ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ် .. ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များအားလုံး ချက်ချင်းလွှတ်..နအဖ အခြေခံဥပဒေနှင့် ပြည်သူ့ဆန္ဒခံယူပွဲ အလိုမရှိ..
News Article Photo Poem Video Cartoon Music
သစ္စာအဓိဌာန်
VOW
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သစ္စာအဓိဌာန်
The Oath Of The National League For Democracy
၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီအရေးတော်ပုံ ခေတ်အဆက်ဆက်တွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲ ၀င်သွားရန် သစ္စာအဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.
ဂျပန်ဘာသာဖြင့် ကြည့်ရှု့ရန်
See Japanese
  • ဂျပန်ဘာသာဖြင့်
    See Japanese
  • အင်္ဂလိပ်ဘာသာဖြင့် ကြည့်ရှု့ရန်
    See English
  • အင်္ဂလိပ်ဘာသာဖြင့်
    See English
  • ရွှေခမောက်သတင်းစဉ် ကြည့်ရှု့ရန်
    See Shwe Khamauk News
  • အမှတ်(၈၇)
  • အမှတ်(၈၆)
  • Activity Video
    About Us
    ဆက်သွယ်ရန်
    Soe Moe Naing
    Editor & Webmaster
    soemoenaing_jp@yahoo.com
    Zayar Min Tun
    Deputy Editor
    zayarmintun@yahoo.com
    Htun(Ko Pwar)
    Photo Editor
    Kay Thi Thein
    Japanese Website Editor
    U Min Gaung Kyaw
    Video Editor
    Zayar Win
    News Editor & Office Staff
    ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း
    Sunday 31 January 2010
    ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း
    E-mail Print
    ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပြည်သူလူထုက ချစ်ခင် လေးစား အားထားသည့် အထင်ရှားဆုံး ခေါင်းဆောင်ဖြစ်သည်။
    အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာမှ ပြီးခဲ့သည့်လတွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်း ခံနေရသည့် အချိန် စုစုပေါင်းမှာ ၁၄ နှစ် ပြည့်တော့မည် ဖြစ်သည်။
    ၁၉၈၈ ခုနှစ်မှ ယနေ့အထိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သည့် ထူးခြား ထင်ရှားသည့်ဖြစ်ရပ်များကို ဖော်ပြလိုက်ပါသည်။ သူနှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာ့နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်တချို့၏ ပြောကြားချက်များကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါသည်။
    ၁၉၈၈  သြဂုတ် ၂၄
    ဦးနေဝင်း၏ တပါတီအာဏာရှင်အစိုးရကို ဆန့်ကျင်သည့် ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလအတွင်း ရန်ကုန်ဆေးရုံကြီးရှေ့တွင် မိန့်ခွန်း ပြောကြားသည်။ လူထုနှင့် ပထမဆုံးအကြိမ် ထိတွေ့မှု ဖြစ်သည်။
    “ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ နေတာများတော့ ဗမာလို ပြောတတ်ပါ့မလားလို့ ကျနော်တို့ စိတ်ထဲမှာ သံသယ ရှိတယ်။ ပရိသတ်နဲ့ ပြောတဲ့အခါ ဘယ်လို နေမလဲ ဆိုပြီး စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီမှာပြောတာ အင်မတန် ကောင်းပါတယ်။  တကယ်တမ်းတော့ ဒေါ်စုက ကျနော်တို့ထက် ပိုပြီးတော့ စကားလုံးရွေးချယ်မှု တိကျ မှန်ကန်တယ်” ဟု စာရေးဆရာ မောင်မိုးသူက ပြောသည်။
    ၁၉၈၈  သြဂုတ် ၂၆
    ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သို့ လူထု ပရိသတ် ၅ သိန်းခန့် တက်ရောက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေးကို တောင်းဆိုပြီး ပြည်သူ လူထု ညီညွတ်ကြရန် တိုက်တွန်းသည်။ (စက်တင်ဘာ ၁၈ တွင် မြန်မာ့ တပ်မတော်က ဦးနေဝင်းအစိုးရထံမှ အာဏာ သိမ်းယူလိုက်သည်။)
    ၁၉၈၈ စက်တင်ဘာ ၂၇
    ၁၉၈၈ နောက်ပိုင်း အင်အား အကောင်းဆုံး၊ အထင်ရှားဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲ့စည်းသည်။
    “အဖွဲ့ချုပ်ကို တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ဖွဲ့စည်းခဲ့တာပဲ” ဟု အဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။
    ၁၉၈၈ ဒီဇင်ဘာ ၂၇
    မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည်။ ထောင်သောင်းချီသော လူထုကြီးက ဈာပနအခမ်းအနားကို ငြိမ်းချမ်းစွာ လိုက်ပါ ပို့ဆောင်သည်။ စစ်အစိုးရ ခေါင်းဆောင် တချို့လည်း ဈာပနသို့ တက်ရောက်သည်။
    ၁၉၈၉ ဧပြီ ၅
    ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်စဉ် ဓနုဖြူမြို့ အရောက်တွင် စစ်သားများက တားဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ရန် ဗိုလ်ကြီး မြင့်ဦးက စစ်သား ၆ ယောက်အား  အမိန့်ပေးနေစဉ် ဗိုလ်မှူး ၂ ဦးက ဝင်ရောက် တားဆီးခဲ့သဖြင့် အသက် အန္တရာယ်မှ လွတ်မြောက်သွားသည်။
    ၁၉၈၉ ဇူလိုင် ၂ဝ
    နေအိမ်တွင် ၆ နှစ်ကြာ စတင် ထိန်းသိမ်းခံရသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် ၁ဝ လ အကြာတွင် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။
    ၁၉၉ဝ မေ ၂၇
    ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုင်ငံအနှံ့တွင် ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရသော်လည်း အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့်  အနိုင်ရသည်။
    ၁၉၉၁ ဒီဇင်ဘာ ၁ဝ
    ၁၉၉၁ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိသည်။ ဆုရရှိခြင်းကို ထောက်ခံသည့် ဆန္ဒပြပွဲ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားရာ ကျောင်းသား အများအပြား ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။
    “မတရား ဖမ်းဆီးခြင်း ခံထားရတဲ့ ခေါင်းဆောင် တယောက် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိတဲ့ဟာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ အဲဒီခေါင်းဆောင် လွတ်မြောက်ဖို့ အတွက် ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသား အယောက် ၂ဝဝ ကျော် မတရား ဖမ်းဆီးခြင်း ခံလိုက်ရတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးနဲ့ ဖိနှိပ် အုပ်ချုပ်ခဲ့တာ ခုအချိန်အထိ နှစ် ၂ဝ ကျော်ခဲ့ပါပြီ” ဟု ၁၉၉၁ ဒီဇင်ဘာ ၁ဝ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။
    ၁၉၉၄ စက်တင်ဘာ ၂ဝ
    ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။
    ၁၉၉၅ ဇူလိုင် ၁ဝ
    ၆ နှစ်ကြာ အကျယ်ချုပ်မှ လွတ်မြောက်သည်။ နေအိမ်ရှေ့သို့ သွားရောက် စုဝေးသော ပြည်သူလူထုကို စနေ တနင်္ဂနွေ ညနေပိုင်းများတွင် မိန့်ခွန်းပြောသည်။ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုတို့ တွေ့ဆုံမှုကို ဟန့်တားရန် ၁၉၉၆ နိုဝင်ဘာလတွင် တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့လိုက်သည်။
    ၁၉၉၅ ဒီဇင်ဘာ ၂၈
    ၁၉၉၃ တွင် အစပြုခဲ့သည့် အမျိုးသား ညီလာခံကို လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့် ရသည့်အချိန်မှ ပြန်လည် တက်ရောက်မည်ဟု ဆိုပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်များ ညီလာခံမှ ထွက်ခွာကြသည်။
    ၁၉၉၆ မတ် ၁၃
    လူရွှင်တော် ဦးပါပါလေး၏ အမှုတွင် သက်သေ လိုက်ရေး အတွက် မန္တလေးသို့ သွားရန် စီစဉ်ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြပြီး ဖြုတ်သိမ်းကာ ခရီးစဉ်ကို တားဆီးလိုက်သည်။
    ၁၉၉၆ နိုဝင်ဘာ ၉  
    ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်သည်။ ယာဉ်မောင်းသူများက တိုက်ခိုက်မှုကြားမှ မောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။
    ၁၉၉၈ ဇူလိုင် ၂၃
    ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြို့များသို့ သွားရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းရာ အာဏာပိုင်တို့က တားဆီးလိုက်သည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ တားဆီးခံရသည်။ နောက်ဆုံးတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်လိုက်သည်။
    ၁၉၉၈ စက်တင်ဘာ ၁၆
    တိုင်းရင်းသားပါတီ ၄ ခုနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ပေါ်ပေါက်ရေးအတွက် ဦးဆောင် ပါဝင်သည်။ ဤကော်မတီ ဖြစ်မြောက်ရေးအတွက် လပေါင်း အတန်ကြာ အချိန်ယူပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။
    “မြန်မာပြည်ကို ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမယ် ဆိုတာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ တကယ်ကို ပကတိ အခြေအနေက ရှိနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ဆွေးနွေး ပြီးတော့ ပြည်ထောင်စုနိုင်ငံ ထူထောင်ရမယ် ဆိုတာ ပြောလည်း ပြောတယ်၊ ယုံလည်း ယုံကြည်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
    ၁၉၉၉ မတ်
    ကင်ဆာရောဂါ ဖြစ်ပွားနေသော ခင်ပွန်းသည် မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် စစ်အစိုးရကို မေတ္တာ ရပ်ခံသည်။ စစ်အစိုးရက ပြည်ဝင်ခွင့် မပြုပေ။ ထိုလ ၂၇ ရက်နေ့တွင် မိုက်ကယ်အဲရစ် ကွယ်လွန်သည်။
    ၂ဝဝဝ သြဂုတ် ၂၄  
    ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ လမ်းတွင် ပိတ်ဆို့ တားဆီးခံရသည်။ ၉ ရက်အကြာတွင် အာဏာပိုင်တို့က လုံထိန်း အင်အား ၂ဝဝ ခန့်ဖြင့် ဝိုင်းဝန်း ဖမ်းဆီးပြီး နေအိမ်သို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။
    ၂ဝဝဝ စက်တင်ဘာ ၂၁
    မန္တလေးသို့ ခရီးထွက်ရန် စီစဉ်နေစဉ် ရန်ကုန်ဘူတာကြီးတွင် တားဆီးခံရသည်။ နေအိမ်သို့ ကြမ်းကြမ်းတမ်းတမ်း ပို့ဆောင်ခံရပြီး ၂ နှစ် နီးပါး အကျယ်ချုပ် ချခံရသည်။
    ၂ဝဝ၂ မေ ၆
    ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည်။
    ၂ဝဝ၃ မေ ၃ဝ
    မြန်မာပြည်အနှံ့ ခရီးထွက်စဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၅ဝဝဝ ခန့်၏ တိုက်ခိုက်မှုကို ခံရသည်။ ကားမောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း နောက်တနေ့တွင် ရေဦးမြို့၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။
    ၂ဝဝ၃ စက်တင်ဘာ
    ကျန်းမာရေး ထိခိုက်သဖြင့် အာရှတော်ဝင် ဆေးကုခန်းသို့ တက်ရောက် ကုသမှု ခံယူသည်။ ဆေးရုံမှ ဆင်းပြီးသောအခါ နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခံရသည်။ တတိယအကြိမ် နေအိမ် အကျယ်ချုပ် ချခံရခြင်း ဖြစ်သည်။
    ၂ဝဝ၇ စက်တင်ဘာ ၂၂
    ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ရှေ့သို့ ရောက်လာသည့် ချီတက် ဆန္ဒပြသူ သံဃာတော်များကို ခြံတခါးဝသို့ ထွက်ပြီး အရိုအသေပေးသည်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူထုနှင့် တွေ့ခွင့် ရလိုက်ခြင်းဖြစ်သည်။
    ၂ဝဝ၉ မေ ၁၄
    နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်သည့် အချိန်တွင် နေအိမ်သို့ နိုင်ငံခြားသား တဦး ဝင်ရောက်ခဲ့သောကြောင့် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။
    ၂ဝဝ၉ မေ ၂ဝ
    အင်းစိန်ထောင်အတွင်းရှိ တရားခွင်သို့ ရန်ကုန် အခြေစိုက် သံတမန်များ ရောက်ရှိသွားသည်။ ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကသာ ဆန္ဒရှိကြမယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်ဟု သံတမန်များမှတဆင့် ပြောကြားလိုက်သည်။
    posted by Anonymous @ 07:16   0 comments
    Tuesday 26 January 2010
    ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
    ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း....။
    ပျော်လိုက်ကြသည်ဖြစ်ခြင်း....။
    လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်...နှစ်သစ်ကူးရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ
    စိုက်ထူခဲ့ကြသည့်ည....။
    အကယ်ဒမီည။
    ထိုနေ့...ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။
    ရုပ်ရှင်အနုပညာလောကနှင့် တဖက်သက် ကွားရှင်းပြတ်စဲ ပြီးစီးခဲ့သည်မှာ ( ၂ ) နှစ်ကျော် ( ၃ ) နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။
    အကြောင်းရင်းစစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ပေါ် အခြေခံသွားသည်။
    မိမိသည် အော်ဟစ်ဆူပူသောင်းကျန်း မိသူမဟုတ်။
    မိမိသည် လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ
    လက်နှစ်ဘက်ကို မိမိပခုံးထက်ထိပင် မ မခဲ့။
    ရှိစေတော့...ကိုယ့်ကံနှင့်ကို ကမ္ဘာမြေကြီး ပေါ်ရှိ မြန်မာပြည်ကြီး ထဲသို့ရောက်လာခဲ့ပြီးကိုး။့
    သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။
    ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။
    မိမိ၏ ပိရိတ်သတ်၊ မိမိ၏ ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။
    မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာမတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူ ပြည်သား များအပြင် နိုင်ငံရပ်ခြားမှမိမိတို့ မြန်မာပြည်အတွင်း တွင်ဘ၀ပြောင်းသွားသောသူများ...အားလုံး ..အားလုံး...ငြိမ်းချမ်း လှပအဆင်ပြေမှုရှိအောင် အခမဲ့ အသုဘ ၀န်ဆောင်မှုဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူမှုရေးအသင်းအဖွဲ့ပေါ်ပေါက်လာအောင် စတင်ဖွဲ့စည်း မျိုးစေ့ချ ပေးခဲ့သော ဘဘ ဦးသုခ၏ကျေးဇူးနှင့် တရားသဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)ကို လွယ်ကူစွာရှာဖွေ ဖော်ထုတ်ပေးခဲ့သော အမိမြန်မာပြည်၏ ကျေးဇူးတရားများပင်ဖြစ်တော့သည်။
    “သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်။ ” ...... မဟုတ်ပါလား။
    သို့သော်
    အများအကျိုး ရွက်သယ်ပိုးက
    ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
    မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
    စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့....။
    ဟူသော ရွှေဟင်္သာဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။
    ဘဘ(ဦးသုခ)၏ ဖေးမမြှင့်တင်မှုစွမ်းအားနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ငွေအား၊ လူအား၊ဥာဏ်အားနှင့် ကိုယ့်ထမင်းကိုယ်စား ကိုယ့်စားရိတ်နှင့်ကိုယ်သွား၍ ပြည့်သူ့အကျိုး ထမ်းဆောင် မှုပြုကတည်းက...မိမိနှင့် ရုပ်ရှင်မရိုက်ချင်သော ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ မင်းသမီးများ ထူးဆန်း အံ့သြဖွယ် ပေါ်ထွက်လာခဲ့သည်။ ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူ့အရေးကိစ္စကို မျက်ကွယ်ပြု၍ မိမိအား ရွံရှာသူ၊ မင်္ဂလာ မရှိသူ၊ လာဘ်ပိတ်သူအဖြစ် သတ်မှတ်အကျင်ခံခဲ့ရပါသည်။
    လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရှာဖွယ် ကြောက်ရွံ့ဖွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားပြန် ပါပြီ။ ယခင်က ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံကူညီဖေးမခဲ့သောသူများပင် လမ်းတွေ့လျှင် မခေါ်ရဲ၊ မခေါ်ချင်၊ မပြောရဲ၊ မပြောချင်၊ မမြင်ချင်ဟန် ဆောင်သွားကြသည်။ တယ်လီဖုန်းလေးပင်ဆက်၍ စကား ပြောဖော်မရှိတော့။
    တော်လိုက်သည့် ......အနုပညာရှင်
    ပြောင်မြောက်လိုက်သည့်.......... အနုပညာရှင်
    ထူးချွန်လိုက်သည့် ........ အနုပညာရှင်
    များပင်ဖြစ်တော့သည်။
    အရင်းစစ်သော်..ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်တော့သည်။
    ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
    ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း....။
    ပျော်လိုက်ကြသည်ဖြစ်ခြင်း....။
    ယခင်နှင့်ယခု မတူတော့...။
    ယခင် အနုပညာလောကမှာ လှုပ်ရှားမှုများက.......... အတ္တဟိတ။
    ယခု လူမှုရေးလောကမှာ လှုပ်ရှားမှုများက.............ပရဟိတ။
    ယခင်နှင့်ယခု ကွာခြားလှသည်.....။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမခဲ့ဖူးပါသည်။
    မောင်ကျော်သူ.....မင်းအီတလီဝန်ကြီးချုပ်ကိုသိလား? (မသိပါ)
    .....မင်းပြင်သစ်သမ္မတကိုသိလား? (မသိပါ)
    ......မင်းချာလီချက်ပလင်ကိုသိလား? (သိတာပေါ့)
    အေး.....အဲ့ဒါပဲကွ..အနုပညာသည်ဆိုတာ လူတိုင်းသိတယ်။ စစ်မှန်တဲ့အနုပညာသည်ဆိုတာ လူတိုင်းလေးစားတယ်။
    ဒါကြောင့်....အနုပညာသည်လုပ်တဲ့....အကျိုးပြုလုပ်ငန်းဆိုတာ..."အောင်မြင်ရမယ်" တဲ့။
    ဘဘဦးသုခစကားသည်............
