအဆင့်မြင့်အရာရှိများ၏ နေထိုင်စားသောက်ပုံသည်လည်း ရိုးရိုးရှင်းရှင်းဖြစ်၍ လာဘ်စားမှု၊ အဂတိလိုက်စားမှုသည် လုံးဝမရှိဟုဆိုသော်လည်း စစ်အစိုးရအနေဖြင့်ကြည့်လျှင်အလွန်ပင်ရှားပါသည်” တဲ့။ ဆင်သေကိုကြွက်သားရေနှင့်ဖုံးနေရတာလဲ မစ္စတာယာမဂုချိ ခင်ဗျာ။ စစ်အစိုးရခေါင်းဆောင်ကြီး၏သမီးတော်မင်္ဂလာဆောင် ဒီဗွီဒီအခွေကိုပဲကြည့်ရှုလေ့လာလိုက်ပါဦးလို့ မေတ္တာရပ်ခံလိုက်ပါရစေ။ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုအဖွဲ့၏ အစီရင်ခံစာ၊ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၏အစီရင်ခံစာများကို ဖတ်ရှုလိုက်ပါဦး မစ္စတာယာမဂုချိ ခင်ဗျာ။ မြန်မာနိုင်ငံ၏ ကောင်းပေ့ညွန်ပေ့စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်လူပ်ကိုင်နေသူအများစုမှာ အဆင့်အမြင့်ဆုံးစစ်အစိုးရအရာရှိများ၏မိသားစုများဖြစ်ကြပါသည်။ မြန်မာနိုင်ငံမှာ ရင်းနှီးလုပ်ကိုင်နေကြသော နိုင်ငံခြားကုမ္မဏီဆက်သသောလက်ဆောင်ပဏာများကို အဆင့်အမြင့်အရာရှိများ လက်ခံယူနေခြင်းကို လာဘ်ပေးလာဘ်ယူခြင်းဟု သတ်မှတ်ရမှာမဟုတ်ပါလား။ နေပြည်တော်ကြပ်ပြေးအနီးမှာ ဗိုလ်ချုပ်မြို့တည်ဆောက်နေခြင်းမှာ အဆင့်အမြင့်အရာရှိများ နေထိုင်ပုံရိုးရိုးရှင်းရှင်းအတွက် ဟုတ်ပါရဲ့လား။ “အခြေခံမူဥပဒေကြမ်းဆိုင်ရာ ပြည်သူ့လွှတ်တော်မှာ ၈ လပိုင်းတွင် ပြီးဆုံးခဲ့ပါသည်“ဟု မစ္စတာ ယာမဂုချိကရေးသားထားပါတယ်။ ပြီးသွားသည်မှာပြည်သူ့လွှတ်တော်မဟုတ်ပါ။ အတုအယောင်အမျိုးသားညီလာခံသာဖြစ်ပါသည်။ ဘာကြောင့်လဲဆိုတော့ စစ်မှန်သြော်ပည်သူ့ကိုယ်စားလှယ်များမရှိပဲ စစ်အစိုးရခေါင်းခေါက်ရွေးချယ်သော ကိုယ်စားလှယ်များသာတက်ရောက်စေခဲ့ ကျင်းပခဲ့တာကြောင့်ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ၏ ၁၄ နှစ်နီးပါးကြာခဲ့သော ညီလာခံသည် ကမ္ဘာ့မှတ်တမ်းတွင် အချိန်ကြာဆုံးစံချိန်ချိုးခဲ့ပါသညါ။ သို့သ်ေအများပြည်သူအကျိုးပြုမည့်ရလဒ် အရိပ်အယောင်မျှမမြင်တွေ့ရ၍ အချိန်တွေကုန်ခဲ့သည်မှာ အလွန်နှမြောစရာဖြစ်ပါသည်။ နအဖရုဒ်မက်သည် အစကမဟုတ်လျက် စစ်အာဏာရှင်စနစ်အောက်တွင် ပြည်သူများပြားပြားဝပ်ရမည့်ကိန်းဖြင့်အဆုံးသတ်ရမည်မှာ ကျိန်းသေနေပါသည်။ ပြည်တွင်းပြည်ပတောင်းဆိုဖိအားပေးမှုကြောင့် စစိအစိုးရသည် ဖုတ်ဖတ်ခါတက်သုတ်ရိုက်လုပ်ကိုင်လျက်ရှိနေသည်မှာ အထင်အရှားပင်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အနောက်နိုင်ငံများ၊ အာဆီယံ၊ ဂျပန်အပါအ၀င်အရှေ့နိုင်ငံများသည် မြန်မာ့ရေးရာနှင့်ပတ်သက်၍ လိုအပ်သည်များကိုပြောကြားခြင်းပြုနေလျက်ရှိပါသည်။ မစ္စတာယာမဂုချိပြောသလို မလိုအပ်သောအရာများကိုပြောကြားနေခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံတွင်စစ်မှန်သော အမျိုးသားရေးတွေ့ဆုံဆွေးနွေးရေးကို အများပြည်သူများအပေါ် စေတနာထား၍ အမြန်ဆုံးဆောင်ရွက်ရန်တိုက်တွန်းနေကြပါသည်။ ဆိုရလျှင်တကမ္ဘာလုံးနှင့် စစ်အစိုးရဖြစ်နေသော အချိန်အခါဖြစ်ပါသည်။ စစ်အစိုးရအနေနှင့် တိုင်းပြည်နှင့်လူမျိုးကောင်းစားရေးကို စေတနာအပြည့်အ၀ထားရှိကြောင်းပြသရန် အခွင့်အခါကောင်းလည်းဖြစ်ပါသည်။ နိုင်ငံတကာနှင့်ပြည်တွင်းမှ လိုလားတောင်းဆိုမှုများကို လိုက်နာလုပ်ဆောင်မည်ဆိုပါက စစ်အစိုးရအတွက် ကောင်းမွန်သောအကူအညီထောက်ပံ့မှုများပေးအပ်မည်ဟူ၍လည်း အတိအလင်းထုတ်ဖော် ပြောကြားလျက်ရှိနေပါသည်။ ထို့အတွက်ကြောင့် စစ်အစိုးရအနေနှင့် ပကတိအခြေအနေတွင် အဖြစ်မှန်များကို အကိုင်အတွယ်မှန်ကန်စွာ ဖြေရှင်းသင့်ပါကြောင်း မစ္စတာ ယာမဂုချိအနေနှင့် ဖြောင်းဖြသင့်ပါသည်။ စစ်အစိုးရ၏ အဓမ္မ၀ါဒကျင့်သုံးခြင်း၊ လူ့အခွငိ့အရေးချိုးဖောက်ခြင်း၊ ဥပဒေမဲ့အုပ်ချုပ်ခြင်း၊ ပြည်သူများဆင်းရဲတွင်းနစ်သထက်နစ်စေမည့် ကိုယ်ကျိုးရှာစီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းစသည့် စစ်အာဏာရှင်စနစ်ဆိုးများနှင့် ဆန္ဒပြသူများအား လက်ရှိဖမ်းဆီးနှိပ်ကွပ်အပြစ်ဒဏ်ပေးခြင်းများကို ရပ်ဆိုင်းပြီး စစ်မှန်သောအမျိုးသားသင့်မြတ်ရေးဆွေးနွေးပွဲလမ်းမှန်ကို တက်ရောက်ရေးအတွက် မစ္စတာ ယာမဂုချိအနေနှင့် ပံ့ပိုးရေးသားရန် သဘောပေါက်သင့်သည့် အဆင့်တစ်ခု မဟုတ်ပါလာ။ (မစ္စတာ ယာမဂုချိ၏ ရေးသားတင်ပြချက်များမှာ မလိုလားအပ်သောအမှားအယွင်း များစွာပါရှိ၍ စော်ကားမှုများလည်း တွေ့ရပါသည်။ သူ၏ဆောင်းပါးကိုဖော်ပြသော မဂ္ဂဇင်းသည်လည်း မဟုတ်မမှန်လုပ်ကြံရေးသားဖော်ပြမှုကြောင့် တရားစွဲခံရ၍ရှုံးနိမ့်ရခြင်း၊ သက်ဆိုင်သူများကို ၀န်ချတောင်းပန်ရခြင်းများ ရာဇ၀င်ရှိဖူးပါသည်။ http://www.3justice.com/asaki/add_gendai.shtml http://www.3justice.com/asaki/sup_courts.shtml ) Dr.MMHK
    Labels:
    posted by Anonymous @ 12:23   0 comments
    Touching Words
    Touching Words
    Labels: ,
    posted by Anonymous @ 12:19   0 comments
    ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ
    ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ
    အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။ ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမ၀ယ်ဘူးတဲ့။ ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။ ဒီလိုကားမျိုးဆို ခင်ဗျားတို့ နိုင်ငံမှာ လမ်းပေါ်တောင် ရဲက အရောက်မခံဘူး ထင်တာပ။ဲ အလုပ်ကြမ်းသမားတွေ၊ ကျောင်းသားလေး တွေတောင် အရစ်ကျ ငွေချေစနစ်နဲ့ ကားသစ်တစီး ၀ယ်နိုင်တဲ့ ခင်ဗျားနိုင်ငံမှာ ခင်ဗျားမကြိုက်တဲ့ ကားစုတ်ဆိုတာ ဘယ်လိုကားမျိုးလဲ ကျနော်တို့ မှတ်သားရအောင် ခင်ဗျားဇနီးကို နောက်ဆို ဓာတ်ပုံပါ ရိုက်ပြီး ဖော်ပြပေးဖို့ ပြောပေးပါဦးဗျာ။ အမေရိကားမှာ ကားစုတ်ပဲ ၀ယ်နိုင်တဲ့ လူတွေကို အိမ်နီးချင်း တော်ရမှာ စိုးလို့ ဒီလိုလူမျိုးတွေ ရှိတဲ့ လမ်းထဲက အိမ်ဆိုရင်တောင် ဘယ်လောက် ကောင်းကောင်း မ၀ယ်ဘူးဆိုတဲ့ ခင်ဗျားက မြန်မာပြည်က အိမ်စုတ်တလုံးကို ဘာလို့များ အမွေလုနေရတာလဲ ကိုအောင်ဆန်းဦးရေ။ ကျနော်တို့ အဘွားကြီးနေတဲ့ အဲဒီ တိုက်အိုကြီးကို ခင်ဗျား မက်မယ် မထင်ဘူး။ ခုနေ တအိမ်လုံး ခင်ဗျား ယူလိုက်ပါတော့လို့ ကာယကံရှင်က ဆင်းပေးလဲ ခင်ဗျား လာနေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်က ဗွက်ထူ ခြင်ထူတယ်ဗျ။ ဒီတိုင်းပြည်မှာ မွေးပြီး ဒီတိုင်းပြည်မှာ ကြီးသွားပေမယ့် ခုလောက်ဆို ဖုံနံ့ မခံနိုင်၊ ခြင်မြင်မခံနိုင် ခင်ဗျား ဖြစ်နေရောပေါ့။ ခင်ဗျားဇနီးကတော့ မြန်မာပြည် ပြန်လာလည်တုန်းက ပြောရှာပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ ကိုယ်လာမနေနိုင်တဲ့ အိမ်တလုံးကို အမွေလှမ်းလုနေတဲ့ကိစ္စကို။ ဒီအိမ်ကို ရရင် ဒေါ်ခင်ကြည်ပြတိုက် ဖွင့်မလို့ပါတဲ့။ ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးကတော် အသည်းအသန် ဖြစ်နေတုန်းက ခင်ဗျားတို့ လင်မယား တခေါက်ကလေးမှ လာကြည့်ဖော် မရပါလားဗျာ။ ဒေါ်ခင်ကြည်ဟာ မမာမကျန်းဘ၀နဲ့ လပေါင်းများစွာ ကြာပြီးမှ ဆုံးသွားတာပါ။ ခင်ဗျားတို့ အမေ၊ ယောက္ခမကို လာကြည့်ချင်သပဆို လာဖို့ အချိန်တွေအများကြီး ရှိပါတယ်။ ဒေါ်စုလို အနီးကပ် ပြုစုစောင့်ရှောက်ပေးဖို့လောက်ထိ မပြောသေးဘူးနော်။ ဧည့်သည်တွေ့ လာတွေ့ချင်ရင်တောင် လာတွေ့ဖို့ အချိန်တွေ အများကြီးပါ။ အလုပ်များလို့ အချိန်မရှိဘူးလို့တော့ ခင်ဗျား မပြောနဲ့လေ။ အမွေလုဖို့ အမှုဖွင့်ပြီးမှ ခင်ဗျားတို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ဆိုပြီး အတောမသတ် လာနေတာကျတော့ အချိန်တွေ ဘယ်က ပြန်ထွက်လာလဲ။ တချိန်တုန်းက အဝေးကနေ နှစ်တိုင်း ပန်းခြင်းလေး တခြင်းပဲ မသဒ္ဓါရေစာ လှမ်းပို့နေကျ ခင်ဗျားအဖေရဲ့ အာဇာနည်နေ့မှာ ခုမှ ဘာလို့ လင်မယားတွဲပြီး ပန်းခွေတွေချပြ၊ ဓာတ်ပုံအရိုက်ခံပြီး အစိုးရ သတင်းစာတွေမှာ ထည့်ကြ လုပ်နေတာလ။ဲ ဒေါ်ခင်ကြည် လရှည် မမာတုန်းက မလာခဲ့တဲ့ ခင်ဗျားတို့ လင်မယား ဒေါ်ခင်ကြည်ဆုံးပြီဆိုမှ ရောက်ချလာတယ်။ ရက်လည်တဲ့အထိပဲ နေပြီး ချက်ချင်း ပြန်သွားတယ်။ ဒေါ်ခင်ကြည် ဆုံးတာ ၈၈ ဒီဇင်ဘာလကုန်ပိုင်းကပါ။ ၈၈ အရေးအခင်းပြီးလို့ လူတွေ ထောင်ချီ သေရတာ လပိုင်းလေး ရှိသေးတယ်။ မင်္ဂလာဒုံ လေဆိပ်ကို ခင်ဗျားရောက်တော့ ခင်ဗျား ပထမဆုံး ပြန်ရှူရတဲ့ ကျနော်တို့ နိုင်ငံလေထဲမှာ သွေးညှီနံ့တွေ ပါတယ်လို့ မထင်မိဘူးလားဗျာ။ အဲဒီအချိန်က ခင်ဗျားအမေအိမ်ကမှ မသာအိမ် မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကိုယ်နှိုက်က ကိုယ့်လူမျိုးတွေ သောက်သောက်လဲ သေထားရတဲ့ မသာအိမ်ကြီးပါ။ ဒီမသာအိမ်ကြီးကို ပြန်လာပြီး မသာရှင် မြန်မာလူမျိုးတွေကို ၀မ်းနည်းစကားလေး တချက်တောင် အားပေးနှစ်သိမ့်ဖော် မရဘဲ ခင်ဗျား ချက်ချင်း ပြန်ထွက်သွားတယ်နော်။ ခင်ဗျားဟာ ကျနော်တို့အတွက် အိမ်ရှေ့မင်းသားတပါး ဖြစ်ခဲ့ပါတယ် ကိုအောင်ဆန်းဦး။ ၈၈ အရေးအခင်းဖြစ်ခါနီးမှာ ကျနော်တို့ မင်းလောင်းလို မျှော်ခဲ့ကြတာ ခင်ဗျားကိုပါ။ ဒေါ်စု မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ကျနော်တို့ကို ကျူးကျော်ခဲ့တဲ့ ကိုလိုနီလုပ်ခဲ့တဲ့ နိုင်ငံဆိုတဲ့ အငြှိုးနဲ့ အင်္ဂလိပ်ကို လက်ထပ်ထားတဲ့ ဒေါ်စုအပေါ် ကျနော်တို့ မမျှော်လင့်ခဲ့ကြဘူး။ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သားကြီးသြရဿ ခင်ဗျားဟာ ခေါင်းဆောင်ငတ်နေတဲ့ မြန်မာပြည်ကို ပြန်လာပြီး ကယ်တင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားကို ကျနော်တို့ မင်းလောင်းမျှော် မျှော်ခဲ့ကြတယ်။ ခုချိန်မှာ ခင်ဗျားတို့ ဇနီးမောင်နှံ အိပ်မက်မက်နေတဲ့ မြန်မာပြည် နိုင်ငံရေးခေါင်းဆောင် နေရာဟာ လိုချင်ခဲ့ရင် တချိန်တုန်းက ခင်ဗျားအတွက် အဆင်သင့်ပါ။ ခင်ဗျားဇနီးက ဒီအိမ်မှာ လက်ရှိနေနေတဲ့ ဒေါ်စုကို ဖယ်ပြီး ဒေါ်ခင်ကြည် ပြတိုက် ဖွင့်ချင်လို့ပါ ဆိုတာကို