    မိမိအတွက် အားဆေးတစ်ခွက်ပင်ဖြစ်တော့သည်။
    ဒါကြောင့် ထိုအချိန်မှစ၍ မိမိသည်....အသက်မရှိသူတို့နှင့်သာ ပတ်သက်သွားတော့သည်။
    မိမိသည်.....လူတိုင်းမသွားချင်သော သင်္ချိုင်းသုဿန်သို့ အမြဲသွားနေသည်။
    မိမိသည်.....လူတွေမေ့ချင်ယောင်ဆောင်မှုကို သိလာသည်။
    မိမိသည်.....လူတွေမသိသောအရာများကို မြင်လာသည်။
    ထို့ကြောင့်- မိမိ၏ အနုပညာနှလုံးသားကို ငြိမ်းချမ်းမှုအတွက် စတေးပစ်လိုက်တော့သည်။
    ဤတွင်....ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှမထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံးစကားရပ်ကို ကြားယောင်မိပါသည်...။
    “မောင်ကျော်သူ...မင်းနဲ့ဘဘက အကျိုးပေးတယ်...ကက်ကင်း” တဲ့
    ဟုတ်ပေသားပဲ....
    သုခ ၊ ကျော်သူ ။
    (သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)
    ကျော်သူ ၊ သုခ ။
    (တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။
    ထိုအခါ...မိမိ၏ဦးနှောက်ထဲ ဖျတ်ခနဲပေါ်လာ၍ ဆတ်ခနဲပြန်ပြောမိသည်။
    “ ဟာ..ဘဘ...ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့...”
    “ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ကျော်သူ လေ”...။
    “ မှန်လိုက်လေ...... ဟုတ်လိုက်လေ....မောင်ကျော်သူရယ်တဲ့..” တဲ့
    ဟုတ်ပါတယ်.... မောင်မောင်(ကျော်ဝင်း) ဆိုတဲ့လူတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်လာပြီး “ကျော်သူ” ဟူသော အမည်နာမနှင့် ဘ၀ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ....“ကက်ကင်း”ကိုက်ပြီး သင်္ချိုင်းမြေနှင့် အကျိုးပေးခဲ့ရသည်မှာ ယနေ့တိုင်....။
    မိမိပီတိဖြစ်လိုက်ရသည်............ဖြစ်ခြင်း။
    မိမိရင်ခုန်လိုက်ရသည်..............ဖြစ်ခြင်း။
    မိမိပျော်လိုက်ရသည်................ဖြစ်ခြင်း။
    သို့သော်...အားလုံး..အားလုံး..အလုံးစုံတို့သည်...အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
    တရားသိသလိုလို..တရားရှိသလိုလိုနဲ့
    ငါ့နောက်မလိုက်ခဲ့နဲ့။
    ကျော်သူ
    အမွေ
    အဘလမ်းပြခဲ့တဲ့ ........ အမွေ
    အဘလမ်းညွှန်ခဲ့တဲ့ ..... အမွေ
    အဘဦးဆောင်ခဲ့တဲ့ ..... အမွေ
    အဘမျိုးစေ့ချခဲ့တဲ့ ..... အမွေ
    အဘရဲ့ အမွေ ..... အားလုံးနဲ့ ဆိုင်တဲ့အမွေ
    ......................... အားလုံးပိုင်တဲ့အမွေ
    ဒီ အမွေကို အပွန်းအပဲ့မခံနိုင်
    အနိုင်ကျင့်မခံနိုင်
    အစော်ကားမခံနိုင်။
    တန်ဖိုးမဖြတ်နိုင်တဲ့........... အမွေ။
    အဘရဲ့အမွေကို တိုးပွါးအောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ အလုပ်။
    အဘရဲ့အမွေကို မြင့်မားလာအောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ တာဝန်။
    အဘရဲ့အမွေကို ဂုဏ်ရှိန်မြင့်အောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ ဝတ္ထရား။
    အဘရဲ့အမွေကို သမိုင်းထူနိုင်အောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ အဓိဌာန်။
    ဒီ..... အမွေကို ထိပါးစော်ကား အနိုင်ကျင့်လာရင်တော့ ဗြဟ္မစိုရ်တရား
    လက်ကိုင်မထားနိုင်တော့ ....
    သွေး ...... သွေးခြင်း
    အသက် ....... အသက်ခြင်း
    သမိုင်း ....... သမိုင်းခြင်း လဲရန်အသင့်။
    အဘယ့်ကြောင့်နည်း ? ။ .... အဘရဲ့ အမွေသည် ဗုဒ္ဓရဲ့အမွေ ပင် ဖြစ်တော့သည်။
    အဘရဲ့ အမွေသည် (၇)ရက်သားသမီး လူမျိုး ဘာသာ ၊ ဆင်းရဲချမ်းသာ ၊ မိတ်ဆွေရန်သူ မရွေး နာရေးကိစ္စ များကို အခမဲ့ကုသိုလ်ဖြစ် သဂြိုင်္လ်ပေးသော နာရေးကူညီမှုအသင်း (ရန်ကုန်) တည်းဟူသော အမွေပင် ဖြစ်တော့သည်။
    အသက်တစ်ရာ ပြည့်ပြီဖြစ်သော အဘ (ဘဘ ဦးသုခ) (၁၄-၁-၁၉၁၀ - ၁၄-၁-၂၀၁၀)
    အဘသည် ..... ကျွန်တော်တို့၏ လူမှုရေး ..... လမ်းပြကြယ်
    အဘသည် ..... ကျွန်တော်တို့၏ ဘာသာရေး ..... လမ်းပြကြယ်
    အဘသည် ..... ကျွန်တော်တို့၏ နိဗ္ဗာန်ရောက်ကြောင်း ..... လမ်းပြကြယ်
    ဘဘ မျိုးစေ့ချပေးခဲ့သော ကမ္ဘာမြေပြင်မှ ထွက်သွားသူတွေ ကျန်ရစ်သူတွေအတွက် အပူမီးများ ငြိမ်းအေး ရန် သောက ၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿမီးများ သက်သာမှုရရှိရန် မည်သည့်အကြပ်အတည်း ရှိပါစေ စေတနာ ၊ ဝါသနာ ၊ အနစ်နာ ၊ အကြင်နာ ဆိုသည့် "နာလေးနာ" ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးနေဆဲ ဖြစ်ပါသည်။
    အဘပေးခဲ့တဲ့ အမွေထူး အမွေမြတ်ကို ထပ်မံတိုးပွါးစေရန် ရည်ရွယ်လျက် ကမ္ဘာမြေပြင်ပေါ် ကျန်ရစ်ခဲ့သော နာမကျန်းရောဂါဝေဒနာသည်များကို "ဆေးဖြင့် ရောဂါတို့ကို ဆေးကြောအံ့" ဟူသော ဆောင်ပိုဒ်အတိုင်း အခမဲ့ ကုသိုလ်ဖြစ် ကုသပေးလျှက် ရှိပါသည်။
    ဤသည်ကား ... သုခ ကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ အမည် နာမတင် မြှောက်ခဲ့ပါသည်။
    ထို့ပြင် ... ကမ္ဘာမြေပြင်သို့ ရောက်ရှိကျင်လည်နေသော လူငယ်မျိုးဆက်သစ်များ အတွက် ...
    ဘဝရဲ့ ............... အလင်းတန်း
    လူမှုရေး ........... အလင်းတန်း
    ပညာရေး ......... အလင်းတန်း
    စာရိတ္ထ .............. အလင်းတန်း
    ကျန်းမာရေး ..... အလင်းတန်း
    မျိုးချစ်စိတ် ...... အလင်းတန်း
    ဗုဒ္ဓရဲ့ ................. အလင်းတန်း
    စတဲ့ ..... အလင်းတန်းများရရှိတိုးပွါးလာစေရန် ရည်သန်လျက် အကျိုးရှိအကျိုးပြုစာပေများ လေ့လာ လိုက်နာ ကျင့်သုံး၍ ခံယူချက်များ မှန်ကန်စေမည့် စာပေခန်းလေးတစ်ခု ဖွင့်လှစ်ရန် ရက်ပိုင်းသာ လိုတော့သည်။
    (၁၃ - ၂ - ၂၀၁၀)
    ဤသည်ကား ..... "သုခ အလင်းစာကြည့်ခန်း" ဟူ၍ အမည်နာမ တင်မြှောက်ခဲ့ပါသည်။
    အဘ ရောက်ရှိနေသော မြင့်မြတ်သောဘုံမှ သာဓု ... သာဓု ... သာဓု ... အကြိမ်ကြိမ် ခေါ်ဆိုပါလေတော့။
    အဘရဲ့ အမွေကို အသက်နှင့်လဲ၍ တိုးပွါးထိမ်းသိမ်း စောင့်ရှောက်သွားမည့် .....
    ကျော်သူ နှင့် သွေးသောက်များ ။
    ရင်ဖွင့်ချက်။ ။ "ကျော်သူ" ဟူသော ဓါတ်ပုံနှင့်အမည် နာမအဆုံး ပြည်တွင်းဖြစ် သတင်းစာ စာပေလောကတွင် တင်ပြခွင့်မရှိပါ၍ မိမိ၏ ရင်ထဲရှိသမျှ မှတ်တမ်းများကို မိမိ၏ FACE BOOK တွင် မှတ်မှတ်ရရ သိမ်းဆည်း တင်ပြမှုသာ ဖြစ်ပါကြောင်း ... ။
    ဆေးဖြင့်ရောဂါတို့ကိုဆေးကြောအံ့ (သို့) သုခ ကုသိုလ်ဖြစ်ဆေးခန်း
    နာရေး ကူညီမှုအသင်းအနေဖြင့် ကျန်ရစ်သူမိသားစုတို့၏ သောက ပရိဒေဝမီးများကို တဖက်တလမ်းမှ ဖြေသိမ့် ကူညီပေးခဲ့သည်မှာ နှစ်ရှည်ကာလတစ်ခုသို့ ရောက်ခဲ့ပြီး ဖြစ်ပါသည်။
    သေရေး ကိစ္စကို အကူအညီပေး အကူအညီပေးခဲ့ကြသကဲ့သို့ ရှင်သူအတွက်လည်း တတ်စွမ်းသမျှဝိုင်းဝန်း ကူညီလိုကြပါသဖြင့် (ပထမ) နှစ်ပတ်လည် အခမ်းအနားတွင် ဆေးကူညီမှု ကော်မတီကိုတိုးချဲ့ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ်၊ ဧပြီလ (၇)ရက် ကမ္ဘာ့ကျန်းမာရေးနေ့မှစ၍ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ မိခင် နှင့် ကလေးဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ စံပြဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဓီ)ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင့်တိုင်) ဆေးရုံကြီး စသည်ပြည်သူ့ဆေးရုံကြီး(၆)ရုံတွင်.......