အလိုလိုက်ရအောင် ခင်ဗျားဇနီးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ရော၊ ဒေါ်ခင်ကြည်နဲ့ရော ဘာများ ဆိုင်လို့လဲ တဆိတ် ရှင်းပြပါလားဗျာ။ သရဖူ မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဒေါ်လဲ့လဲ့နွယ်သိန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖေဖေဗိုလ်ချုပ်လို့ သုံးသွားတာတော့ သတိထားလိုက်မိပါရဲ့။ ခင်ဗျားဇနီးဟာ သူ တခါမှ မမြင်ဖူးလိုက်တဲ့ ယောက္ခမကို ဖေဖေဗိုလ်ချုပ် ခေါ်တာတော့ ဘယ်လို ခံစားပေးရမှန်း ကျုပ် နားမလည် နိုင်တော့ဘူး။ ဒေါ်စုတောင် သူ့အဖေကို ဖေဖေလို့ သုံးတာပဲ သိတယ်။ ဖေဖေဗိုလ်ချုပ်လို့ ခေါ်တာ မကြားမိဘူးဗျ။ ဒေါ်စု ဖအေကို ချွေးမလောက် မချစ်ဘူး ပြောရင်တော့ ခမျာ ခံရရှာမှာပဲ။ ယောက္ခမ မမာတုန်းက ဘယ်နား ရောက်နေမှန်း မသိတဲ့ ချွေးမက ယောက္ခမ သေမှ ဒီအိမ်ကို ပြတိုက်ဖွင့်ဖို့ အကြောင်းပြပြီး သမီးဆီက အမွေလုခိုင်းတာတော့ ခင်ဗျား မ,ဘက်လိုက်လို့ မိုက်ဘက် ပါပြီထင်တယ် ကိုအောင်ဆန်းဦး။ ထင်တာ မဟုတ်ပါဘူးလေ။ သေကို သေချာတာပါ။ ကျနော်တို့ မြန်မာအမျိုးသမီးတွေမှာ ချစ်ဖို့ကောင်းတဲ့ အကျင့်တခုက မိသားစုကိစ္စ အားလုံးကို သူတို့ ဦးဆောင် ကိုင်တွယ်နေရင် တောင် အိမ်ထောင်ဦးစီးနေရာမှာတော့ ယောက်ျားကိုပဲ စာရင်းပေးတတ်တဲ့ အကျင့်ပါ။ ဦးဆောင်သလားတော့ မမေးနဲ့၊ သူတို့ယောက်ျားတွေ သားသမီးတွေ ဘယ်လိုလူတွေနဲ့ ပေါင်းရမယ် မပေါင်းရဘူးကအစ ယောက်ျားရဲ့ လက်ဖက်ရည်ဖိုး ဆေးလိပ်ဖိုး ကိစ္စပါ သူတို့ အကုန် ဆုံးဖြတ်တယ်။ စိတ်မထင်ရင် ညမထွက်ရ လို့ ယောက်ျားကို သူတို့ မာရှယ်လော ထုတ်ရင်လဲ ခင်ဗျားမိတ်ဆွေ နအဖ၊န၀တတွေရဲ့ ဘာပုဒ်မ ညာပုဒ်မ အမိန့်တွေထက်တောင် ဆိုးသေး။ ဒါပေမယ့် သူတို့ ယောက်ျားတွေကို မယားကြောက် ပြောရင်တော့ သူတို့ မခံနိုင်ဘူးဗျ။ ယောက်ျားက သိပ်ညံ့ပြီး ကျမက သိပ်သိပ်တော်နေပါတယ်ဆိုတဲ့ အချိုးမျိုးလဲ သဘောထားပြည့်တဲ့ မြန်မာ အမျိုးသမီးတွေ မချိုးတတ်ဘူး။ ခင်ဗျား သဘောထားကြီးပြီး မိန်းမအပေါ် မာနမထားတတ်ကြောင်း ပြချင်ရင် တခြားနည်းနဲ့ ပြလို့ ရပါတယ်။ မိန်းမက တိုင်းပြည်ကို ပြဿနာရှာနေတာကိုတောင် ကြံရာပါပြီး ပါရမီ ဖြည့်ပေးတဲ့ နည်းနဲ့တော့ မြန်မာယောက်ျားတွေရဲ့ သိက္ခာကို မချပါနဲ့ဗျာ။ ကျနော်တို့ မြန်မာပြည်မှာ ယဉ်ကျေးမှုတခု ရှိပါတယ် ကိုအောင်ဆန်းဦး။ မြန်မာပြည်ကို အရိုင်းအစိုင်းတိုင်းပြည်လို့ ခင်ဗျား မြင်နေရင်တော့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး သုံးလိုက်တာ ကျနော်တို့ အရိုင်းအစိုင်းတွေနဲ့ မတန်ဘူးလို့ ခင်ဗျား ပြောချင်မလားပ။ဲ ကျနော်ဆို ကားစုတ်မပြောနဲ့၊ စက်ဘီးစုတ်တောင် မ၀ယ်နိုင်တဲ့လူဆိုတော့ ကျနော်လို မြန်မာပြည်သား ငမွဲက ခင်ဗျားကို သခင်ကြီးလို့ မခေါ်ပဲ ခင်ဗျားတွေ ကျနော်တွေနဲ့ ပြောနေတာကို ခင်ဗျား နာမလားလဲ မပြောတတ်ဘူးဗျ။ ကျနော်တို့ ယဉ်ကျေးမှု ဆိုတာက အားနည်းသူတွေ၊ ကူညီဖို့ လိုအပ်နေသူတွေကို သက်ညှာရတဲ့၊ အလိုက်သိ ဖေးမ,ပေးရတဲ့ ယဉ်ကျေးမှုပါ။ မြန်မာပြည်မှာ ကက်ဆက် အသံကျယ်ကျယ် ဖွင့်နေကျ လက်ဖက်ရည်ဆိုင်တွေတောင် ကလေးတွေ စာမေးပွဲရက်ဆိုရင် ကက်ဆက်သံ လျှော့ပေးရပါတယ်။ ရပ်ကွက် ဘုံကထိန်အတွက် အလှူငွေ ကောက်ဖို့လာတဲ့ အရပ်လူကြီးတွေလဲ မသာအိမ်ဆို မကောက်ဘဲ ချန်ခဲ့ရပါတယ်။ သူ့အပူနဲ့သူမို့ ဖေးမတဲ့ အနေနဲ့ပါ။ မြေနိမ့်လှံစိုက် မလုပ်ရတာ မြန်မာ့ယဉ်ကျေးမှုပါ။ ခင်ဗျားနှမကို သေအောင် မနာလိုဝန်တိုဖြစ်ပြီး မုန်းနေဦးတော့၊ သူ ဒီလောက် အကျယ်ချုပ်တွေ ဆက်တိုက်ခံနေရတဲ့ အချိန်မှာ နေစရာ အိမ်ပျောက်အောင် အမွေလုစရာလားဗျာ။ ဒီအိမ်က ဆင်းပေးရရင် ဒေါ်စုမှာ သွားနေစရာ အင်းစိန်ထောင်ပဲ ရှိတော့တာ ခင်ဗျားလဲ အသိပါ။ မြင့်ဆန်းအောင်နဲ့ မောင်ထိန်လင်းက သူတို့အမေအတွက် အိမ်တလုံးတော့ ၀ယ်ပေးနိုင်မှာပါလို့ ခင်ဗျား ပြောမလို့လား။ အရှင်လတ်လတ် သွားလေသူ ဗိုလ်ချုပ်ခင်ညွန့် အာဏာရှိတုန်းက သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာမိုက်ကယ်အဲရစ် သူ့ဇနီးဆီ ပို့တဲ့ အစားအသောက် ပါဆယ်စာရင်းကို ဖတ်ပြလို့ ဆတ်ဆတ်ထိ မခံနိုင်တဲ့ ဒေါ်စုက မိသားစုဆီကတောင် ဘာမှ လက်မခံတော့လို့ ဒေါက်တာမိုက်ကယ် စိတ်မကောင်း ဖြစ်ခဲ့ရတာ ခင်ဗျား မှတ်မိမှာပါ။ (နှုတ်ခမ်းတလန် ပန်းတလန် ဒီလို ရန်ထောင်ရ၊ စောင်းရ မြောင်းရမှာ မရှက်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ မနာလိုရင် မနာလိုသလို ပြဿနာရှာတတ်တဲ့ အကျင့်တွေကိုတော့ ဗိုလ်တေဇရဲ့ သားကြီးသြရဿ အတုမရစေချင်ဘူးဗျာ။) ဒီတော့ သားနှစ်ယောက်ပေးတဲ့ အထောက်အပံ့ကိုလဲ နိုင်ငံခြားအကူအညီယူတယ် အစွပ်စွဲ မခံနိုင်လို့ လက်မခံဘူးဆိုရင် ဒေါ်စု ဘယ်သွားနေရမလဲ။ နေစရာ အိမ်မရှိရင် သူ့ကို ထောင်ထဲ ထည့်ထားပါလို့ စစ်အစိုးရကို ခင်ဗျား တဖက်လှည့်နဲ့ ခိုင်းနေတာလား။ ခင်ဗျားဇနီးဟာ အင်ဒီရာဂန္ဒီရဲ့ ချွေးမတွေ ယောက္ခမမျက်နှာ လင်သားမျက်နှာနဲ့ နိုင်ငံရေးနယ်ထဲ ရောက်လာသလို မြန်မာ့နိုင်ငံရေး