    ၁။ ချို့တဲ့နွမ်းပါး၍ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သောကိုယ်ဝန်ဆောင်မိခင်များကို ခွဲစိတ်ကုသ ပေးခြင်းဖြင့် တစ်ကြိမ်တည်းတွင် နှစ်သက် ကယ်တင်ရသော ကုသိုလ်၊
    ၂။ မည်သည့်ရောဂါမဆို ကျား/မ မရွေးရုတ်တရက် ခွဲစိတ် ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါးလူနာများအာခွဲခန်းစရိတ် လှူဒါန်းရသော ကုသိုလ်၊
    ၃။ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်ကုသပေးခြင်း နှင့် အထွေထွေရောဂါကုဆရာဝန် များအပြင်၊ အရိုးအကြော၊ အရေပြား၊ ကင်ဆာ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ သမားတော်ကြီးများနှင့် သွားရောဂါဆရာဝန်များက အလှည့်ကျကြည့်ရှုကုသပေးလျှက်ရှိခြင်း၊
    ၄။ အပ်စိုက်ကုသလိုသော လူနာများအား အပ်စိုက်ဆရာများမှ အပ်စိုက်ကုသပေးခြင်း အပြင် ECG, USG ဓါတ်မှန် ရိုက်သင့်သူ လူနာများအား စီစဉ်ဆောင်ရွက်ပေးခြင်း၊
    ၅။ ကုသပေးသော ဆရာဝန်များ၏ ညွန်ကြားချက်ဖြင့် ဓါတ်ခွဲခန်းမှ ရောဂါရှာဖွေ ဓါတ်ခွဲစမ်းသပ်ပေးခြင်း၊
    ၆။ သွေးလိုအပ်သော လူနာများအား သွေးလှူရှင်နှင့် ချိတ်ဆက်လှူဒါန်းခြင်း၊
    ၇။ အရေးပေါ်အောက်ဆီဂျင်လိုအပ်သော လူနာများအား အောက်ဆီဂျင်ဘူး ငှါးရမ်းခြင်း၊
    ၂၀၀၇ ခုနှစ်၊ မတ်လ(၂)ရက်နေ့ သုခကုသိုလ်ဖြစ်ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အထိ စေတနာရှင်ဆရာဝန်ကြီးများ၏ ကူညီပံ့ပိုးမှုများကြောင့် စမ်းသပ်ခနှင့်ဆေးဘိုးငွေ ပေးသွင်းရန်မလိုပဲ အခမဲ့ ကုသပေးလျှက်ရှိပါသည်။
    သုခ ကုသိုလ်ဖြစ်ဆေးခန်း
    အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
    ၄၈(U-9) ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
    ရုံးချုပ်ဖုန်း - ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄
    posted by Anonymous @ 09:56   0 comments
    တတိယလူ .... ?
    Sunday 30 August 2009
    ယက်ထော တယောက် သူရဲ့ ရည်မှန်းချက် ပြည့်မြှောက် သွားခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လည်း သူ အလိုရှိရာ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက် ထိန်းသိမ်းထားနိုင် ခဲ့တဲ့ အတွက် အခွင့်အရေး တခုကို
    အောင်မြင်သော် ခြေတလှမ်း အဖြစ် ချနင်းခွင့်ကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပြီ ဖြစ်သည်။
    ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်အဖြစ် ဆက်လက်ထားရှိ နိုင်ခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး က ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးကို အရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေး နှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ တဦးအပေါ် တဦး အာဃတများ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် ရည်စူး၍ မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည် အပေါ် စာနာထောက်ထား ညှာတာမှု ပြုခဲ့သည်ဟု ဆိုကာ သူ၏ အမိန့်အား စကားလုံး လှလှလေးများ သုံးပြီး ကြိုတင်လက်ဦးမှု ရယူကာ ကြေညာခဲ့ပြီး၊ တရားရုံးတော်မှ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ် အမိန့်ချမှတ် လိုက်သည်ကို ပြည်သူများ စိတ်ဆိုး ဒေါသ မထွက်ကြစေရန်၊ နိုင်ငံတကာ၏ ဖိအားများအား လျော့ကျသွားစေရန် စစ်အစိုးရ လက်ထက် လုပ်ရိုးလုပ်စဉ် မဟုတ်သည့် အလုပ်တခုကို ကြိုတင်လက်ဦးမှု ရယူ ကြေညာနိုင်ခဲ့ပြီ ဖြစ်သည်။
    ထိုကဲ့သို့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ စကားလုံးလှလှ အမိန့်ကြောင့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အတွင်းတွင် မျှော်လင့်ချက် ရောင်ခြည် ရှိနေသေးသည်၊ ပြည်တွင်း ဒီမိုကရေစီ အင်အားစုများက စောင့်ကြည့် ရအုံးမည်ဟု ဆိုလာ ချေသည်။ ထို့အတူ လုံခြုံရေး ကောင်စီဝင် တရုတ်၊ ရှရှား၊ ဗီယက်နမ် တို့ကလည်း မြန်မာ နိုင်ငံ၏ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုရန်၊ မြန်မာနိုင်ငံ၏ တရားဥပဒေကို လေးစားရန်၊ ဆိုသည့် စကားလုံးများဖြင့် မြန်မာ စစ်အစိုးရလုပ်ရပ်များ အပေါ် ကာကွယ်ရန် ပေးသွား ပြန်ပြီ ဖြစ်သည်။ ထို့ကဲ့သိုသော အခြေအနေတွင် ပြည်တွင်း ပြည်ပ အတိုက်အခံ အင်အားစုများ ဘာဆက်လုပ် ကြမည်နည်း၊ မြန်မာစစ်အစိုးရ၏ စကားလုံးလှလှ ပရိယာယ်ဆင်ထားသော လမ်းစဉ်ကြောင့် အနှစ် ၂၀ ကျော်ခဲ့ပြီ၊ ပြည်သူများလဲ ဆင်းရဲမှုဒဏ်၊ ငတ်မွတ်မှုဒဏ်၊ တိုင်းတပါးတွင် ကျွန်သဘောက် ဘဝ သို့ မျှော်လင့်ချက် ရောင်ခြည် စောင့်စားယင်း ကယ်တင်သူမဲ့ ဘဝကို ရောက်နှင့် နေကြပြီ ဖြစ်တော့သည်။
    အဆိုးဆုံး အခြေအနေမှာ နိုင်ငံတနိုင်ငံ ၏ ရာဇဝတ် ပြစ်မှုတခုကို ကျူးလွန်သူအား အပြစ်တို့မှ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိစေခဲ့ပြီး၊ လူသားချင်း စာနာထောက်ထားသည် မြန်မာလူမျိုးတို့၏ ဧည့်သည်အပေါ် သနားသက်ညှာသည် ဟု ခုတုံးများလုပ်ကာ ပြစ်ဒဏ်ချမှတ် ခံခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော် အခြေအနေတွင် ကုလသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာ အစိုးရများ ဝမ်းနည်းလှပါသည်၊ မြန်မာ စစ်အစိုးရ၏ လုပ်ရပ်အတွက် ဒေါသ ထွက်ရပါသည်၊ နိုင်ငံတကာမှ ပြစ်ဒဏ်ခတ်သော အမှုမျိုးစုံကို တိုးမြှင့် လိုက်ပါသည် ဟူသော သင်္ကြန်အမြောက်ကဲ့သို့ အဆံ မပါသော ကြေညာချက်များ၊ အရေးယူမှုများ ဖြင့်သာ သူတို့၏ အမျိုးသား ကိုယ်ကျိုးစီးပွားကို အခြေခံကာ လုပ်ဆောင် နေကြဆဲပင် ဖြစ်တော့သည်။
    ထိုနည်းတူ ပြည်ပရောက် မြန်မာ အတိုက်အခံများ ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသော စကားလုံးများ တွင်တွင်ပြော၊ ငြိမ်းချမ်းရေး လမ်းစဉ်၊ စသည့် စသည့် အပ်ကြောင်းထပ် စကားလုံးများကို သုံးစွဲကာ အလှူရှင်တွေ ရဲ့ ဆန္ဒအတိုင်း၊ ညီလာခံတွေလုပ်၊ အစည်းဝေးတွေ လုပ်ပြီး တကယ်တမ်း လုပ်ဆောင်နိုင်သည့် တိကျမှန်ကန် သည့် လုပ်ဆောင်မှု မပါဘဲ အလှူရှင် အလိုကျ လုပ်ဆောင်ပြီး၊ အဖွဲ့အစည်း အသီးသီးမှာ ရယူထားရှိတဲ့ ရာထူးရာခံကို ဘန်းပြပြီး၊ ပြည်တွင်းမှ စစ်အစိုးရ ဆန်ကျင့် တိုက်ပွဲ ဝင်နေသူတွေကို အားမလို အားမရ မစားရဝခမန်း ပြောဆို ဝေဖန်၊ သမုတ်ပြီး၊ မိမိ အပေါ်ဝေဖန် ပြောဆိုလာမှုတွေကို မူဝါဒတွေ၊ စည်းမျည်းတွေဖြင့် ထောက်ပြ ထိန်းချုပ်ကာ အမှန်တကယ် လုပ်ဆောင်နိုင်မည့် အင်အားစုများကို တာဆီး ဆန့်ကျင် ပိတ်ဆို့ အပြစ်တင်ခြင်းများ လုပ်ဆောင်နေခြင်း၊ စစ်အစိုးရ လုပ်ဆောင်သည့် လုပ်ငန်းစဉ်များ နှင့် အပြိုင် နောက်မှလိုက်၍ ဆောင်ရွက်နေခြင်း ( ဆိုလိုသည်မှာ ပြည်ပရောက် အတိုက်အခံ အင်အားစုသည် ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန် မရှိဘဲ စစ်အစိုးရက အမျိုးသားညီလာခံ လုပ်လျှင် စင်ပြိုင်ညီလာခံ၊ အခြေခံဥပဒေ ဆိုလျှင် စင်ပြိုင်ညီလာခံ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုရင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုအတိုင်း နောက်မှ လိုက်၍ လုပ်ဆောင်နေခြင်း၊ စစ်အစိုးရအား ရှေ့မှဦးဆောင်ကာ ဖိအားပေးနိုင်မည့် အစီအစဉ် မရှိခြင်း ) သည် နောက်ထပ် နှစ်ပေါင်း ၂၀ကျော် မြန်မာ စစ်အစိုးရအား သက်ဆိုးရှည်အောင်၊ အစီအစဉ်တကျ လုပ်ဆောင် နိုင်အောင် စစ်အစိုးရ အခွင့်အရေး ပေးနေခြင်းသာ ဖြစ်လေသည်။
    ဂျွန်ဝီလျံယက်တော အား အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ပြန်လည် ခေါ်ယူ သွားခဲ့ပြီဖြစ်သည်။ မစ္စတာ ဂျင်မ်ဝက်ဘ် မည်သည့် အတွက်ကြောင့် မြန်မာနိုင်ငံအား လာရောက် ခဲ့ပါသနည်း၊ မစ္စတာ ဂျင်မ်ဝက်ဘ် နှင့် ဂျွန်ဝီလျံယက်တော မည်ကဲ့သို့ ယခင်က အဆက်အစပ် ရှိခဲ့ပါသလား၊ မစ္စတာ ဂျင်မ် ဝက်ဘ် အား မြန်မာစစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည် အမှုပြီးမည့် အချိန်နှင့် ကိုက်၍ တမင်ဖိတ်ကြား ခဲ့ပါသလား၊ သို့မဟုတ် တစုံတယောက် က အချိန်ကိုက်၍ စီမံထားခဲ့ကာ စေလွှတ်ခဲ့ပါသလား၊ မစ္စတာ ဂျင်မ် ဝက်ဘ် ဟာ ၂၀၀၁ ခုနှစ် ဝန်းကျင်က မြန်မာနိုင်ငံ ကို စီးပွားရေးကိစ္စများ အတွက်ဆိုကာ သွားရောက်ပြီး ဆွေးနွေးခဲ့ဘူးရာ၊ ထိုကိစ္စ နောက်ကွယ်တွင် မြန်မာစစ်အစိုးရ နှင့် ရင်းနှီးမှု အတိုင်းအတာ မည်မျှထိ ရှိခဲ့ပါသလဲ၊ မစ္စတာ ဂျင်မ်ဝက်ဘ် သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် နီးစပ်သည်ဟု နာမည်ကြီးနေသည့် ဦးတေဇ နှင့် အမှန်တကယ် ရင်နှီးသည် ဆိုမှာ မည်မျှ အတိုင်းအတာ အထိ ရှိခဲ့ပါသလဲ။ စသည် စသည် တို့ဖြင့် ... တတိယလူ ၏ ပုံရိပ်ကို ဖေါ်နေမိသည်။
    မစ္စတာ ဂျင်မ်ဝက်ဘ် သည့် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လို မြောက်ကိုရီးယားတွင် အဖမ်းခံရသည့် ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသား သတင်းထောက်များ လွတ်မြောက်ရေး အတွက် ကြိုးပမ်း အောင်မြင်မှုကို အားကျခဲ့၍ ကြိုးစား ခဲ့ပါသလား၊ မစ္စတာ ဂျင်မ်ဝက်ဘ် သည် စီးပွားရေး သမားပီပီ မြန်မာနိုင်ငံ နှင့် စီးပွားရေး ဆက်ဆံမှုများ ပြန်လည် ပြုလုပ်ရန် လာရောက်ခဲ့ပါ သလား၊ ထို့အပြင် အမေရိကန် နိုင်ငံသည် တိုင်းတပါးတွင် ရာဇာဝတ်မှု ကျူးလွန်သူ မိမိနိုင်ငံသားများ အား အကာအကွယ် ပေးကာ လွတ်ငြိမ်း ချမ်းသာခွင့် ရရန် အကူညီပေး ပါသလား၊ စသည့် မေးခွန်းများ အပြင် မစ္စတာ ဂျင်မ်ဝက်ဘ် ၏ ဂျွန်ဝီလျံ ယက်တော အား ခေါ်ဆောင် သွားခဲ့ခြင်းသည် မြန်မာပြည်သူများ နှင့် မြန်မာပြည်သူတို့ ၏ ဆန္ဒနှင့် ရည်မှန်းချက်များ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေသူများအား စော်ကားသည့် လုပ်ရပ်တခုအဖြစ် သတ်မှတ်မည် ဆိုပါက မှန်ကန်မည်ဟု ဆိုနိုင်ပါ သလား၊ ထို့အတူ မစ္စတာ ဂျင်မ်ဝက်ဘ် သည် မိမိ၏ သံရေး သံတမန်ရေး အခွင့်အလမ်း ကို အချက်ကျကျ ပိုင်ပိုင်နိုင်နိုင် ရယူခဲ့သည် ဆိုပါက မည်သည့်အတွက် မိမိ၏ နိုင်ငံသားကြောင့် ဒုက္ခရောက်သွားရသူ အတွက် ဦးစားပေး မတောင်းဆိုဘဲ၊ မိမိနိုင်ငံသား လွတ်မြောက်ရေး အတွက် ကျိုးပမ်းခဲ့မှုသည် မှန်ကန်သည့် လုပ်ရပ်ဟု ဆိုနိုင်ပါမည်လား ဆိုသည့် မေးခွန်းများပင် ဖြစ်သည်။
    ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်း အတွင်း ရေကူး၍ ကျူးကျော် ၀င်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော ကိစ္စကို နိုင်ငံတကာ နှင့် ပြည်သူများက မြန်မာစစ်အစိုးရ တမင် အကွက်ဆင် ကြံစည်ခဲ့သည် ဟု ယုံကြည်ထားပြီး ဖြစ်သည် နှင့် အညီ၊ ဒေါ်အောင်းဆန်းစုကြည် နှင့် အတူ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမ တို့ကိုလည်း အင်းစိန် အထူးတရားရုံးက ပြစ်မှုကျူးလွန်သည့် အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့သည်။ ပြစ်မှုကျူးလွန်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် အနာဂတ် မြန်မာ့ နိုင်ငံအရေးတွင် ပါဝင်ရန် အဟန့်အတား တခု ဖြစ်ခဲ့ရလေပြီ ဖြစ်သည်။
    မြန်မာ စစ်အစိုးရ အား အတိုက်အခံ ပြုနေသူများသည် ယခုကဲ့သို့ စစ်အစိုးရ ၏ ဒေါ်အောင်းဆန်းစုကြည် အပေါ် အောင်မြင်စွာ စီမံကိန်းချ လုပ်ဆောင် ခဲ့ခြင်း အပေါ် ထိရောက်စွာ တုံ့ပြန့် နိုင်စွမ်း မရှိခြင်းတို့ ကြောင့်၊ မြန်မာ စစ်အစိုးရ သည် ၎င်း တို့ အလိုရှိရာ ကိစ္စရပ်တိုင်း လုပ်ဆောင်ရန် အခွင့်အရေး ရပြီ ဟု ဆိုကောင်း ဆိုနိုင်သော်လည်း၊ ယခုကဲ့သို့ ရာဇဝတ်မှု ကျူးလွန်သူအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးနိုင်သည့် မြန်မာ စစ်အစိုးရသည်၊ သူတို့ ပြောခဲ့သည့် လွတ်လပ်ရေးကို အရ ယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေး နှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ တဦးအပေါ် တဦး အာဃတများ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် ဆိုသည့် ဝေါဟာရ စကားလုံးများ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိစ္စအား မည်သို့ မည်ပုံ ဆက်လက် လုပ်ဆောင် သွားမည်၊ မြန်မာပြည်သူများ ၏ စိတ်ဆိုး ဒေါသများ မှ ပေါက်ကွဲ လာနိုင်မည့် အခြေအနေများ နှင့် နိုင်ငံတကာမှ တိုးမြှင့်လာနေသည့် ဖိအားများ မည်သို့ မည်ပုံ ဖြေရှင်းသွားမည် ဆိုမှာ စိတ်ဝင်စားတခုပင် ဖြစ်ပေသည်။
    ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှား သူများ၏ မဲပြာပုဆိုး လမ်းစဉ်အတိုင်း ဆက်သွားမည် ဆိုပါက စစ်အစိုးကျ အလိုကျ စီမံနေသည့် လုပ်ငန်းစဉ်များအား ပြီးပြည့်စုံအောင်၊ ဆက်လက် လုပ်ဆောင်နိုင်အောင် ပံပိုး ကူညီပေးသကဲ့သို့ ဖြစ်နေမည်သာ ဖြစ်ချေသည်။ ထိုအတွက် ထိရောက်ပြီး လက်တွေ့ဆောင်သည် လုပ်ငန်းစဉ်များ အတွက် ဂျွန်ဝီလျံယက်ထော အမှုတွင် စစ်အစိုးရ၏ နောက်ကွယ်များမှ ညင်သာစွာ ကြိုးကိုင်နေသော တတိယလူ ဘယ်သူလည်း ဆိုသည့် ကြိုမြင်သော ပစ်မှတ်အသစ် ရှာဖွေရင်းနဲ့ပဲ ……. ။
    ဆောင်းပါး။ ။
    လူထုအသံ အွန်လိုင်းဂျာနယ်မှ
    posted by Anonymous @ 06:14   0 comments
    အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်၊
    Wednesday 17 December 2008
    ၂၀၀၈ ခုနှစ်။ဒီဇင်ဘာလ(၁၆) ရက် နေ့ တွင် ဗဟန်းမြို့နယ် အုတ်လမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဌာနချုပ်ရုံးတွင် ဟောပြောပွဲ တရပ်ကျင်းပပြုလုပ်ခဲ့ ကြောင်းသတင်းရရှိသည်၊ အဆိုပါဟောပြောပွဲကို အဖွဲ့ချုပ် လူငယ်များ တောင်းဆိုတိုက်တွန်းချက်အရ လက်ရှိ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်မှ ဟောပြော ခဲ့ခြင်းဖြစ်သည်၊ လူငယ်နှင့်အနာဂတ် ဆိုသော ဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင် ရွေးချယ် ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲအပြီး လူငယ်များပြန်လည်မေးခွန်းများပြန်မေးခဲ့ကြကြောင်းသိရှိရသည်၊ယနေ့ ဟောပြောပွဲသို့  ရန်ကုန်တိုင်း မြို့ နယ်ပေါင်းစုံမှ စိတ်ပါဝင်စားသူလူငယ် ၃၀၀ ၀င်းကျင်ခန့် တက်ရောက် ခဲ့ ကြပြီး ။ အဖွဲ့ချုပ်ခေါင်းဆောင်များလည်း တက်ရောက်ကြသည်ကိုတွေဏ္ဍရှိရသည်၊ ထိုကဲ့သို့ ဟောပြောပွဲ များ ကျင်းပခြင်းသည် အဖွဲ့ချုပ် မျိုးဆက်သစ်လူငယ်များ အတွက် လွန်စွာတန်ဖိုးရှိသောအတွေ့ အကြုံများကိုဖြစ်ပေါ်စေပြီး။ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လွန်စွာအားတတ်မိကြောင်း။ နောင်အဆင်ပြေသောနေ့ ရက်များတွင် ထိုကဲ့သို့ ဟောပြောပွဲများကို ဆက်လက် ကျင်းပပြုလုပ်နိုင်ရန် စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်၊
    posted by Anonymous @ 09:19   0 comments
    စိတ်ပျက်ဖွယ် မြို့တော်
    Tuesday 16 December 2008
    စိတ်ပျက်ဖွယ် မြို့တော်
    Monday, 17 November 2008 18:43 မင်းခက်မောင်
    ယခုအချိန်တွင် မြန်မာစစ်အစိုးရ ရုံးစိုက်ရန် ရည်ရွယ်တည်ထားခဲ့သော မြို့တော်၏ သက်တမ်းမှာ ၃ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သာမန်လုပ်ကိုင် စားသောက် နေထိုင်နေရသော ပြည်သူများ အတွက်မူ နေပြည်တော်သည် အသည်းနှလုံးမဲ့သော မြို့တမြို့ဟု ဆိုရပေလိမ့်မည်။
    တချိန်တခါက ၀ါးတောများနှင့် ကြံစိုက်ခင်းများ ရှိခဲ့သည့် တအိအိလှိုင်းထနေသော မြေပြင်ပေါ်တွင် နေပြည်တော်၏ လမ်းမကျယ်ကြီးက လွန်းထိုးနေသော အစိုးရ အဆောက်အဦ များအကြား တည်ရှိနေသည်။ ဤမြင်ကွင်းမှာ စစ်အစိုးရ ရန်ကုန်မှ မြို့တော်ပြောင်းရွှေ့လာအပြီး ၃ နှစ်အကြာတွင် မြင်တွေ့ရသော နေပြည်တော် ဖြစ်သည်။
    ယခင်အချိန်နှင့် ယခုအချိန် အကြား ကွာခြားချက်မှာ အစိုးရရုံးများတွင် ထိန်ထိန်ညီးအောင် ထွန်းထားသော မီးရောင်များပင် ဖြစ်သည်။ လျှပ်စစ်စွမ်းအင်ငတ်နေသော တိုင်းပြည်တခု၏ အနက်ရောင် ညကမ္ဗလာ နှင့် ဆန့်ကျင်စွာပင် ထိုအလင်းရောင်တို့က ညချမ်းအချိန်အခါတွင် ထွန်းတောက်ပနေကြသည်။ သို့သော်လည်း ၎င်း လမ်းမများသည် ချောက်ချားဖွယ် တိတ်ဆိတ်နေကြပြီး ည ၁၁ နာရီထိုးပါက ညမထွက်ရအမိန့်နှင့်အတူ အားလုံး လူသူသက်ရှိ အရိပ်အယောင် ရှင်းလင်းနေတော့သည်။
    နေ့လယ်ခင်းအချိန်တွင်မူ ဒါဇင်ဝက်နီးပါးမျှသော ဈေးကြီးများတွင် ဈေးဝယ်သူများနှင့် ပျာပန်းခတ် စည်ကားနေ ကြပြီး အလုပ်အားလပ်နေသူ စစ်တပ်အရာရှိများက မြို့တော်သစ်တ၀ိုက်တွင် ပေါ်ထွက်လာနေသော ဂေါက်ကွင်း များအနက်မှ ကွင်းတကွင်းတွင် ဂေါက်သီးရိုက်နေကြမည် ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင် ရန်အတွက် မြို့တော်သစ်တွင် တိရစ္ဆာန်ဥယျာဉ်တခုလည်း တည်ထားသေးသည်။
    ဘိန်းဖြူနှင့်အတူ နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် ကျောက်မြက်ရတနာ၊ ကျွန်းသစ်၊ သဘာဝဓာတ်ငွေ့တို့ကို ပြည်ပတင်ပို့ ၍ ရရှိလာသော ငွေကြေးများဖြင့် မြန်မာပြည်အလယ်ပိုင်းမှ ခေတ်နောက်ကျသည့် ဒေသတခုကို နိုင်ငံတော်၏ မြို့တော်သစ်အဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ခြင်းအပေါ် မြို့ခံပြည်သူများက သိပ်လိုလိုလားလား မရှိကြပေ။
    “ဒီနေရာက သူတို့ (အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများ) အတွက်တော့ နေပြည်တော် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေ မယ့် ကျနော်တို့အတွက်တော့ သော့ပိတ်ထားတဲ့ ကုန်းမြေတခုပဲ” ဟု မြို့ခံတဦးက သူပြောနေသည်ကို ဘေးပတ်ဝန်း ကျင်က နားထောင်နေမနေ အကဲခတ်ရင်း ပြောပြသည်။ ပြည်သူများသည် မင်းတို့၏ နန်းစိုက်ရာဟု အဓိပ္ပာယ်ရသည့် နေပြည်တော်ဟု ခေါ်ဆိုသော မြို့တော်သစ်နှင့် ဗိုလ်ချုပ်ကြီးများကို ပြောင်နောက်မှုကြောင့် အဖမ်းဆီးခံ၊ ထောင်ချခံ ကြရသည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
    မြို့ခံပြည်သူများသည် စောင့်ကြည့်ခံနေရမည့်အရေးကို တွေးကြောက်၍ အင်တာနက်ကိုပင် မသုံးရဲ ဖြစ်နေကြသည်။ ထိုမျှမက နေပြည်တော်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် လက်ကိုင်ဖုန်း အသုံးပြု၍မရနိုင်အောင်လည်း စီမံထား သေးသည်။
    ရန်ကုန်မှ လာရောက်လည်ပတ်သော မိတ်ဆွေတဦးကမူ သူအင်တာနက်အသုံးပြုနေစဉ် အစိုးရထောက်လှမ်းရေး တဦး က သူ၏ အချက်အလက်သိုမှီးကိရိယာ (memory stick) ကို ယူကြည့်ကာ အစိုးရဆန့်ကျင်ရေး အချက်အလက်များ ပါမပါ စစ်ဆေးခဲ့သည်ဟု ပြောပြသည်။