နယ်ထဲ ၀င်ချင်၊ နေရာယူချင်တဲ့ စိတ်ကလေး ရှိနေမှန်း ကျနော် သတိထားမိပါတယ်။ ဒါပေမယ့် အနာခံမှ အသာစံရ ဆိုတဲ့ မြန်မာရိုးရာ စကားပုံလေးကိုတော့ ခင်ဗျားဇနီးကို ပြောပြပြီး အကြံပေးပါဦးဗျာ။ တိုင်းပြည် ဒုက္ခရောက်နေတုန်းတော့ မြန်မာပြည်ကို တိုးရစ်လာ လာလည်၊ ပြန်သွား လုပ်နေပြီး စစ်အစိုးရ ဖြစ်ချင်တဲ့ ကန့်သတ် ပါလီမန် ပေါ်လာပြီးတဲ့ တချိန်ကျမှ အမတ်လောင်းအဖြစ် အဆင်သင့် လာအရွေးခံမယ် စိတ်ကူးယဉ်နေရင်တော့ ကျနော် ဗေဒင်ဟောလိုက်မယ်။ မယုံမရှိနဲ့၊ ရှုံးမှာ သေချာပေါက်ဗျ။ ခင်ဗျားဇနီးက အင်တာဗျူးမှာ သရဖူ မဂ္ဂဇင်းကို ဖြေရှာတယ်။ အလှအပ ပစ္စည်းဆို အယ်လစ်ဇဘက်ကာတန်ပဲ သုံးတယ်တဲ့။ အယ်လစ်ဇဘက် ကာတန်ဆိုတာ ခင်ဗျားဇနီး ပြောလို့ ကမ္ဘာကျော် အလှကုန်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတခု ဖြစ်မယ်လို့ မှတ်သားရပါရဲ့။ အပျိုပေါက် ကတည်းက နိုင်ငံခြားမှာ နေခဲ့တဲ့ ကျနော်တို့ အဘွားကြီး ဒေါ်စုဆီကတော့ အယ်လစ်ဇဘက်ကာတန်တွေ ဘာတွေအကြောင်း ပြောသံ တခါမှ မကြားမိဘူးဗျ။ အဘွားကြီးက ပန်းတော့ ကြိုက်တယ်။ သနပ်ခါးလဲ ကြိုက်မယ်ထင်တယ်။ ရွှေဘိုသနပ်ခါးခေါက်နဲ့ ရှင်မတောင် အပွေးတုံးနဲ့ ဘယ်ဟာပိုကောင်းလဲ မေးရင်တော့ အဘွားကြီး ဖြေနိုင်မှာပါ။ အယ်လစ်ဇဘက် ကာတန်တို့ ရယ်ဗလွန်တို့အကြောင်း ဆွေးနွေးရင်တော့ ခင်ဗျားဇနီးလို သွက်သွက်လက်လက် မပြောနိုင်ရှာဘဲ မျက်စိပေကလပ် ပေကလပ် ဖြစ်နေရှာမယ့် ကျနော်တို့ အဘွားကြီးကို မြင်ယောင်တယ်။ သနပ်ခါးအကြောင်း မေးရင်တောင် အဘွားကြီးက ခုနေ သိပ်ပြောချင်မှ ပြောတော့မယ်။ ၅၀ ကျော်ကတည်းက ဒေါ်စုဟာ နိုင်ငံရေး တဖက်၊ ဘုရားတရားတဖက် ဘ၀ခရီး ဆက်နေပြီလို့ သိရလို့။ ကျနော်တို့ တိုင်းပြည်မှာ အသက် ၅၀ ကျော်တွေ ဘုရားတရားလုပ်တာ ရှက်စရာ မဟုတ်ဘူးဗျ။ ၅၀ ကျော်တဲ့အထိ ဘာသာရေးကို ပစ်ပယ်ပြီး ကာလသားသမီးလို ကဲနေရင်သာ ချာတိတ်တွေကအစ မကြည်ညိုတာ။ ခင်ဗျားလဲ ရင့်ကျက်ပါတော့ ကိုအောင်ဆန်းဦးရေ။ ဗိုလ်ချုပ်သားလေးဆိုပြီး အဖေ့မျက်နှာနဲ့ ခွင့်လွှတ်ရအောင်ကလဲ ခင်ဗျား ကျနော်တို့ထက် အသက်ကြီးပါတယ်။ ကိုအောင်ဆန်းဦးရေ... ခင်ဗျားဇနီးက ဆောင်းပါးထဲမှာ ရေးတယ်။ ကျမဟာ အဖြူတွေကြားမှာ အ၀တ်အစား ၀တ်တတ်သူလို့ ချီးမွမ်းတာ ခံရတယ်တဲ့။ ခင်ဗျားဇနီးက အနောက်တိုင်းသားတွေကို အဖြူတွေလို့ သိပ်အထင်ကြီးပုံ ရတယ်။ မြန်မာပြည်က နေပူထဲ ကြီးခဲ့ရတဲ့ ကျနော်တို့အသားကတော့ ညိုသဗျ။ အ၀တ်အစား ၀တ်တတ်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖော်ပြတဲ့ မစ္စက် အောင်ဆန်းဦးဟာ ဘယ်လောက်ပဲ ရှိုးကောင်းချင် ကောင်းပါစေ၊ ကျနော်တို့တော့ ငါးပိတော ဖုန်တောထဲမှာ တသားတည်း နေတဲ့ ကျနော်တို့ အဘွားကြီး ပဲ ချစ်တယ်ဗျာ။ သူက ကျနော်တို့နဲ့ အတူ ရှိတာကိုး။ ကားမရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေကိုလဲ သူ လာတတ်တယ်။ ကားစုတ်ရှိတဲ့ လမ်းဆို မနေဘူးဆိုတဲ့ ခင်ဗျားလိုများ အဆင့်အတန်း မြင့်ရရင်တော့ ဒေါ်စုခမျာ စစ်အစိုးရလုပ်မှ အကျယ်ချုပ်ကျမှာ မဟုတ်ဘဲ သူ့ဟာသူ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ အကျယ်ချုပ် လုပ်နေဖို့ပဲ ရှိတော့တယ်။ မြန်မာပြည်မှာ အမေရိကန်ပေတံနဲ့ တိုင်းရင် ကားစုတ် မရှိတဲ့ လမ်းဆိုတာ ရွှေတောင်ကြားတောင် ပါချင်မှ ပါမှာဗျ။ အဘွားကြီးနေတဲ့ လမ်းကတော့ ဝေးရော့ပဲ။ ဒီက ကားသစ်တွေတောင် ခင်ဗျားတို့ အမြင်မှာ မော်ဒယ်အောက်နေပြီကိုး။ ခင်ဗျား ဘာလို့များ ကားစုတ်တွေ ရှိတဲ့လမ်းက အိမ်စုတ်ကြီးကို အမွေလာလုပါလိမ့်ဗျာ။ ကိုအောင်ဆန်းဦးရေ။ တချိန်က မြန်မာတွေ မင်းလောင်းမျှော် မျှော်တာ ခံခဲ့ရတဲ့ ခင်ဗျား... အမျှော်ကြီး မျှော်နေတုန်းကတော့ မလာခဲ့ဘဲ၊ ဒေါ်ခင်ကြည်သေလို့ လာတာတောင် ဧည့်သည်လာ လာပြီး ဧည့်သည်ပြန် ပြန်သွားခဲ့တဲ့ ခင်ဗျား... ခုချိန်ကျမှ ခင်ဗျားဇနီးအတွက် မြန်မာ့နိုင်ငံရေးပလ္လင် အဆင်သင့် ဖြစ်နေချင်တယ်ဆိုရင်တော့ သိပ်နောက်ကျသွားပါပြီဗျာ။ တိုင်းပြည် က တချိန်တုန်းက ခင်ဗျားကို သိပ်ပေးချင်ခဲ့တဲ့ နေရာကို ခုမှ ခင်ဗျားဇနီး ယူစေချင်တယ် ဆိုရင်လဲ ခင်ဗျားရဲ့ မယားရှိခိုး သွားမကျိုး သဘောထားကို မဝေဖန်ချင်ပေမယ့် ခင်ဗျားမိန်းမအတွက် မပြောနဲ့၊ ခင်ဗျားအတွက်ဆိုရင်တောင် ခုမှတော့ မရနိုင်တော့ဘူး၊ သိပ်နောက်ကျသွားပြီလို့ ပြောပါရစေ။ ကျနော်တို့ မျှော်လင့်တုန်းမှာ ပေါ်မလာခဲ့တဲ့ အိမ်ရှေ့မင်းသား ခင်ဗျားဟာ ခုတော့ နန်းမရခင်က နန်းကျသွားခဲ့ပါပြီ။
    Labels:
    posted by Anonymous @ 11:22   2 comments
    Aung San
    Name: အာလူးလေး
    Home:
    About Me:
    See my complete profile
    Previous Post
    Archives
    Links
    Blog Links
    Burma Cyclone
    Powered by
    BLOGGER
    Go To Top
    ဒီမိုကရေစီအရေးတော်ပုံမုချအောင်ရမည်
    hit counter
    © 1988 NLD(LA)JB Article Blogspot Template by NLD Generations