    ပြည်တွင်းစာစောင်များအတွက် နေပြည်တော်တွင် အခြေစိုက် အလုပ်လုပ်ကိုင်နေကြသော သတင်းထောက်များကမူ အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု မရှိတတ်ခြင်းအပေါ် စောဒကတက်ကြသည်။ သူတို့ကို မကြာခဏ ဆိုသလို အစိုးရအဆောက်အဦများ ဓာတ်ပုံရိုက်ခွင့် မပြုကြောင်းလည်း ပိတ်ပင်တတ်သေးသည်။
    လာရောက်လည်ပတ်သူ ဧည့်သည်များနှင့် သတင်းထောက်များကို အမြဲတစေစောင့် ကြည့်ရန် လုံခြုံရေး အရာရှိများ ကို ညွှန်ကြားချက်များလည်း ထုတ်ထားသည်။
    အစိုးရရုံးစိုက်ရာ ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် လွန်ခဲ့သော ၃ နှစ်မှစ၍ ၎င်းတို့ဘ၀ တိုးတက်ခဲ့ခြင်း မရှိဟု မြို့ခံများက ပြောပြကြသည်။
    တိုင်းပြည်၏နေရာ အနှံ့အပြားမှ ခေါ်ဆောင်လာပြီး ယခုတိုင် မြို့တော်သစ် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်နေကြရသူ အလုပ်သမားများသည် တနေ့လျှင် လုပ်အားခ ကျပ် ၂၀၀၀၊ ၂၅၀၀ ခန့်အတွက် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်နေကြရပြီး လက်ဖြစ်တဲများတွင် နေထိုင်နေကြရသည်။ ညံ့ဖျင်းသော အစားအစာနှင့် မသန့်ရှင်းသော တွင်းရေကို အားထား၍ အသက်ဆက်နေကြရသည်။
    နေပြည်တော်ရှိ အများပြည်သူဆိုင်ရာ အဆောက်အဦများအတွက် တာဝန်ယူထားသော ဆောက်လုပ်ရေး ကုမ္ပဏီအများစုသည် လုပ်ငန်းများကို ရပ်ဆိုင်း၍ ဆိုင်ကလုန်းတိုက်ခံခဲ့ရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းသို့ အရေးပေါ် ပြောင်းရွှေ့သွားခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်သားများသည် လုပ်ရန်ကျန်ရှိသော နေ့များအတွက် လျော်ကြေးတစုံတရာမရရှိသလို အသက်ရှင်နေထိုင်ရန်အတွက် အတိုးနှုန်း ၂၀ ရာခိုင်နှုန်းပေး၍ ငွေချေးကာ ရပ်တည် နေထိုင်နေကြရသည်။
    နေပြည်တော်တွင် ငွေတွင်းနက်သည်ဟု ဆိုနိုင်သော်လည်း ငွေပေါသူများ ရှိကြပါသည်။ စီးပွားရေး လုပ်ငန်းပိုင်ရှင် များက လခကောင်းကောင်းရကာ စိတ်ကြိုက်သုံးစွဲနိုင်သော ထိပ်တန်းအစိုးရအရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပေါ်တွင် မှီခို အလုပ်ဖြစ်နေကြပြန်သည်။
    နေပြည်တော်တွင် လူဦးရေ ၁ သန်းနီးပါးမျှ ကြီးထွားလာနိုင်သောကြောင့် ထိုကဲ့သို့ချဲ့ထွင်လာခြင်းအပေါ် ဒေသခံ ပြည်သူများက အလားအလာကောင်းများ ရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင် ဖြစ် မလာခဲ့ပါ။ ၀င်ငွေခပ်မြတ်မြတ် ရနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် နေပြည်တော်သို့ ပြောင်းလာခဲ့ကြသူ အတော်များ များသည် ယခုအချိန်တွင် ပြန်ထွက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ဆက်နေရန် ရွေးချယ်ဆုံးဖြတ်ထားသူ အများစုမှာ ဆက်လက် အသက်ရှင်နိုင်ရေးအတွက် အားထုတ်ရုန်းကန်နေကြရသည်။
    “ဆိုင်ခန်းငှားခ ဆက်ပြီး ပေးစရာမရှိတော့ဘူးဆိုတော့ ကျမဆိုင်ကို ပိတ်ပစ်ဖို့ စဉ်းစားနေတယ်” ဟု နေပြည်တော် ဈေးအတွင်း လက်ဝတ်ရတနာ ရောင်းသူတဦးက ပြောသည်။
    နေပြည်တော်မှ စွန့်ခွာလိုခြင်း၏ နောက်ထပ် အကြောင်းတခုမှာ သူသည် တရုတ်လူမျိုးတဦး ဖြစ်နေပြီး စစ်အစိုးရ လျှို့ဝှက် ဖုန်းကွယ်ထားသည့် လူမျိုးရေးခွဲခြား ဆက်ဆံမှု မူဝါဒ၏ သားကောင် တဦးဖြစ်နေခြင်းကြောင့် ဖြစ်သည်။
    “နေပြည်တော်ကို တရုတ်မရှိတဲ့ မြို့ဖြစ်ရမယ်လို့ အာဏာပိုင်တွေက ပြောထားတယ်” ဟု ရှမ်းတရုတ်စပ် အသားကင် ဆိုင် ပိုင်ရှင်တဦးက ပြောပြသည်။
    “ကျနော့်ဆိုင်ဆို အပိတ်ခံရတာ ၂ ခါရှိပြီ။ ဆိုင်ပြန်ဖွင့်ခွင့်ရဖို့ အာဏာပိုင်တွေကို လာဘ်ထိုးရတယ်” ဟု သူကဆိုသည်။ သူနှင့် စကားပြောနေစဉ်တွင် အနီးနား စားပွဲတခု၌ စစ်အရာရှိအုပ်စုတစု စကားပြော၊ ရယ်မောပွဲကျကာ မြိန်ရေယှက်ရေ စားသောက်နေကြသည်။
    နေပြည်တော်သည် လူငယ်များအတွက် နေရာတခုလည်း မဟုတ်ပြန်ပေ။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများအား ဒုတိယနှစ်ပြီးလျှင် ကျောင်းမှထွက်၍ ကျန်ရှိသော နှစ်များအတွက် ကျေးလက်ဒေသများတွင် လက်တွေ့ကွင်းဆင်းရမည်ဟု ညွှန်ကြားထားကြောင်း ကြားသိခဲ့ရသည်။
    “ကျနော်စာသင်တာကို မရပ်ချင်ဘူးဗျာ၊ တက္ကသိုလ်မှာပဲ ၄ နှစ်ပြည့်တဲ့အထိ ပြီးပြည့်သွားအောင် ဆက်တက်ချင် တယ်” ဟု စိုက်ပျိုးရေး ကျောင်းသားတဦးက ပြောသည်။
    ယင်းညွှန်ကြားချက် ထုတ်ပြန်ခြင်းမှာ အစိုးရက နေပြည်တော်အနီးတ၀ိုက်တွင် နိုင်ငံရေး ထက်သန်သော လူငယ် အရေအတွက်ကို ကန့်သတ်လျှော့ချရန် တမင်လုပ်ခြင်း ဖြစ်သည်ဟု ကျောင်းသားများက မြင်နေကြသည်။
    “တက္ကသိုလ်ပရ၀ုဏ်ထဲမှာ ကျောင်းသားအများကြီးရှိနေရင် တနေ့နေ့ အုံကြွမှုဖြစ်မှာ အာဏာပိုင်တွေက စိုးရိမ်ကြ တယ်။ ကျနော်တို့က သူတို့ကို ကြည့်မရဘူးဆိုတာ သူတို့သိတယ်” ဟု ကျောင်းသားတဦးက ပြောခဲ့သည်။
    စစ်တပ်က အမိန့်နှင့် မောင်းထုတ်နေသည့်အတွက် ၎င်းတို့ကျေးရွာများမှ ထွက်ခွာပေးခဲ့ရသော ရာနှင့်ချီသည့် မိသားစု များသည်လည်း အမိုးအကာမဲ့ဘ၀ဖြင့် နေထိုင်နေကြရသောကြောင့် နေပြည်တော်တွင် အိုးအိမ်မဲ့လူတန်းစားများ ပေါ်ပေါက်လာပြန်သည်။ မလောက်မငှသော လျော်ကြေးငွေ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ခန့်သာပေးပြီး နှင်ထုတ် ခံခဲ့ကြရသည်။ ဤပမာဏမှာ အိမ်သစ်တလုံး ဆောက်လုပ်ရန်အတွက် လောက်ငှခြင်း မရှိပါ။ လယ်သမား အများစု သည်လည်း စစ်တပ်က ၎င်းတို့မြေပေါ်မှ မောင်းထုတ်လိုက်သည့် အချိန်မှစ၍ အသက်မွေး ၀မ်းကြောင်းမှုများ ဆုံးရှုံးခဲ့ရလေသည်။
    “နေပြည်တော်ဆိုတဲ့ နာမည်က ကျမပါးစပ်ထဲမှာတော့ ခါးပြီးကျန်ခဲ့တယ်” ဟု အမျိုးသမီးတဦးက သူ၏ တ၀က်တပျက် ဆောက်လက်စ အိမ်ကို ကြည့်ရင်း ပြောပြခဲ့သည်။
    အောက်ခြေတန်း ပြည်သူ့ဝန်ထမ်းများသည် မြို့ခံပြည်သူအများစုကဲ့သို့ပင် နေပြည်တော်တွင် နေထိုင်ရသည့်ဘ၀ အပေါ် စိတ်ပျက်ငြီးငွေ့ နေကြသည်။
    “ကျမမိသားစုကို သတိရတယ်။ ဒါပေမယ့် သူတို့ကို ကျမ ဒီကို မခေါ်ချင်ဘူး။ တိုင်းပြည်အုပ်ချုပ်သူတွေရဲ့ မြို့ဖြစ်နေသမျှ ကာလပတ်လုံး ဒီနေရာက ကျမမိသားစုအတွက် နွေးထွေးမှု ပေးနိုင်မှာ မဟုတ်ဘူးလေ။ ကျမကလေးတွေကို ပြည်သူတွေရဲ့ မြို့တော်မှာပဲ ကြီးပြင်းစေချင်တယ်” ဟု ညနေခင်း မီးဆိုင်းများအောက်တွင် ဖြာထွက်နေသော ရေပန်းကို ဆွေးဆွေးမြေ့မြေ့ စိုက်ကြည့်နေရင်း အစိုးရ ၀န်ထမ်း အမျိုးသမီးတဦးက ပြောပြသည်။
    မင်းခက်မောင်ရေးသားသည့် Capital Blues ကို ဆီလျော်အောင်ပြန်ဆိုဖော်ပြပါသည်။
    posted by Anonymous @ 10:41   0 comments
    ကျော်ဟိန်း၊ ရိုးရိုးကြီးဇေယျနဲ့ ဦးမြသန်းစံ
    Monday 8 September 2008
    ကျော်ဟိန်း၊ ရိုးရိုးကြီးဇေယျနဲ့ ဦးမြသန်းစံ
    မိုးဒေ၀ါ
    ဦးကျော်ဟိန်း ဘုန်းကြီးဝတ်မယ်ဆိုတဲ့ သတင်းက သူ ကြေညာထားတာ ကြာပါပြီ။
    ဦးကျော်ဟိန်း ရုပ်ရှင်လောကက အနားယူရုံသက်သက်ဆိုရင်တော့ ဒီလို ပေါ်ပင်ဖြစ်အောင် နယ်လှည့်နှုတ်ဆက်ပွဲတွေလုပ်၊ အနားယူတော့မယ့်အကြောင်း ထပ်တလဲလဲ ကြေညာနေတာ ဒီလောက် ပြောမိမှာ မဟုတ်ပါဘူး။ သူလဲ မနားခင် ငွေနဲ့ ကျော်ကြားမှုကို ရသလောက် သဲ့ယူသွားချင်လို့ မားကက်တင်း လုပ်တယ်ဆိုတာ နားလည်ပေးလို့ ရပါတယ်။ ခုတော့ ဘာသာရေးကို အသုံးချလာပြီမို့ မပြောမဖြစ်လို့ ပြောရပါတော့မယ်။
    နိုဝင်ဘာမှာ ဦးကျော်ဟိန်း ဘုန်းကြီးဝတ်မယ်လို့ ပြောပါတယ်။ ဘုန်းကြီးဝတ်ပြီးရင် နယ်လှည့်မယ်၊ တရားတွေ ဟောတော့မယ်ဆိုပဲ။
    ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ရင် ဥပဇ္ဈာယ်ဆရာနဲ့ နိဿရည်းဆရာ ကိုယ်တော်တွေဟာ ဘယ်သူဖြစ်လိမ့်မယ် မသိရသေးပါဘူး။ ဦးကျော်ဟိန်း ဘာတွေလုပ်တော့မယ်ဆိုတာ ကြိုသိရင် သံဃာတွေအနေနဲ့ “ဒကာကြီးကျော်ဟိန်း၊ ဒကာကြီးကို ကျုပ်တို့ ရဟန်းပြုပေးဖို့ မဖြစ်နိုင်ဘူး”လို့ ပြောရမယ့်ကိန်းပဲ။ ကျော်ဟိန်းက ဘုန်းကြီးဝတ်ပြီးရင် နယ်တွေ လှည့်မယ်။ စိတ်မြှင့်တင်ရေး တရားတွေ ဟောမယ်၊ နားထောင်ချင်တဲ့လူတွေ သူ့ကိုဖိတ်၊ သူလာဟောမယ်လို့ ခုကတည်းက ကြွေးကြော်နေပြီ။
    ရဟန်းငါးဝါ မပြည့်သေးတဲ့ ရဟန်းဟာ ဥပဇ္ဈာယ်ဆရာနဲ့ ကင်းကွာပြီး မနေရပါဘူး။ စာဝါလိုက်ဖို့ စတဲ့ ရဟန်းကိစ္စအတွက် အရပ်တပါး ခရီးထွက်ချင်ရင်လဲ ဆရာဥပဇ္ဈာယ်ကို ခွင့်ပန်ပြီး သွားရပါတယ်။ ရဟန်းဝါ ငါးဝါမပြည့်သေးတဲ့ ရဟန်းဟာ တပါးပုဂ္ဂိုလ်ကို ရဟန်းပြုပေးခွင့်တောင် မရှိပါဘူး။ ကိုကျော်ဟိန်းက ဆရာဥပဇ္ဈာယ်ကို ခေါင်းထဲမထည့်ဘဲ သွားချင်ရာ သွားပြီး နယ်လှည့် တရားဟောလို့ မရပါဘူး။
    ခု ဦးကျော်ဟိန်းက ဘုန်းကြီးဝတ်တော့မယ်ဆိုရင် အရင်ဆုံး ရဟန်းဝိနည်း ၂၂၇ သွယ်ကို ဖတ်ရှုလေ့လာပြီး ကိုယ် တလေးတစား ကျင့်ကြံနိုင်မလား စဉ်းစားရပါမယ်။ ၀ိနည်းတွေ ဘေးချိတ်ပြီး မော်ဒန်သာသနာသစ် ထူထောင်လို့ မရပါဘူး။ နောက်ပြီး သူတပါးကို တရားဟောချင်ရင် ကိုယ်က အရင်ဆုံး တရားကျင့်ရပါမယ်။ ကိုယ် မကျင့်ကြံဘဲ တရားဟောချင်တာကို သူတော်ကောင်းတို့ အားမပေးပါဘူး။
    “ရှေးဦးစွာ မိမိကိုယ်တိုင် သင့်လျော်ကောင်းမြတ်သော အကျင့်ကို ကျင့်ရာ၏။ နောက်မှ သူတပါးကို ဟောပြော ဆုံးမရာ၏။ ထိုသို့ကျင့်သော ပညာရှိသည် (သူတပါးတို့ ကဲ့ရဲ့ခြင်းဘေးမှ ကင်းလွတ်၍) စိတ်ပင်ပန်းညစ်နွမ်းခြင်း မဖြစ်ရာ။
    သူတပါးကို ဆုံးမပြီးမှ မိမိကိုယ်ကိုယ် ဆုံးမရာ၏။ မိမိကိုယ်ကိုယ် ကောင်းစွာ ဆုံးမပြီးမှ သူတပါးကို ဆုံးမရာ၏။ မိမိကိုယ်ကိုယ် ဆုံးမရန်ကား အလွန်ခဲယဉ်း၏။”
    (ဓမ္မပဒ)
    လူ့ဘ၀မှာ မြီးကောင်ပေါက်တွေနဲ့အတူ ဟစ်ပ်ဟော့သီချင်းတွေ စင်ပေါ်တက်ပြီး ဟဲလိုက်၊ ကျော်ဟိန်းမိသားစု ဘယ်လိုတော်ကြောင်း (၀ိုင်အမ်စီအေက ကျင်းပတဲ့) ဟောပြောပွဲစင်ပေါ်မှာ ကိုယ်ရည်သွေးလိုက်၊ တခြားသရုပ်ဆောင်တွေရဲ့ သားသမီးတွေ သူ့သားသမီးတွေ လောက် မစွံကြောင်း စင်ပေါ်ကနေ ကဲ့ရဲ့လိုက် လုပ်နေသူတယောက်က ပြောရင်းလုပ်ရင်း တန်းလန်းကို မကြာခင် ဘုန်းကြီးဝတ်ပြီး သင်္ကန်းဝတ်နဲ့ ဆက်ပြောဦးမယ်ဆိုတာ သိရပြန်တော့ ဘုန်းကြီးကျော်ဟိန်းကို ကြည့်ပြီး သံဃာတော်တွေကို ကိုယ်ရည်သွေးသမားတွေ၊ ဓမ္မကထိက ပလ္လင်ပေါ်ကနေ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေသူတွေလို့ သိမ်းကျုံးထင်ကုန်မှာ စိုးရိမ်မိပါတယ်။
    ရဟန်းဝတ်တော့မယ်လို့ ကြော်ငြာသတင်းလွှင့်နေတဲ့ ဦးကျော်ဟိန်းဟာ ရဟန်းမဖြစ်ခင် တရားကို ဘယ်လိုကြိုအားထုတ်မယ်၊ ရဟန်းပြုပြီးရင်လဲ ဘယ်ဆရာတော်တွေဆီမှာ ဘယ်ရိပ်သာမှာ နည်းနာခံပြီး ရဟန်းတရားကို ဘယ်လိုအားထုတ်လိုက်မယ်၊ စာပေပရိယတ္တိတွေကိုလဲ ဘယ်လို လေ့လာဆည်းပူးလိုက်မယ်ဆိုတာ ဘာမှ မစဉ်းစားဘဲ တရားဟောမယ်လို့ချည်း ပြောနေတာ သာသနာတော်ကြီးအတွက် ရင်လေးစရာပါ။ ကိုယ်က ဘာမှ မကျင့်ဘဲ တရားချည်းဟောမယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် အထင်ကြီးလွန်ပြီး စိတ်ကြွရောဂါများ ရသွားပြီလား စိုးရိမ်ရပါတယ်။
    ဦးကျော်ဟိန်းဟာ တခြားသူတွေကို တရားမဟောခင် ကိုယ်က အရင် ကျင့်ရပါမယ်။ ရဟန်းဘ၀ကို လာမယ်ဆိုရင် စင်ပေါ်ကနေ ပရိသတ်ကို စကားပြောရာမှာ “ခင်သန်းနုသား.....ဘိန်းစားလို့ သေသွားတယ်၊ ၀ါဝါ၀င်းရွှေသားတွေ ... မစွံဘူး” စတဲ့ ကိုယ့်သားသမီးတွေကို ဂုဏ်တင်ပြီး သူများသားသမီးကို ပုတ်ခတ် ပြောတတ်တဲ့ စရိုက်ဆိုးကို ထားခဲ့ရပါမယ်။ ရဟန်းမဟုတ်ဘဲ လူဆိုရင်လဲ ဒါမျိုး မလုပ်သင့်ပါဘူး။ ခင်သန်းနုသား ဝေယံမင်းခင် အသက် ၂၀ ကျော် အစိတ်ဝန်းကျင်မှာ မူးယစ်ဆေးနဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲမှု၊ အငြိမ်းစား ဗိုလ်မှူးကြီး လူမမာဖခင်ရဲ့ မသာယာတဲ့ ဘ၀၊ မိခင်ရဲ့ အိမ်ထောင်သစ် စတဲ့ လောကဓံတွေကို ဆယ်ကျော်သက်မှာကတည်းက ခံခဲ့ရတဲ့ သူငယ်လေးတယောက်ကို သေပြီးကာမှ စင်ပေါ်ကနေ ဒီလို ချိုးဖဲ့နေလို့ အကျိုးမရှိတော့ပါ။ ဦးကျော်ဟိန်းကိုယ်တိုင်လဲ နှစ်ပေါင်းရှည်ကြာ ဘိန်းစားဖြစ်ခဲ့သူ၊ ဝေယံမင်းခင်အရွယ်မှာ စိန်ဂေါ်လီ လမ်းသရဲဂိုဏ်းက လမ်းသရဲတယောက်တောင် ဖြစ်ခဲ့သူဆိုတာ မိမိကိုယ်ကိုယ် ပြန်သတိပြုမိရင် ကိုယ်က ဘာမှ မမှားဖူးသူလို ဒီသွားလေသူ ကလေးတယောက်ကို မပုတ်ခတ်နေသင့်ဘူးဆိုတာ သိနိုင်ပါတယ်။
    “သူတပါးတို့၏ အပြစ်ကို မြင်လွယ်၏။ မိမိ၏ အပြစ်ကို မြင်နိုင်ခဲ၏။ သူတပါးတို့၏ အပြစ်ကို ဖွဲလွှင့်သကဲ့သို့ လွှင့်တတ်၏။ မိမိ၏ အပြစ်ကိုကား ဖုံးတတ်၏” (ဓမ္မပဒ)
    ”သတိ”ဆိုတဲ့ အရေးအကြီးဆုံးတရား ချွတ်ယွင်းနေတဲ့ ဦးကျော်ဟိန်းက ရဟန်းဝတ်ပြီး ပရိသတ်ကို တရားဟောမယ်ဆိုတာ မဖြစ်သင့်တဲ့ အမှုပါ။ စိတ်ဓတ်ကျနေတဲ့ သူတွေကို အားပေးမယ်၊ စိတ်မြှင့်တင်ရေး တရားတွေ ဟောမယ်ဆိုရင် လူဝတ်နဲ့ လည်ဟောလို့ ရပါတယ်။ ရဟန်းတရားကို အားမထုတ်နိုင်ဘဲနဲ့ လူတွေ လက်အုပ်ချီ ရှိခိုးတာ၊ ရိုသေတာ ခံချင်တဲ့ လောဘကြောင့် သာသနာ့ဘောင် လာမယ်ဆိုရင် ဦးကျော်ဟိန်းအတွက် ကိုယ့်အပါယ်လမ်း ကိုယ်ဖောက်သလို ဖြစ်ပါလိမ့်မယ်။
    မဟာမြိုင်ဆရာတော် ဦးဇောတိကဟာ လူ့ဘ၀ကို စွန့်ပြီး တောထွက် ရဟန်းပြုခဲ့ပါတယ်။ ဆရာတော် ဦးဇောတိကရဲ့ တရားတွေဟာ လူတွေကို စိတ်မြှင့်တင်ပေးတဲ့၊ စိတ်ခွန်အားဖြည့်ပေးတဲ့ တရားတွေဆိုတာ ရဟန်းရှင်လူတွေ လက်ခံထားကြပါတယ်။ ဒီလို စိတ်အားဖြည့် တရားတွေ မေတ္တာထား ဟောကြားနိုင်ဖို့ ဆရာတော် ဦးဇောတိကဟာ ကိုယ်တိုင်လဲ များစွာ ကျင့်ကြအားထုတ် ခဲ့ရပါတယ်။ လူတွေကို တရားအားထုတ်ဖို့၊ သတိဆိုတဲ့ အိမ်မှာနေဖို့ ဟောကြားနေတာ ကိုယ်ကျင့်တဲ့တရားမို့ အရသာသိလာလို့ တပါးသူတွေကို ပြန်မျှဝေပေးနေတာပါ။
    အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)လဲ တရားကို နှစ်ပေါင်းများစွာ တစိုက်မတ်တပ် ရှာဖွေ၊ လမ်းမှန်မတွေ့သေးခင် ဘာသာအယူဝါဒ မျိုးစုံကြားမှာ တ၀ဲလည်လည် ကျင်လည်ခဲ့ပြီးမှ နောက်ဆုံး ဗုဒ္ဓရဲ့ တရားကို လက်ခံပြီး ဥပသကာ ဖြစ်ခဲ့တာပါ။ ရဟန်းပြုပြီး ဒကာဒကာမတွေကို တရားပြန်ဟောကြားတာလဲ နှစ်ပေါင်းများစွာ ဖြည့်တင်းလာခဲ့တဲ့ ၀မ်းစာ ရှိထားလို့ပါ။
    ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကဟာ တရားအားထုတ်ခြင်းကို မွေ့လျော်ပြီး တရားနဲ့သာ နေတော့မယ်၊ စာပေပရိယတ်ကိုတောင် အချိန်မပေးလိုတော့တဲ့အထိ သဒ္ဓါတရား ပျင်းပျလာချိန်မှာ ဆရာတော်ကြီး တပါးက ဓမ္မာစရိယတော့ အောင်အောင်ဖြေပါလို့ မျက်ရည်များကျပြီး တောင်းပန်မိန့်ကြားလို့ ဓမ္မာစရိယ ပြီးတဲ့အထိ ပရိယတ္တိကို ဆက်အားထုတ်ခဲ့ပါတယ်။ ပရိယတ်တင်မက ပရိပတ္တိမှာလဲ ကိုယ်တိုင် နှစ်ပေါင်းများစွာ အားထုတ်ကျင့်ကြံထားတဲ့ ၀မ်းစာ ရှိနေတော့ ဒကာဒကာမတွေကို ဒုက္ခငြိမ်းရာ ချမ်းသာကြောင်း တရားတွေ ပြန်ဟောကြားနိုင်တာပါ။
    ဆူနာမီဆရာတော် ဦးဥတ္တမသာရဟာ လူ့ဘ၀က မိတ်ဆွေကောင်းတယောက် ကျေးဇူးနဲ့ တရားထိုင်မိရာကနေ တရားဓမ္မကို သက်ဝင်ကြည်ညိုပြီး ဇွဲပြင်းပြင်းနဲ့ အားထုတ်ခဲ့ပါတယ်။ ဓမ္မတန်ဖိုး သိလာချိန်မှာ ၀ိဇ္ဖာမှ အ၀ိဇ္ဖာသို့ တရားအလှူတော်လုပ်ငန်းဆိုတာကို ထူထောင်ပြီး တရားစာအုပ်၊ ကက်ဆက်ခွေ စသည်များ အခမဲ့ ကုသိုလ်ပြု ငှားရမ်းခဲ့ပါတယ်။ နောက်ဆုံး အသက် ၃၃ နှစ်မှာ ရှာဖွေထားသမျှ စီးပွားတွေအားလုံးကို စွန့်ပြီး ရဟန်းပြုခဲ့ပါတယ်။ ရှိသမျှ တိုက်ခန်း၊ ကား၊ ဖုန်း၊ ငွေ အားလုံးကို လှူဒါန်းလိုက်ပြီး သပိတ်တလုံး သင်္ကန်းတစုံနဲ့ သာသနာ့ဘောင် ၀င်လာတော့ ဘယ်လိုများ ရပ်တည်မလဲ၊ ဆရာတော် (အဲဒီအချိန်က ဦးဇင်းလေး) အမြင်က ရှင်းပါတယ်။
    “တရားအားကိုးရင်းသာ အများအကျိုး ဆောင်၇ွက်မည်၊ တရားက ထားသော နေရာမှာသာ နေမည်၊ တရားကဆင်သော သင်္ကန်းကိုသာ ၀တ်မည်၊ တရားကကျွေးသော အစာကိုသာ စားမည်၊ နေစရာ မရှိလျှင် သစ်တပင်အောက်မှာ နေမည်၊ ၀တ်စရာ မရှိလျှင် လူသေကောင် အ၀တ်များကိုပင် သင်္ကန်းချုပ်ဝတ်မည်၊ စားစရာ မရှိလျှင် တရားနှလုံးသွင်းရင်းသာ အသေခံလိုက်မည်၊ တရားကလွဲလျှင် ဘာကိုမှ အားမကိုး”
    ဒီဦးဇင်း (ခု ဆရာတော် ဦးဥတ္တမသာရ) ရဟန်းပြုပြီးတော့ ပရိယတ်ကို နှစ်နှစ်လောက် သင်ဦးမယ်၊ တရားမဟောသေးဘူးလို့ စိတ်အကြံ ဖြစ်ပါတယ်။ ဒါပေမယ့် တရားပြတတ်မှန်း သိသွားတော့ ဥပဇ္ဈာယ်ဆရာတော်ကြီး ဦးဉေယျသာဂရ (သက်တော် ၈၀ ကျော်) ကိုယ်တိုင်က တရားဟောခိုင်းလို့ တရားဟော တရားပြအလု့ပ်ကို စထမ်းဆောင်ခဲ့ရပါတယ်။ လူ့ဘ၀မှာကတည်းက ၀မ်းစာများစွာ ရှိခဲ့ပြီးသား ဆိုတာရယ်၊ ဆရာဥပဇ္ဈာယ်ရဲ့ ယုံကြည်တာဝန်ပေးချက်နဲ့ တရားဟောခဲ့တယ်ဆိုတာရယ်ကို သတိပြုသင့်ပါတယ်။
    သံဃာတော်များ တရားဟောတယ်ဆိုတာ ဘာမှ ၀မ်းစာမရှိဘဲ လွယ်လွယ် ဟောနေတာ မဟုတ်ကြောင်း ဒီဥပမာတွေ ကြည့်ရင် သိနိုင်ပါပြီ။
    မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ (ပိဋကတ်သုံးပုံဆောင်) ဖြစ်တော့ ဒီလိုဖြစ်အောင် အားပေးတိုက်တွန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ တပါးအပါဖြစ်တဲ့ သီလရှင်ဆရာကြီး ဒေါ်ဓမ္မစာရီက သားသဖွယ် ဖြစ်နေတဲ့ မောင်ပဉ္ဇင်း (သက်တော် ၄၂ နှစ်)ကို ရှင်နာဂသိန်ဟာ မိလိန္ဒမင်းကြီးကို မိမိရှင်းပြဟောကြားခဲ့တဲ့ တရားတွေကို ပြန်နှလုံးသွင်းဆင်ခြင်ရင်း ကိုယ်တိုင် ရဟန္တာ ဖြစ်ခဲ့တယ်ဆိုတဲ့အတိုင်း မိမိ အာဂုံဆောင်တဲ့ ပိဋကတ်သုံးပုံကို နှလုံးသွင်းဆင်ခြင်ဖို့ သတိပေးတိုက်တွန်းစာ မင်းကွန်းကနေ ရန်ကုန်ကို ပါးလိုက်ပါတယ်။
    ရဟန်းပြုတယ်ဆိုတာလဲ မြန်မာပြည်မှာသာ ဓမ္မရွှေအိုး ရှိတဲ့တိုင်းပြည်မို့ လွယ်နေပေမယ့် ဗုဒ္ဓဘာသာကို ကြည်ညိုသက်ဝင်ပြီး စည်းစိမ်ဥစ္စာတွေစွန့်၊ သာသနာ့ဘောင် ၀င်လာကြတဲ့ အနောက်တိုင်းသားတွေဆိုရင် ပေးဆပ်စွန့်လွှတ်ခဲ့ရတာာ အတော်များပါတယ်။ အီတာလျံလူမျိုး ဓာတုဗေဒ ပညာရှင်တယောက်ဟာ ဓမ္မပဒကို ဖတ်မိရာက ဗုဒ္ဓရဲ့ တပည့်သား ဖြစ်လာခဲ့ပါတယ်။
    သာသနာ့ဘောင်ဝင်မယ်ဆိုတော့ မိဘက ခွင့်မပြုပါ။ အနောက်တိုင်းမှာ ၁၈ နှစ်ပြည့်ရင် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ ရတယ်ဆိုပေမယ့် ရဟန်းပြုဖို့ဆိုတာ မိဘခွင့်ပြုချက် ရှိရမယ်လို့ မြတ်စွာဘုရားက ပညတ်ထားပါတယ်။ ဒီဓာတုဗေဒပညာရှင် ဘာလုပ်ခဲ့သလဲ။ အာရှတိုက်ကို လာပြီး သိမ်ဝင်ပြီး ရဟန်းခံပါတယ်။ ရဟန်းလောင်းကို စစ်ဆေးရတဲ့ သိမ်ဝင်သံဃာများက အသက် ၂၀ ပြည့်ရဲ့လား၊ လူသားစင်စစ် ဖြစ်ရဲ့လား၊ ကြွေးမြီကင်းရှင်းရဲ့လား စတဲ့ မေးခွန်းတွေကို ပြည့်ပါတယ်။ မှန်ပါတယ် စသည်ဖြင့် ဖြေကြားပါတယ်။
    “မိဘခွင့်ပြုရဲ့လား”
    ဂေါတမ မြတ်စွာဘုရားသခင်ကို မိဘအရာထား နှလုံးသွင်းပြီး ရဟန်းလောင်းဟာ “ခွင့်ပြုပါတယ်”လို့ ရဲရဲကြီး ဖြေကြားလိုက်ပါတယ်။
    ဒီအကြောင်းကို ပြန်ပြောင်း မိန့်ကြားရာမှာ ဦးလောကနာထက “ဘုန်းကြီးက မြတ်စွာဘုရား ခွင့်ပြုချက်နဲ့ ရဟန်းပြုခဲ့တာ”လို့ ပြန်အမိန့်ရှိတတ်ပါတယ်။ ရဟန်းဖြစ်ပြီး ဇာတိ အီတလီကို တခေါက်ပြန်ကြွတော့ ဗုဒ္ဓဘာသာ ရဟန်းပြုခြင်းကို မလိုလားတဲ့ မိသားစုက အပြန်စရိတ် မထောက်ပါ။ ဆရာတော်ဟာ အီတလီပြည်ကနေ တောတွေတောင်တွေ ဖြတ်ပြီး အာရှတိုက်ကို ခြေလျင် ခရီးနှင်ပြီး ပြန်ကြွခဲ့ရပါတယ်။
    ဒီလို သံဃာမြတ်တွေ ရဟန်းဘ၀ ခဲရာခက်ဆစ် ယူခဲ့ရပုံကို ဆင်ခြင်ပြီး ဦးကျော်ဟိန်းဟာ ရခဲလှတဲ့ ရဟန်းဘ၀ကို ယူမယ်ဆိုရင် တလေးတစား ကျင့်ကြံအားထုတ်သင့်ပါတယ်။
    ဒီနေရာမှာ စိတ်ပူမိတာက “လောဘမရှိဘူး”လို့ လူ့ဘ၀မှာကတည်းက ပြောနေတဲ့ ကိစ္စပါ။ လောဘ မရှိတော့ရင် ဦးကျော်ဟိန်းဟာ အနာဂါမ်တောင် မကတော့ပါ၊ ရဟန္တာစင်စစ် ဧကန်ဖြစ်သွားပါပြီ။ လောဘ မရှိတော့ရင် ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာတွေလဲ အားလုံး ချုပ်ငြိမ်းသွားပါပြီ။ ဦးကျော်ဟိန်းဟာ လောဘမရှိဘူးလို့ ရဲရဲကြီး ပြောနေတာသာ တကယ်မှန်ရင် သံဃာတော်တွေ အပါအ၀င် ရဟန်းရှင်လူ အားလုံးက ဦးကျော်ဟိန်းကို ကိုးကွယ်ရပါတော့မယ်။ သာသနာတွင်း ကာလမှာ မြတ်စွာဘုရားမှလွဲရင် လောကမှာ ဒုတိယ အမြတ်ဆုံးသော ဘုရားငယ် ဖြစ်တဲ့ ရဟန္တာကြီး ဖြစ်နေတာ မှန်ရင်ပေါ့။
    ဒါဆိုရင် ရဟန္တာကြီး ဦးကျော်ဟိန်းဟာ ရဟန်းချက်ချင်းမပြုဘဲ လူ့ဘ၀ကို တွယ်တာမက်မောနေမှာလဲ မဟုတ်ပါ။ လောဘ ကင်းတဲ့ ရဟန္တာဟာ ဘာမှ မတပ်မက်တော့ပါ။ ဦးကျော်ဟိန်းဟာ သူပြောသလိုဆိုရင် ရဟန္တာဖြစ်နေပါရက်နဲ့ ရဟန်းဘ၀လဲမပြောင်း၊ ရဟန်းဘ၀ မလာချင်ရင်လဲ လူဝတ်နဲ့ ပရိနိဗ္ဗာန် မစံသေးတာ ထူးခြားနေပါတယ်။
    အပ္ပမာဒမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမြသန်းစံဟာ ဒီတာဝန်တွေ အားလုံးကို စွန့်ပြီး နယ်မှာ သွားတရားအားထုတ်မယ်လို့ သိရပါတယ်။ ရဟန်းမပြုဘူးလားလို့ စာနယ်ဇင်းတစောင်က မေးတော့ ရဟန်းကိုးကြိမ် ခံဖူးကြောင်း၊ အပြီး ရဟန်းဝတ်မယ်ဆို ရဟန်းဝိနည်းနဲ့အညီ (ဦးက) မနေနိုင်ကြောင်း၊ ၀ိနည်းနဲ့အညီ မနေနိုင်ရင် ငယ်ကတည်းက ၀တ်လာတဲ့ ရဟန်းတွေကို အားနာစရာ ကောင်းကြောင်း ရိုးသားစွာ ဖြေကြားခဲ့ပါတယ်။
    ဦးမြသန်းစံဟာ တရားဓမ္မကို အားထုတ်လာတဲ့သက်တမ်း ကောင်းကောင်း ရှိထားသူပါ။ ရေးတဲ့ ဓမ္မစာပေတွေကို ဖတ်ရင်လဲ တရားအထုံ အတော်ရှိနေပြီဆိုတာ မှန်းနိုင်ပါတယ်။ တချိန်က ပေါ်လစီသီချင်းရေးဆရာ စစ်ဗိုလ်ဘ၀နဲ့ လူထုမုန်းစရာ ဖြစ်ခဲ့ဖူးပေမယ့် ဒီစက်ဆုပ်စရာ ဘ၀ကိုလဲ သူ စွန့်လွှတ်ခဲ့ပါပြီ။ တရားသမားဘ၀မှာလဲ ဓမ္မကို ခုတုံးလုပ်ပြီး အစိုးရကို မျက်နှာလိုအားရ လုပ်တဲ့စာတွေ မရေးခဲ့ပါ။ ခု အယ်ဒီတာချုပ်တာဝန်၊ ဦးစီးနေတဲ့ စာနယ်ဇင်းနှစ်စောင် ဒါတွေကို မိသားစုနဲ့ မိတ်ဆွေများနဲ့ လွှဲပြီး အေးချမ်းရာ နေရာတခုခုမှာ အချိန်တခုထိ တရားသွားအားထုတ်မယ်ဆိုတာ မိတ်ဆွေတွေကို အသိပေးတဲ့ အခါမှာလဲ အေးအေးချမ်းချမ်းပါပဲ။ ဒါ ဘာမားကက်တင်းမှ မလုပ်ရမယ့် အလုပ်ဆိုတာ တရားရှင်ပီပီ နားလည်ခဲ့ပါတယ်။ မဂ္ဂဇင်း အရောင်းတက်အောင် အယ်ဒီတာချုပ်ကြီး ရာထူးကိုစွန့်၍ ဘယ်နေ့ဘယ်ရက် တရားအားထုတ်တော့မည်၊ လက်ရှိဘ၀ကို စွန့်ရန် ဘယ်နှစ်ရက်သာ လိုတော့သည်လို့ ထပ်တလဲလဲ ကြော်ငြာမနေပါ။
    မင်းသားကြီး ဇေယျဟာ ရိုးရိုးကြီးဇေယျဆိုတဲ့ နာမည်နဲ့ လိုက်အောင် အင်မတန် ရိုးပါတယ်။ သျှမ်းသျှမ်းတောက် အောင်မြင်နေပေမယ့် ရုပ်ရှင်ရိုက်ရင် ဇာတ်ဝင်ခန်းမှာ ၀တ်ရမယ့် အ၀တ်အစားတွေကို လက်တဖက်က အိတ်နဲ့ဆွဲပြီး ရိုက်ကွင်းကို ရိုးရိုးကြီး လာသူပါ။ နယ်မှာ ဖျော်ဖြေပွဲတခုအတွက် သရုပ်ဆောင်တွေ သွားကြတော့ မင်းသမီးငယ်လေးတယောက်ကို သူ့ခင်ပွန်းနဲ့ တခါက ရည်းစားဖြစ်ဖူးတယ်လို့ သ၀န်တိုသူ နယ်ခံအရာရှိကတော်တဦးက ဒီမင်းသမီးလေး ဒီမြို့လာ မဖျော်ဖြေရလို့ အနုပညာသည်အဖွဲ့ လိုက်ပါလာတဲ့သင်္ဘော ကမ်းအကပ်မှာ တားမြစ်ပါတယ်။
    မင်းသားကြီး ဇေယျက ရှင်းပါတယ်။ ငါနဲ့ မဆိုင်ဘူး၊ ဒီကောင်မလေးကလဲ ဘာနာမည်မှ မရှိသေးတဲ့ မင်းသမီး အငယ်လေးပဲဆိုပြီး အရေးမစိုက်ဘဲ မနေခဲ့ပါဘူး။ အတူလိုက်လာတာ ဒီကလေးမလေး တယောက်တည်း ပြန်သွားရလို့ ကောင်းမလား၊ ဒါဆို တဖွဲ့လုံး ပြန်ရမယ်ဆိုပြီး ပြောတော့ ကျန်တဲ့ အဖွဲ့သားတွေလဲ မင်းသားကြီးစကားကို တညီတည်း လက်ခံပြီး သင်္ဘော ရန်ကုန်ကို ပြန်လှည့်စေခဲ့ပါသတဲ့။ လူ့ဘ၀မှာကတည်းက ဒီလောက် ရိုးဖြောင့်တဲ့ မင်းသားကြီးဟာ ရဟန်းပြုတော့လဲ ရိုးသားစွာပဲ သာသနာ့ဘောင်ဝင်ပြီး သီလဂုဏ်နဲ့ ပြည့်စုံတဲ့ သံဃာတော်တပါးအဖြစ် ရိုးသားစွာ ကျင့်ကြံအားထုတ် သီတင်းသုံးသွားခဲ့ပါတယ်။
    ဦးကျော်ဟိန်း ကြိုးစားအားထုတ်မှုကြောင့် လူ့ဘ၀မှာ အောင်မြင်မှုတွေ ရခဲ့တာ သာဓုခေါ်ပါတယ်။ ရဟန်းဘ၀ လာမယ်ဆိုရင်တော့ မြတ်စွာဘုရား အလိုတော်နဲ့ ဆန့်ကျင်တဲ့ စကားတွေကို သင်္ကန်းဝတ်ပြီး လက်အုပ်ချီခံဘ၀နဲ့ ပြောလိုက်မယ်ဆိုတဲ့ မိစ္ဆာသင်္ကပ္ပ (မှားယွင်းသော စိတ်အကြံ)ကို အရင်ဆုံး ပယ်ဖျောက်ပေးစေချင်ပါတယ်။
    ရိုးသားမှန်ကန်စွာ အောင်မြင်မှုများ ရပါစေ။
    x x x x
    Labels:
    posted by Anonymous @ 09:30   0 comments
    ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း
    Friday 1 August 2008
    ရဲရင့်မြင့်မောင်
    ထိုင်းနိုင်ငံသို့ရောက်အောင် လူမှောင်ခိုကုန်ကူးသည့် လုပ်ငန်းအများအပြားတွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန်နိုင်ငံရောက်အောင် လူကုန်ကူးသည့် လုပ်ငန်းမှာ ၂၀၀၆ ခုနှစ်ကစ၍ ခေတ်စားလာသည်။
    အမေရိကန်နိုင်ငံ သွားရောက်အလုပ်လုပ်လိုသူ မြန်မာများအဖို့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာရရန် သာမန်အားဖြင့် ခဲယဉ်းသည်။ ထို့ကြောင့် အမေရိကန်သွားလိုသူ ပြည်တွင်း ပြည်ပ မြန်မာအချို့ကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ လူကုန်ကူးပြီး ပို့သည့်နည်းလမ်း အသုံးချပြီး အမေရိ ကန် ၀င်ခွင့်ရဖို့ ကြိုးစားသည့်နည်းများ သုံးလာကြသည်။
    ဥပမာ-ရန်ကုန်မြို့ရှိ နိုင်ငံရေးနှင့် မပတ်သက်သူတဦးက အမေရိကန်နိုင်ငံ သွားလိုလျှင် ပွဲစားအမျိုး မျိုးမှတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ ဒုက္ခသည်အတုလုပ်ပြီး တတိယနိုင်ငံ တခုခုရောက်အောင် လူကုန်ကူးကြခြင်းဖြစ်သည်။
    ပွဲစားမှာလည်း အမျိုးမျိုးရှိပြီး ရန်ကုန်မှ နယ်စပ်ရောက်အောင် ပို့ပေးသည့်အဆင့် ပွဲစားများတွင်ပင် အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နှင့် ရောက်နေပြီး နောက်ပိုင်း အမေရိကန်နိုင်ငံသားဖြစ်လာသူ မြန်မာအချို့ပင် ပါဝင်သည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ အဆိုပါ အမေရိကန်နိုင်ငံသား မြန်မာ ပွဲစားများကို ရန်ကုန်ကို အလည်အပတ် ပြန်စဉ်ကာလအတွင်း အမေရိကန် သွားလိုသူများကို အခကြေးငွေယူပြီး နယ်စပ်ပွဲစားများကတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ လူမှောင်ခိုကုန်ကူးခြင်းဖြစ်သည်။
    ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များ အမေရိကန်အပါအ၀င် တတိယ နိုင်ငံများသို့ ထွက်ခွာသည့်လမ်းကြောင်းမှာ ယခုအခါ ငွေကြေးတတ်နိုင်သူများ၏ စားကျက်ခွင်တခု အဖြစ် ပြောင်းလဲသွားပြီဟု နို့ဖိုးဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်အောင်က ပြောသည်။
    ၎င်းက “ငွေကြေးတတ်နိုင်သူတွေကတော့ စိတ်ကြိုက် လုပ်ချင်တာရတဲ့ ခွင်ဖြစ်သွားတာ (၂) နှစ် ကျော်သွားပြီ။ ကျနော်တို့စခန်းမှာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ မြန်မာတယောက် ရန်ကုန်မှာ ကျန်နေတဲ့ သူ့မိသားစုကိုခေါ်ပြီး ဘတ်ငွေ (၃) သိန်းလောက် အကုန်ခံပြီး ဒုက္ခသည် စခန်းက လူကြီးတွေ ရပ်ကွက်မှူးတွေနဲ့ ညှိလိုက်တာ အခု မိသားစုလိုက်ကို အမေရိကန်ရောက် ကုန်ပြီ။ ဒါက စခန်းအချို့မှာဖြစ်နေတာ၊ အထူးသဖြင့် မဲဆောက်နဲ့နီးတဲ့ စခန်းတွေမှာဖြစ်တယ်” ဟုပြောသည်။
    ရန်ကုန်အပါအ၀င် ဒေသအသီးသီးက မြန်မာများမှာ ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန် ရောက်ရှိရေးအတွက် ထောင်မြင်ရာစွန့်ကာ မဲဆောက်နှင့် ဒုက္ခသည်စခန်းများရှိ အသိအကျွမ်း ဆွေမျိုးများ၊ ကြားပွဲစားများနှင့် ဆက်သွယ်ကာ ငွေထုပ်ပိုက်လာသူများ အဆင်ပြေသူများ ရှိသကဲ့သို့ အဆင်မပြေဘဲ အလိမ်ခံရကာ ဖွတ်မရ ဓားမဆုံး ဘ၀ပျက်၍ မဲဆောက်တွင် သောင်တင် နေသူများလည်း အများအပြားရှိသည်။
    ဒုက္ခသည်ပွဲစားများသည် ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ ကဲ့သို့မြို့ကြီးတို့မှ လူများကိုဆက်သွယ်ပြီး တဦးချင်းအလိုက် ဘတ်ငွေ (၅) သောင်း (မြန်မာကျပ်ငွေ ၁၇ သိန်းခန့်)၊ မိသားစုအလိုက် ဘတ်ငွေ (၁) သိန်း (မြန်မာငွေ ၃၅ သိန်းခန့်) အထိ ပွဲခယူကာ လူမှောင်ခိုကူးလျက်ရှိသည်။ မဲဆောက်တွင် နေထိုင်ပြီး ထိုင်း ဧည့်နိုင်ငံသားလက်မှတ် ရရှိထားသည့် မြန်မာမိသားစု (၅) ဦးဆိုလျှင် ဘတ်ငွေ (၂) သိန်းခွဲဖြင့် စခန်းဝင်ရန် မလိုဘဲ အမေရိကန်သို့ ရောက်ရှိသွားပြီဖြစ်သည်။
    ငွေအလုံးအရင်းနှင့် ပေးနိုင်သူများ ဒုက္ခသည်စခန်းအတွင်း လာရောက်နေထိုင်ရန်မလိုဘဲ ကုလ သမဂ္ဂမှ လူတွေ့စစ်ဆေးမည့်နေ့ရက်၊ ဆေးစစ်မည့်နေ့၊ လေယာဉ်စီးသင်တန်းနှင့် အခြားဗဟုသုတ ဆိုင်ရာ သင်တန်းတက်ရမည့်နေ့များကို စခန်းအတွင်းရှိ ပွဲစားက ဖုန်းဖြင့်ဆက်သွယ်လာပါက မဲဆောက်မှ ကားငှား၍ သွားရုံသာဖြစ်သည်။
    အချို့နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဆိုလျှင် ၎င်းတို့ကိုယ်တိုင် နိုင်ငံခြားမထွက်ကြသော် လည်း ပြည်တွင်းရှိ ၎င်းတို့ဆွေမျိုးသားချင်းများ၊ အသိအကျွမ်းများအား နိုင်ငံကူးလက်မှတ်များ ပြုလုပ်ကာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်သို့ လာစေသည်။ ထိုမှတဆင့် နယ်စပ်ဒုက္ခသည် စခန်းများသို့ သွားကာ တတိယနိုင်ငံတခုခု ရောက်ရှိရေးအတွက် ကြိုးစားကြသူ အများအပြားရှိသကဲ့သို့ ဒေါနတောင်တန်းကို ကျော်ပြီး နယ်စပ်မြ၀တီမြို့မှတဆင့် လာရောက်သူများလည်းရှိသည်။
    အမေရိကန်ရောက်ရှိသွားသူ အမျိုးသမီးတဦးက “ရန်ကုန်ကနေ လေယာဉ်နဲ့ထွက်တယ်။ ဒေါ်လာ (၂) ထောင်ယူလာတယ်။ ဘန်ကောက်မှာ လာကြိုတဲ့ အသိတွေနဲ့ မဲဆောက်သွားပြီး ပွဲစားနဲ့ တွေ့တယ်။ စခန်းထဲ ၀င်ရဖို့ စောင့်ရတာ (၂) လကျော်ကြာတယ်။ စာအုပ်က ဘန်ကောက်အ၀င် တလနေထိုင်ခွင့်ရတယ်။ ရက်ပြည့်တာနဲ့ မဲဆောက်မှာရှိတဲ့ ထိုင်းလ၀ကရုံးမှာ တလဘတ်ငွေ (၂,၈၀၀) နှုန်းနဲ့ (၂) လ ထပ်ရတယ်။ အဲဒါပြီးရင် စာအုပ်သေပြီ။ ကန့်ထဲကိုဝင်ဖို့ စာအုပ်မသေခင် ပြီးအောင်စီစဉ်ရတယ်။ စခန်းထဲမှာနေဖို့ အိမ်ဝယ်တဲ့ကိစ္စ လူဟောင်းစာရင်းထဲ လူစားထိုးတဲ့ ကိစ္စတွေကို ပွဲစားကပဲ အားလုံးစီစဉ်ပေးတယ်။ ဘတ်ငွေ (၁) သိန်းလောက်ကုန်တယ်။ လိုတဲ့ငွေကို အိမ်က အောက်လမ်းကနေ မဲဆောက်ကို ပို့ပေးတယ်။ ငွေလွှဲတဲ့ဆိုင်က ဒုက္ခသည်စခန်းအထိ ငွေလာပို့ပေးတယ်" ဟု ပြောသည်။
    ဒုက္ခသည်စခန်း၌ အ၀င်အထွက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်းမှ အမည်မဖော်လိုသူတဦးက “ဒီကိစ္စ ပြောရရင်တော့ စခန်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ယူအန်ကလူတွေ ပါဝင်ပတ်သက်မှုတွေရှိတယ်။ ၂၀၀၅ ခုနှစ်က စခန်းတိုင်းမှာ ဒုက္ခသည်တွေကို မှတ်ပုံတင်လုပ်ပေးတယ်။ ဓာတ်ပုံရိုက်တယ်။ လက်ဆယ်ချောင်း စလုံး လက်ဗွေနှိပ်ရတယ်။ မှန်ပြားပေါ်မှာ လက်ဗွေနှိပ်ရပြီး ချက်ခြင်းပဲ ကွန်ပျူတာထဲသွင်းတယ်။ ဒါကို ထိုင်းပြည်ထဲရေးက ကိုင်တယ်။ ဒုက္ခသည်တွေ နိုင်ငံခြားထွက်ရဖို့ ဆုံးဖြတ်တာက UNHCR နဲ့ သက်ဆိုင်ရာ တိုင်းပြည်ရဲ့သံရုံးတွေဖြစ်တယ်။ နိုင်ငံခြားသွားဖို့ စီစဉ်တာက IOM ဖြစ်တယ်။ သူ့ အလုပ်က ဆေးစစ်မယ်။ ယဉ်ကျေးမှုသင်တန်း တက်ရမယ်။ ခရီးသွားသင်တန်း တက်ရမယ်။ နိုင်ငံခြားထွက်မယ့်လူဟာ စခန်းအုပ်ချုပ်ရေးမှူး (ပလာ) က လက်မှတ်မထိုးရင် စခန်းထဲကနေ လုံးဝထွက်ခွင့်မရှိဘူး။ အဲလိုစနစ်တကျ ရှိတဲ့ကြားမှာ နိုင်ငံခြားထွက်ရဖို့ လူသစ်တွေကို လူဟောင်း တွေနဲ့ အစားထိုးတဲ့ကိစ္စမှာ အောက်ခြေကနေစပြီး အထက်အထိ အားလုံးပါဝင်မှုမရှိရင် ဒီကိစ္စ ဘယ်ဖြစ်မှာလဲ” ဟု ပြောသည်။
    မဲဆောက်တွင် စီးပွားရေးလုပ်ငန်းတခု လုပ်ကိုင်နေသည့် မူတူးဆိုလျင် အမေရိကန်သွားခါနီးမှ လူတဦးက ဘတ်ငွေ (၅) သောင်းဖြင့် လူစားထိုးရန် လာညှိသဖြင့် အမေရိကန် မသွားတော့ဘဲ ၎င်းငွေဖြင့် ရင်းနှီးပြီး မဲဆောက်မှာပင် စီးပွားရေးလုပ်ကိုင်လျက်ရှိသည်။
    ၂၀၀၅ ခုနှစ် ဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်စဉ်က မဲဆောက်ဒေသအတွင်းမှ လူများ အုန်းဖျန်၊ နို့ဖိုး၊ မယ်လ စသည့်ဒုက္ခသည်စခန်းများသို့သွားကာ သက်ဆိုင်ရာ စခန်းကော်မတီဝင်များ ရပ်ကွက် မှူးများ ပွဲစားများဖြင့် ဆက်သွယ်ကာ မှတ်ပုံတင် ပြုလုပ်ကြသည်။ ရာနှင့်ချီရှိသည့် အဆိုပါလူများ သည် မဲဆောက်မြို့ရှိ မြန်မာစီးပွားရေး အလွှာအသီးသီးတွင် လုပ်ကိုင်နေကြသူ အများစုဖြစ်သည်။
    မဲဆောက်ကျောက်ဝိုင်းမှ ကျောက်အရောင်းအ၀ယ် လုပ်ကိုင်ကြသည့် မြန်မာများ အနည်းဆုံး (၁၀၀) ခန့် (၁) နှစ်ကျော်ကာလအတွင်း အမေရိကန် ရောက်ရှိသွားပြီဟု သားသမီးများ အမေရိကန် ထွက် သွားသူ မြန်မာကျောက်ကုန်သည်တဦးက ပြောသည်။
    ၎င်းအဆိုအရ လူတဦး အနည်းဆုံး ဘတ်ငွေ (၅) သောင်းမှ (၁) သိန်းထိ ပေါက်ဈေးရှိကြောင်း ယခု အချိန်ထိ သွားလာလုပ်ရှားသူများ မပြတ်ရှိကြောင်း၊ ပွဲစားများ မဲဆောက်တွင် အမြဲရှိကြောင်း ပြောသည်။
    ခါတော်မီများ ငါးပွက်ရာ ငါးစာချနေချိန်တွင် နို့ဖိုးဒုက္ခသည်စခန်းရှိ မြန်မာ့နိုင်ငံရေးဒုက္ခသည် NI နံပါတ် (၁၆၇) ခု၊ လူဦးရေ (၅၀၀) ခန့်သည် သံရုံးအင်တာဗျူးနှင့် ဆေးစစ်အပြီးတွင် ၎င်းတို့အား အကန့်အသတ်မရှိ ဆိုင်းငံ့ထားကြောင်း သံရုံးမှ အကြောင်းပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဒုက္ခ သည်တဦးက ဒုက္ခသည်မဟုတ်သည့် အကြံအဖန်များကိုတောင် လက်ခံလျှင် ဒုက္ခသည် အမှန် အကန်များအတွက် လက်ခံစဉ်းစားသင့်သည်ဟုပြောပြီး ၎င်းကိစ္စအတွက် အမေရိကန်အစိုးရထံသို့ စုပေါင်းလက်မှတ်ရေးထိုးကာ တောင်းဆိုမှု ပြုလုပ်မည်ဟု ပြောသည်။
    ဒုက္ခသည်စခန်းများမှ အမေရိကန်နှင့် တတိယနိုင်ငံတခုခု ထွက်လိုသူများကြောင့် မဲဆောက်ရှိ ပွဲစားများမှာ ဘတ်ငွေ သိန်းချီကာ မြိုးမြိုးမြက်မြက် ပွဲခရသော်လည်း စခန်းလူကြီးများ အပါအ၀င် ဒုက္ခသည်စခန်းရှိ အဓိက စီစဉ်ပေးသူများမှာ သောင်းဂဏန်းခန့်သာ ရရှိကြသည်ဟု ပွဲစားများနှင့် ရင်းနှီးသူများက ပြောသည်။
    အမေရိကန်နှင့် အခြားနိုင်ငံများသို့ ရောက်ရှိပြီး ၎င်းနိုင်ငံသားများ ဖြစ်သွားကြသော မြန်မာလူမျိုး အချို့ မဲဆောက်သို့ ပြန်လာကာ ဆွေမျိုးသားချင်းများနှင့် တတိယနိုင်ငံတခုခု သွားလိုသူများ အတွက် ကူညီမှုများရှိပြီး အချို့မှာ ပွဲစားကဲ့သို့ အခကြေးငွေများယူကာ မက်လုံးပေး စည်းရုံးမှုများ ကြောင့် မြန်မာအချို့ ခရီးပေါက်သူများရှိသလို အချို့အလိမ်ခံရရုံမက အမျိုးသမီးအချို့ ဘ၀ပျက် ခဲ့ကြရသည်။
    ဒုက္ခသည်စခန်းများတွင်လည်း စခန်းတာဝန်ရှိသူများကိုယ်တိုင် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ် ကြသဖြင့် စခန်းအတွင်း ဒုက္ခသည်အတုနှင့် အစစ်များကြားတွင် မကျေနပ်မှုများ ရှိကြသော်လည်း မပြောရဲကြောင်း၊ ၎င်းအတုများကို စခန်းတာဝန်ရှိသူများက အရေးကြီးပုဂ္ဂိုလ်များကဲ့သို့ ထား ကြောင်း၊ သာမန်လူများအနေဖြင့် ကြည့်လျှင် ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုများမှ ထွက်ပြေးတိမ်း ရှောင်လာသူများဟု ထင်ရလောက်အောင် ဟန်ဆောင်ကောင်းကြကြောင်း ဒုက္ခသည်တဦးက ပြောသည်။
    လူမှောင်ခိုနည်းဖြင့် ရောက်လာသည့် ဒုက္ခသည်အတုတို့သည် အချိန်မှန် ဘီဘီစီ၊ ဗွီအိုအေ နား ထောင်ခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ဝေသော စာအုပ်စာတမ်းများကိုင်ဆောင်ခြင်း၊ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်းများ အလွတ်ကျက်ခြင်း၊ ၈၈ နောက်ပိုင်း အရေးကြီး မြန်မာ့နိုင်ငံရေး ဖြစ်ရပ်များနှင့် နေ့စွဲများကို အလွတ်ကျက်ခြင်းများ ပြုလုပ်ပြီး ဟန်ဆောင်ကြသည်ဟု သိရသည်။
    ၎င်းဖြစ်ရပ်များနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းအချို့မှ တာဝန်ရှိသူများနှင့် အန်ဂျီအိုများအား မီဒီ ယာများက မေးမြန်းကြရာ ကောလာဟလသတင်းများသာဖြစ်သည်ဆိုပြီး အဖြစ်မှန်ကို ဖုံးကွယ်၍ တုံ့ပြန်ဖြေကြားလေ့ရှိသည်။
    သို့သော် ဒုက္ခသည်အစစ်များအား နှစ်ချီ၍ ရိက္ခာမပေးသောကြောင့် မယ်လစခန်းမှဒုက္ခသည် (၂၀) ခန့် မဲဆောက်ရှိ UNHCR ရုံးတွင် ယခင်လက လာရောက်ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများ၏ အဆိုအရ မယ်လဒုက္ခသည်စခန်းတွင် ယူအန်အသိမှတ်ပြု လက်မှတ်ရပြီး ရိက္ခာမရရှိသူ (၁၀၀) ကျော်ရှိသည်ဟု စုံစမ်းသိရသည်။
    မဲဆောက်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်တဦးကမူ ဒုက္ခသည်စခန်းမှတဆင့် သွားသော်လည်း ထိုင်းမှာ အသစ်ပြဋ္ဌာန်းသည့် “လူကုန်ကူးမှုကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းဥပဒေ ဘီအီး ၂၅၅၁” အရ လူကုန်ကူးမှု မြောက်သည်ဟုပြောပြီး ယခုဖြစ်ရပ်တွင် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်မှာလည်း လူကုန်ကူးမှုကျူးလွန်ရန် အားပေးကူညီခြင်း ပုဒ်မ-၇ အရ အကျုံးဝင်သည်ဟု ပြောသည်။
    ယခုဖြစ်ရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်းတကျ ဖြေရှင်းမှု မပြုဘဲထားမည် ဆိုပါက ဒုက္ခသည်စခန်းအချို့သည် မသမာသူများ ကြီးစိုးရာဒေသနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ သည့် ပတ်ဝန်းကျင်ဖြစ်လာပြီး မလိုလားအပ်သော ပြဿနာများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်သည်ဟု ဒုက္ခသည်စခန်းမှ ဘာသာရေးခေါင်းဆောင်တဦးက ပြောသည်။ ။
    (ဤသတင်းဆောင်းပါးတွင် ပါဝင်သည့် ပုဂ္ဂိုလ်တို့၏ အမည်ရင်းကို လွှဲပြောင်းထားသည်)
    Labels:
    posted by Anonymous @ 12:52   0 comments
    Aung San
    Name: အာလူးလေး
    Home:
    About Me:
    See my complete profile
    Previous Post
    Archives
    Links
    Blog Links
    Burma Cyclone
    Powered by
    BLOGGER
    Go To Top
    ဒီမိုကရေစီအရေးတော်ပုံမုချအောင်ရမည်
    hit counter
    © 1988 NLD(LA)JB Article Blogspot Template by NLD Generations